အုန်း ငှက်ပျောနှင့် ကန်တော့ပွဲ
အုန်း ငှက်ပျောနှင့် ကန်တော့ပွဲ
မြန်မာတို့၏ရိုးရာဓလေ့များအစဉ်အလာအရ ဘုရားပွဲ, ကျောင်းပွဲ,အလှူမင်္ဂလာပွဲ,နတ်ပွဲ,ဇာတ်ပွဲ စသည့်ပွဲတကာပွဲတိုင်းမှာ ကန်တော့ပွဲပါကြရသည်! ထိုကန်တော့ပွဲတွင်လည်းမဖြစ်မနေဆိုသလို အုန်းသီးနှင့်ငှက်ပျောဖီးတိုပါကြရသည်!
အုန်းသီးကိုလည်းကြွက်မြီးခေါ်သောအညှာတံပါရသေးသည်, ငှက်ပျောသီးမှာလည်း သူနေရာနှင့်သူ ဘယ်ပွဲဆို ဘာငှက်ပျော ဘယ်လိုပွဲဆိုဘယ်နှစ်ဖီးစသည်ဖြင့် အမျိုးမျိုးသတ်မှတ်သုံးစွဲကြသည်!
ထိုသို့သောအုန်ငှက်ပျောပွဲတင်လာခဲ့သည့်အစဉ်အလာမှာရှေးမြန်မာမင်းများလက်ထက်ကပင်ရှိခဲ့သော်လည်း အဘယ်ကြောင့် အုန်းနှင့်ငှက်ပျောမပါမဖြစ်ပါကြရသည်ကိုမူစာပေကျမ်းဂန်အထောက်အထားရာဇဝင်အထောက်အထားမတွေ့ရပေ !
လွန်ခဲ့သည့်ဆယ်နှစ်ခန့်က မိမိကို ပဌာန်းပွဲတစ်ခုက အဖွင့်ပွဲလေးဆောင်ရွက်ပေးပါလာပင့်တာကြောင့်လိုက်သွားခဲ့သည်, ထိုပဌာန်းပွဲတွင် အုန်းငှက်ပျောပွဲတင်လှူထားသည်ကပင် ပွဲပေါင်းအစိတ်သုံးဆယ်မျှရှိမည်! ထိုပွဲများကိုကြည့်ပြီး ကရင်အဖိုးကြီးတဦးက ဘဝင်မကျဟန်နဲ့ မိမိကိုမေးသည်, " အရှင်ဘုရား အုန်းငှက်ပျောတွေကိုပဲ ပွဲပြင်လို့ရလား အခြား လှူဖွယ်တွေကောပွဲတင်လို့မရဘူးလား ဘာဖြစ်လို့ အုန်းသီးနဲ့ငှက်ပျောဖီးကိုမှတင်ရတာပါလဲ"? ဟုမေးပါတော့သည်။
ယခုဒကာကြီးမေးသလိုပင် မိမိ သာမဏေဘဝ ဆယ်နှစ်သားအရွယ်က ရဟန်းလူထွက်ဒကာကြီးတယောက်ကိုပင် မိမိကမေးခဲ့ဘူးသည်, သူကအခုလိုကန်တော့ပွဲဖြစ်ပေါ်လာပုံကို ဇာတ်ကြောင်းလေးနဲ့ ပုံပြင်ဆန်ဆန်ရှင်းပြသည်,
တစ်ခါတုန်းကတိုင်းပြည်တပြည်က အိမ်ရှေ့စံမင်းသားတယောက် အဖော်များနှင့်တောကစားထွက်ကြရာသားကောင်လိုက်ရင်းမင်းသားမှာမျက်စိလည်လမ်းမှားပြီးရက်ပေါင်များစွာတောထဲ၌ အစာပြတ်ရေပြတ် အတိဒုက္ခရောက်နေပြီး စိတ်ပင်ပမ်းကိုယ်ပင်ပမ်းကြီစွာနဲ့တစ်နေရာမှာအိပ်ပျော်သွားတယ်,
၊ အဲဒီအချိန်မှာငှက်တစ်ကောင်က " အရှင်မင်းသား အသက်ဘေးကိုဘာမှမစိုးရိမ်ပါနဲ့ အခုသင်ခေါင်းအုန်းပြီးအိပ်နေတဲ့အသီးထဲက အရည်ကိုသောက်ပြီး အတွင်းသားကိုစားပါ, ယခုကျွန်ပ်နားနေသည့်အပင်မှအသီးမှည့်ကိုစားပါ" ဟုပြောပြီးပျံတက်သွားသည်၊ မင်းသားသည်သူအိပ်ပျော်နေစဉ်အိပ်မက်လိုလိုငှက်ကပြောသည့်ကိုဆင်ခြင်ပြီး ခေါင်းအုန်းထားသည့်အသီးကိုခွဲအရေကိုသောက် ငှက်ပြောသည့်အသီးကိုစားပြီးအားပြည့်လာသောအခါခရီးဆက်ခဲ့ရာ မုတ်ဆိုးတစ်ယောက်အကူအညီဖြင့်တိုင်းပြည်ကိုပြန်လည်ရောက်ရှိခဲ့သည်, တိုင်းပြည်ပြန်ရောက်သောအခါမကြာမီမင်းအဖြစ်ကိုရ၍ သူ့အသက်ကိုကယ်တင်ခဲ့သော ခေါင်းအုန်းခဲ့သည့်အသီးနှင့် ငှက်ပြောသည့်အသီးတို့ကို အစဉ်အလာပွဲတိုင်းကန်တော့ပွဲအဖြစ်ပြုလုပ်ရမည်လို့သတ်မှတ်ခဲ့တာလို့ ကြားဘူးခဲ့တာပဲဒကာကြီး ဟုတ်မဟုတ်တော့ ကျမ်းဂန်မှာမတွေ့ရလို့ဘုန်းကြီးအတတ်မပြောနိုင်ပါဘူး, ကန်တော့ပွဲကတော့ အခြားလှူဖွယ်တွေလဲလှူနေကြတာပါပဲဟုဆိုသော် ကရင်ဒကာကြီးသဘောကျသွားခဲ့သည်,။
(ခေါင်းအုန်းသည့်အသီးမို့ အုန်းသီး, ငှက်ပျောသည့်အသီးမို့ ငှက်ပျောသီး ၊သို့! ဖီးကြမ်း)
များသောအားဖြင့် မြန်မာနိုင်ငံနေရာနှင့်အဝှမ်းဒေသတိုင်းမှာ ငှက်ပျောနှင့်အုန်းတို့သည်အလွယ်တကူရနိုင်သလိုစျေးကလဲ အများဝယ်ယူသုံးစွဲနိုင် ပွဲကလဲခန့်ထည်တာကြောင့်အစဉ်အလာမပျက်သုံးစွဲလာကြပေသည်, ဗဟုသုတ တစ်အနေဖြင့်မျှဝေခြင်းပါ,
crd
No comments