အောင်မြင်မှုဆိုတာ ( ပုံပြင် )
အောင်မြင်မှုဆိုတာ ( ပုံပြင် )
မြို့သေးလေး
တစ်မြို့က တင်မောင်နဲ့ ခင်မောင်တို့ဟာ ကလေးဘ၀ထဲက သူငယ်တန်းကနေ ၁၀ တန်းအထိ
ကျောင်းအတူ တက်ခဲ့ကြတယ်။ အတန်းတူသလို အရမ်းလည်း ခင်မင်ကြတဲ့
သူငယ်ချင်းနှစ်ယောက် ဖြစ်ကြတယ်။
နှစ်ယောက်စလုံး ၁၀ တန်းကို အတူ
အောင်ခဲ့ကြတယ်။ တင်မောင်ကတော့ မိဘတွေက ချမ်းသာသူတွေမို့
တက္ကသိုလ်သွားတက်တယ်။ ခင်မောင်ရဲ့ မိဘတွေကတော့ လယ်သမားတွေမို့ ခင်မောင်ကို
တက္ကသိုလ် မပို့နိုင်ရှာကြဘူး။ ခင်မောင်ကလည်း တစ်ဦးတည်းသားမို့
တခြားအလုပ်မရှာတော့ဘဲ မိဘတွေရဲ့ လယ်တွေမှာ ကူညီလုပ်ပေးနေလိုက်တယ်။
အနှစ်
၄၀ ကြာသွားပါပြီ။ တစ်ရက်မှာ ခင်မောင်ဟာ ပစ္စည်း၀ယ်စရာ ရှိလို့
ရန်ကုန်မြို့ကို တက်လာတယ်။ ပန်းဆိုတန်းလမ်းမှာ ကားကောင်းကြီးတစ်စီးပေါ်က
ဆင်းလာတဲ့ တင်မောင်ကို တွေ့လိုက်လို့ သူက ပြေးသွားပြီး နှုတ်ဆက်လိုက်တယ်။
-
ဟေ့ တင်မောင်၊ မတွေ့တာ ကြာပြီကွာ။ အသားတွေဖြူပြီး ဝလို့ပါလား။ တွေ့ရတာ
၀မျးသာတယျကှာ။ ဒါနဲ့ မင်း အခု ဘာလုပ်နေသလဲ။ မင်း ကြည့်ရတာ
အတော်ကြီးပွားနေပုံပဲ
- အေး ငါလား။ အခု ရန်ကုန်မြို့က အကြီးဆုံး
ဆောက်လုပ်ရေးကုမ္ပဏီကြီးရဲ့ ဥက္ကဌဖြစ်နေတယ်ကွ။ မင်း အတော်ပိန်တယ်နော်။
ဒါနဲ့ အခု ဘာလုပ်နေလဲ
- ငါ့မိဘတွေ ဆုံးသွားတော့ သူတို့ထားခဲ့တဲ့ လယ်တွေပဲ ဆက်လုပ်နေတယ်လေ။ လယ်သမားကြီးပေါ့ကွာ
သူတို့နှစ်ယောက်ဟာ
ဆက်သွယ်ဖို့ ဖုန်းနံပတ်တွေ ယူလိုက်ကြပြီး လမ်းခွဲလိုက်ကြတယ်။ တင်မောင်ဟာ
သူ့သူငယ်ချင်း ခင်မောင်တစ်ယောက် လယ်သမားဖြစ်နေလို့ စိတ်မကောင်းဖြစ်နေမိတယ်။
ခင်မောင်ကလည်း လယ်သမားဖြစ်နေတဲ့ ဘ၀ကို စဉ်းစားမိပြီး နောင်တရနေတယ်။ သူဟာ
တင်မောင်လို အောင်မြင်သူကြီးတစ်ယောက် ဖြစ်မလာလို့ ၀မျးနညျးနမေိ
တယ်။
တစ်ပတ်အကြာမှာ သူတို့နှစ်ယောက်ဟာ စားသောက်ဆိုင်တစ်ခုမှာ ထပ်မံဆုံတွေ့ကြပြန်တယ်။ ခင်မောင်က ခုလို စကားစပြောပါတယ်။
-
ဟေ့ တင်မောင်၊ ပြီးခဲ့တဲ့အပတ် ငါတို့ဆုံခဲ့တုန်းက မင်းကို မေးမလို့
မေ့သွားတယ်ကွ။ အဲဒါက မင်းရဲ့ သားသမီး ဘယ်နှစ်ယောက်ရနေပြီလဲ။ မင်းမိန်းမက
ရန်ကုန်ကလား။ ပြောပြစမ်းပါအုံး
တင်မောင်ဟာ ချက်ချင်းပြန်မဖြေဘဲ ပြောသင့်
မပြောသင့် စဉ်းစားနေတယ်။ နောက်မှ သူဟာ အားတင်းပြုံးပြရင်း ခုလိုပြောလိုက်ပါတယ်။
-
ခင်မောင်ရာ၊ မင်းက ငါ့အချစ်ဆုံး သူငယ်ချင်းမို့ ငါ အမှန်အတိုင်း
ပြောပြပါမယ်။ ငါဟာ အလုပ်ထဲမှာပဲ အချိန်ပြည့် အာရုံစိုက်နေလို့ မိန်းမတွေနဲ့
တစ်ယောက်ပြီးတစ်ယောက် ကွဲသွားတယ်။ ငါ မိန်းမသုံးယောက်နဲ့
ကွာရှင်းထားပြီးပြီ။ ငါ့ကလေးတွေလည်း သူတို့အမေတွေနဲ့အတူ နေကြလို့ ငါ
တွေ့ခွင့်မရဘူးကွာ။ အိမ်မှာ ငါတစ်ယောက်တည်း နေနေရတယ်။ ကဲ ငါ့အကြောင်း
ထားလိုက်ပါအုံး။ မင်းရဲ့မိသားစုအကြောင်းလည်း ပြောပြစမ်းပါအုံး
- ငါလား။ မင်းမှတ်မိသေးလား။ ငါတို့အမြဲတမ်း
စနောက်နေတဲ့
အတန်းထဲက အသားဖြူဖြူ ကောင်မလေး မိစိန်လေ။ သူနဲ့ငါ အိမ်ထောင်ကျတာ ၃၅ နှစ်
ရှိပြီကွ။ အခု ငါ ရွာကို ပြန်ရင် ငါ့မြေးတွေကို ရှင်ပြုပေးမလို့။ အခု ငါ
ရန်ကုန်တက်လာတာ ရှင်ပြုပွဲအတွက် ပစ္စည်းတွေ လာ၀ယ်တာပါ။ ရှင်ပြုပွဲမှာ
ငါ့သားသမီးတွေ မြေးတွေနဲ့ ပြန်ဆုံရမှာမို့ ပျော်စရာကြီးပဲ
သူတို့နှစ်ယောက်ဟာ စားသောက်ဆိုင်ကနေ လမ်းခွဲလိုက်ကြတယ်။ ခင်မောင်ဟာ သူ့သူငယ်ချင်းရဲ့ အိမ်ထောင်ရေးအခြေအနေကို စဉ်းစားရင်း စိတ်
မကောင်းဖြစ်နေတယ်။ တင်မောင်ကလည်း ခင်မောင်လို သာယာတဲ့ အိမ်ထောင်ရေးမျိုး မရနိုင်တာကို စဉ်းစားမိပြီး ဝမ်းနည်းနေတယ်။
ငါတို့ဟာ
အောင်မြင်မှုဆိုတာကို ရာထူး ငွေကြေးဥစ္စာဓနနဲ့ တိုင်းတာတတ်ကြတယ်။ အဲဒါတွေ
ပြည့်စုံနေပေမယ့် စိတ်ချမ်းသာမှု ပျော်ရွှင်မှု မရဘူးဆိုရင် အဲဒါကို
အောင်မြင်မှုလို့ ခေါ်နိုင်ပါ့မလား။
မင်းတို့ကို ငါ ဒီနေ့ မေးခွန်းနှစ်ခု မေးချင်တယ်ကွာ။ မင်းတို့ရင်ထဲမှာ ခံစားရတဲ့အတိုင်း ကြိုးစားဖြေကြည့်ပေါ့။
သူဌေးကြီး ဦးတင်မောင်နဲ့ လယ်သမားကြီး ဦးခင်မောင်တို့ နှစ်ယောက်မှာ ဘယ်သူက
ပိုပြီး အောင်မြင်မှု ရသလဲ။မင်းဟာ သူတို့နှစ်ယောက်ထဲက ဘယ်သူနဲ့ တူသလဲ။
ဗန်းမော်သိန်းဖေ
Credit:
No comments