New Artical

အရူးကြားထဲမှာ အရူးမဖြစ်​​စေဖို့

 

 

 


 အရူးကြားထဲမှာ အရူးမဖြစ်​​စေဖို့ ( ပုံပြင် )

ရှေးပညာရှိများက အများမိုးခါး​ရေ​သောက်​တိုင်း ကိုယ်​ပါလိုက်​မ​သောက်​နဲ့လို့... ဆိုဆုံးမခဲ့ကြတာဖူးတယ်...

ရှေးအခါတုန်က တိုင်​းပြည်​တစ်​ပြည်​မှာ မိုး​ခေါင်​​ရေရှားဖြစ်​ကာ ​ရေအလွန်​ရှားပါး​သော အချိန်​ဖြစ်​​လေ၏။ ထိုအခါ ပညာရှိသုခမိန်​အမတ်​ကြီးမှ.... မှန်​လှပါ အရှင်​မင်းကြီးဘုရား.... တိုင်းပြည်​မှာ မိုး​ခေါင်​​ရေရှားဖြစ်​​နေပါသည်​။

သို့ပါ​သော်​လည်​း မနက်​ဖြန်​​နေမွန်​းတည်​့ချိန်​မှစ၍ မိုးကြီး​လေကြီးရွာသွန်​းပါလိမ်​့မယ်​ဘုရား...."

"အင်​း ကြားရတာဝမ်​းသာအားရ ရှိ​တော်​မူ လိုက်​တာကွယ်​...." "ဒါ​ပေမယ်​့လည်​း...ထိုမိုး​ရေဟာ အချိန်​အခါ မဟုတ်​ရွာသွန်​း​သော မိုး​ရေဖြစ်​ပါသဖြင့် သောက်​သုံး​သောသူကို အဆိပ်​သင့်နိုင်​​ကြောင့်ပါဘုရား....
"​ဟေ...! ဒါဆိုဘယ်​လိုလုပ်​ကြမတုန်​း အမတ်​ကြီးရဲ့"

"မှန်​လှပါ ထိုမိုး​ရေအား တိုင်းသူပြည်​သားတို့ မ​သောက်​သုံး​စေရန်​ အမိန့်ထုတ်​ပြန်​သင့်ကြောင်းပါဘုရား....."

"​ကောင်းပြီ အခုချိန်​မှစ၍ ငါကိုယ်​​တော်​မြတ်​ အမိန့်တော်​မှတ်​မယ်​။ မနက်​ဖြန်​ရွာမည့် မိုး​ရေအား အဆိပ်​သင့်နိုင်​သည့် အတွက်​ မည်​သူ တစ်​ဦးတစ်​​ယောက်​မျှ မ​သောက်​သုံး​စေရန်​ တစ်​တိုင်​းပြည်​လုံးအား ​ကြေငြာ​မောင်း ခတ်​​စေ...."

"မှန်​လှပါ အမိန်​့​တော်​မြတ်​အတိုင်းပါဘုရား.."

အမတ်​ကြီးဦး​ဆောင်​၍ တစ်​တိုင်း ပြည်​လုံးအား ​ကြေငြာ​မောင်​းခတ်​​လေ​တော့သည်​။ သို့​သော်​လည်​း တကယ်​တမ်​းမိုးရွာသွန်​း​သော်​အခါ၌မူ........ "ဟာ...မိုးရွာပြီဟ...လာကြလာကြ.... ​သောက်​ဖို့၊သုံးဖို့အတွက်​​ ရေခံထားမှဖြစ်​မယ်​ ဆိုပြီး တစ်​တိုင်းပြည်​လုံး ထိုမိုး​ရေအား ​သောက်​သုံးမိ​သောအခါ အဆိပ်​သင်​့၍ အကုန်​ရူးကုန်​​တော့သည်​။

ထိုမိုးခါး​ရေအား မ​သောက်​တာဆိုလို့ ဘုရင်​နှင်​့ အမတ်​ကြီးသာဖြစ်​​လေသည်​။

"အမတ်​ကြီး..ဘယ်​လိုဖြစ်​ကုန်​ကြတာလဲ..."
"မှန်​လှပါ မိုးခါး​ရေအား​သောက်​သုံးမိ၍ တစ်​တိုင်းပြည်​လုံး ရူးကုန်​ကြတာပါဘုရား.."

အရူး​တွေကြားမှာ ဘုရင်​နှင်​့အမတ်​ကြီးအား တစ်​တိုင်းပြည်​လုံးက အရူး-အရူး ဟုသာ ​ခေါ်ကုန်​ကြ​လေ​တော့သည်​။

"ကဲ အမတ်​ကြီးဘယ်​လိုလုပ်​ကြမလဲ...
အခုအကုန်​ရူးပြီး တို့နှစ်​​ယောက်​သာ ကျန်​​တော့တယ်​၊ အရူး​တွေက တို့ကိုပြန်​ပြီး အရူးလို့​ခေါ်ကုန်​ကြပြီ။ ဒီအတိုင်း​နေလို့​တော့ မဖြစ်​​တော့ဘူး။ အရူး​တွေကြားမှာ တို့နှစ်​​ယောက်​ထဲ ​ကောင်​း​နေလို့လဲ ဘာမှထူးလာမှာ မဟုတ်​ဘူး၊ ဒီ​တော့တို့လည်​း အများနည်​းတူ မိုးခါး​ရေ​သောက်​ပြီး ရူးလိုက်​ကြရ​အောင်​ ဒါမှ တို့အတူ​နေလို့အဆင်​​ပြေမှာ..."

ထိုအခါအမတ်​ကြီးမှ...
"မှန်​လှပါ၊ စဉ်​းစား​တော်​မူပါဦးဘုရား.. ကျွန်​​တော်​မျိုးတို့ဟာ ဒီအရူး​တွေနဲ့အခုချိန်​မှာ အဆင်​မ​ပြေတာကို သည်​းခံသင်​့ပါတယ်​ဘုရား၊ အခုလက်​ရှိရူးသွပ်​​နေကြသူ​တွေကို ပြန်​​ကောင်​းလာ​အောင်​ ကျွန်​​တော်​မျိုးတို့ မတတ်​စွမ်​း​ပေမယ်​့ ​နောက်​ထပ်​​မွေးဖွား လာမယ်​့မျိုးဆက်​သစ်​​လေး​တွေကို သူတို့လို မရူးသွပ်​ရ​လေ​အောင်​ ထိန်​းသိမ်​းလို့ရပါတယ်​ဘုရား၊ မျိုးဆက်​သစ်​​တွေ များလာပြီး အရူး​တွေတစ်​ဖြည်​းဖြည်​းကုန်​လာရင်​ အရူးမျိုးဆက်​လည်​းရှိလာမှာ မဟုတ်​​တော့ပါဘူးဘုရား... ဒီလိုမှ မဟုတ်​ပဲ အရှင်​မင်​းကြီး​ပြောသလို ကျွန်​​တော်​မျိုးတို့ပါ မိုးခါး​ရေ​သောက်​လိုက်​မယ်​ဆိုရင်​ အကုန်​ရူးပြီး အရူးမျိုးဆက်​သာ ကျန်​ရစ်​​နေ​တော့မှာပါဘုရား...."

"အင်း မှန်​​ပေသားပဲ အမတ်​ကြီး....
ယ​နေ့မှစ၍ လက်​ရှိရူး​နေကြသူများအား ရှိ​စေ​တော့....​နောက်​မျိုးဆက်​သစ်​​လေး​တွေ အရူးမျိုးမဖြစ်​ရ​လေ​အောင်​ ထိန်းသိမ်းကြပါစို့ အမတ်​ကြီး​ရေ......"

ဒီပုံပြင်​ကို ကြားဖူးကြမှာပါ၊ဒါ​ကြောင့်လဲ မ​ကောင်းတဲ့သူ​တွေကြားမှာ ငါတစ်​​ယောက်​တည်း ကောင်း​နေလို့ ဘာထူးမှာလဲ ဆိုပြီး မ​တွေးလိုက်​ပါနဲ့.....

လက်​ရှိမိုက်​​နေတဲ့သူ​တွေကို သင်​ပြု ပြင်​ဖို့ မလွယ်​ကူ​ပေမယ်​့ ​နောင်​လာမယ်​့မျိုးဆက်​သစ်​လူငယ်​​ တွေအတွက်​ လူ​ကောင်​းသူ​ကောင်​း​လေး​တွေဖြစ်​​ အောင်​ သင်​လမ်​းပြနိုင်​ပါလိမ်​့မယ်​။

ဒါ​ကြောင့်လည်း ရှေးပညာရှိများက အများမိုးခါး​ရေ​သောက်​တိုင်း ကိုယ်​ပါလိုက်​မ​သောက်​နဲ့လို့... ဆိုဆုံးမ ခဲ့ကြတာ​ပေါ့....

ကဲစာဖတ်မိသူ မိတ်ဆွေတို့လည်း သူများယောင်တိုင်းလိုက်တဲ့သူယောင်တတ်သူမျိုးများလား လို့ကိုယ့်ဟာကိုယ် စဉ်စားပြီးဖြေကြည့်မယ်နော် ... ။

No comments