New Artical

ဖျောက်မရတဲ့ဗီဇ


 ဖျောက်မရတဲ့ဗီဇ သင်ခန်းစာပေး(ပုံပြင်)


ဗီဇဆိုတာ.. ဖျောက်ရခက်တယ် (သင့်အတွက် သတိထားဆင်ခြင်စရာ ) 

တစ်ခါတုန်းက ကင်းမြီးကောက် တကောင်ဟာ သူနေတဲ့ ကျွန်းကလေးတခုကနေ မြစ်တဖက်ကမ်းမှာရှိတဲ့ နောက်ကျွန်းတခုကိုသွားချင်တယ်။ ဒါပေမဲ့ ကင်မီးကောက်ဟာ ရေမကူးတတ်လို့ မြစ်ကိုဖြတ်ဖို့ရာ အခက်အခဲဖြစ်နေတယ်။

မြစ်ကမ်းဘေးမှာ လျှေက်သွားရင်း ဒီမြစ်ကို ဘယ်လိုကူးရပါ့လို့ အကြံထုတ်နေတုန်း ရုတ်တရက် မြစ်ရေစပ်မှာစိမ်နေတဲ့ ဖားတစ်ကောင်ကိုတွေ့လိုက်လို့သွားစကားပြောတယ်။

"ကိုရွှေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီး ဟိုဖက်ကမ်းကိုပို့ပေးပါလား။ ကျေးဇူးမမေ့ပါဘူးဗျာ"

"ဟာဘယ်ဖြစ်မလဲ မင်းကိုကျောပိုးသွားရင်းနဲ့ ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့ အစွယ်နဲ့ထိုးလိုက်ရင် ငါရေနစ်သေသွား မှာပေါ့ "

ကင်းမြီးကောက်၊... 

"ကိုရွှေဖါးရယ် ခင်ဗျားကိုကျနော် အစွယ်နဲ့ထိုးပါ့မလားဗျာ။ ကျနော့်ကို ဟိုဖက်ကမ်းပို့ပေးတဲ့ ကျေးဇူးရှင်ကို လုပ်ရက်ပါ့မလားဗျာ နောက်ပြီး ခင်ဗျားကို အစွယ်နဲ့ထိုးလိုက်လို့ ခင်ဗျားရေနစ်ရင် ကျနော်လည်း ရေနစ်သေမှာပဲလေ။ကျနော်ရေမကူးတတ်ဖူးဆိုတာ ခင်ဗျားသိပါတယ်ဗျာ"ဖားလည်းစဉ်းစားတယ်။

ကင်းမြီးကောက်ပြောတာလဲ ဟုတ်သားပဲ။ သူ့ကိုယ်သူ ရေနစ်အသေခံပြီး ငါ့ကိုအစွယ်နဲ့ထိုးစရာ အကြောင်း မရှိဘူးလေ။ အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့ သဘောတူလိုက်တယ်။

ဒါနဲ့ ဖားဟာ ကင်းမြီးကောက်ကို ကျောပေါ်တင်လို့ ရေစီးသန်တဲ့မြစ်မှာ သူ့ကိုယ်ကိုရေအပေါ် ပေါ်အောင် ကြိုးစားပြီး မြစ်ကိုဖြတ်ကူးပါတော့တယ်။

မြစ်လယ်ရောက်တော့ ဖားဟာ သူ့ကျောမှာစူးခနဲ တချက်ခံစားလိုက်ရတယ်။ နောက်ကို အသာလှည့်ကြည့် လိုက်တော့ ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့နောက်ကျောကနေဆွဲနူတ်လိုက်တာတွေ့ရတယ်။

ဖားလည်း နာကျင်ဝေဒနာခံစားရင်းပြောလိုက်တယ်။

"ဟာ..မင်း.ဘယ်လိုလုပ်လိုက်တာလဲ။ မင်းပဲ စောစောကပြောတယ်လေ။ ငါ့ကိုအစွယ်နဲ့မထိုးဘူးလို့။ အခုငါ့မှာအဆိပ်တက်နေပြီ။ ငါရေနစ်ပြီးသေရင် မင်းလည်းရေနစ်သေမှာ မကြောက်ဖူးလား "

ကင်းမြီကောက်ကဘာပြန်ပြောသလဲဆိုတော့

"ခင်ဗျားသေရင် ကျနော်လည်း ရေနစ်သေမှာသိပါတယ်။ ဒါပေမဲ့ တခြားသတ္တဝါတစ်ကေါင်ကိုတွေ့ရင် အစွယ်နဲ့ ထိုးတတ်တဲ့ ကျနော့်ရဲ့ဗီဇကိုဖျောက်မရလို့ပါဗျာ"

နောက်ဆုံးတော့ ဖားရော ကင်းမြီးကောက်ရော ၂ကောင်စလုံးဟာ မြစ်ရေထဲ နစ်မြုပ်သေဆုံးသွား ကြပါတော့တယ်။

ဒီပုံပြင်လေးဟာ နိုင်ငံခြားမှာ အလွန်နာမည်ကြီးတဲ့ပုံပြင်လေးပါ။

ကလေးပုံပြင်မဟုတ်ပါဘူး။ လူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့ လူကြီးတွေကို အသိပညာပေးတဲ့ပုံပြင်ပါ။

သနားလို့ကူညီပေမဲ့လည်း အဲဒီလိုဗီဇမဖျောက်နိုင်တဲ့လူနဲ့တွေ့ရင် ကူညီသူပါ ဒုက္ခရာက်တတ်တယ် ဆိုတဲ့ သတိပေး သင်ခန်းစာလေးပါ။

ဗန်းမော် သိန်းဖေ

No comments