New Artical

ရှားပါး သာသနာပြုအလှူ ဓာတ်မှတ်တမ်းကြီး


 ရှားပါး သာသနာပြုအလှူ ဓာတ်မှတ်တမ်းကြီး

၁၈၇၀ - ခုနှစ် အခါသမ သာသနာ့ဒါယိကာ ဘုရင်မင်းတုန်းမင်းသည် အောက်မြန်မာပြည်ရှိ အင်္ဂလိပ်အစိုးရ မလိုလား၍ တားဆီးနေသည့်ကြားမှ ရွှေတိဂုံ စေတီတော်အား ထီးတော်သစ်တင် ပြုပြင်လိုက်ခြင်း။

May be an image of vehicle

ထိုအချိန်ကာလ ရွှေတိဂုံစေတီ ထီးတော်တင်ရေး အများပြည်သူတို့ မတတ်နိုင်၍ ရန်ကုန်မြို့နေ တော ရဆရာတော်ကြီး ဦးပြားနှင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ညှိနှိုင်းတိုင်ပင်ပြီး၊ ပုဆိုးတန်း (ယခု ပန်းဆိုးတန်း) ရပ်နေ ကျောင်းဒကာ မောင်ထွန်းအောင်အား ကိုယ်စားလှယ်အဖြစ် ရန်ကုန်မြို့လူထု သဝဏ်လွှာ ထည့်ထားသော ရွှေသေတ္တာနှင့်အတူ ရတနာပုံနေပြည်တော်သို့ စေလွှတ် လိုက်ရပါကြောင်း။

May be an image of one or more people

အထက်မြန်မာပြည်ဘုရင် မင်းတုန်းမင်းလည်း အရပ်တော် သံတောင် ( ၁၈၆ ) တောင်၊ တစ်မိုက် လက်လေးသစ်ရှိသော နဝရတ် (၉)ပါး စီသည့် ရွှေထီးအတွက် လှူရန် ချက်ခြင်းဆုံးဖြတ်ခဲ့တယ်။

May be an image of one or more people

မင်းတုန်းမင်းမှ စိန်တွေနဲ့ ပြုလုပ်ထားသော ဒေါင်းရုပ်ကို ငှက်မြတ်နားတော်မှာ ထပ်လောင်းတင်လှူခဲ့လို့ နောင်အခါ အင်္ဂလိပ်ခေတ် မဂ္ဂဇင်းတစ်ခုမှာ (စိန်ဒေါင်းတင်ပွဲ)ဟု သခင်ကိုယ်တော်မှိုင်းမှ ဖော်ပြခဲ့သေး။ ထီးတော်တင်အဖွဲ့ကို ဦးဆောင်သူက ပုပ္ပါးဝန် - ဦးမှုန်။ မင်းတုန်းမင်းလှူတဲ့ ထီးတော်ကို မြန်မာပိုင် စင်္ကြာယာဉ်မွန် သင်္ဘောနဲ့ ပင့်ခဲ့တယ်။ အင်္ဂလိပ်အစိုးရရဲ့ အဆိုအရ - မြန်မာအဖွဲ့တွင် ဦးရေများများ မပါဝင်ရ၊ သာသနာရေးမှ အပ နိုင်ငံရေး မလုပ်ရ၊ မြန်မာသင်္ဘောကို နယ်စပ်မှ ကျော်၍ မသွားရ၊ အင်္ဂလိပ်ပိုင်နက်တွင် သီးခြား သယ်ယူရမည် စသော တားဆီးချက်များနဲ့ ကြုံတွေ့ခဲ့ရတယ်။ 

May be an image of one or more people and monument

မည်သို့ပင်ဖြစ်စေ အောက်မြန်မာပြည်ရှိ ဗုဒ္ဓဘာသာဝင် လူထုကြီး၏ အားကြိုးမာန်တက် ဆောင်ရွက် ချက်များ ကြောင့် မြန်မာဘုရင်၏ အလှူတော်မှာ စည်ကား သိုက်မြိုက်စွာနဲ့ ဂုဏ်တင် အောင်မြင်ခဲ့တယ်။ အင်္ဂလိပ်အစိုးရ ပူပန်သောက ဖြစ်မည်ဆိုလည်း ဖြစ်စရာပဲ။ 

May be an image of temple

အောက်ပြည်ရှိ မြန်မာဗုဒ္ဓဘာသာဝင်လူထုကြီးသည် ရွှေတိဂုံစေတီ ထီးတော်ဆက်ကပ် ခြင်းနှင့်အတူ ' ဒါမှ တို့ဘုရင်၊ ဒါမှ တို့သခင်၊ ဒါမှ တို့သာသနာပြုမင်း' ဟု အင်္ဂလိပ်တို့ အံ့သြတုန်လှုပ် ခြောက်ခြားသည်အထိ သောင်းသောင်ဖျဖျ ချီးကျူး ထောပနာပြု ဟစ်ကြွေးခဲ့ကြတယ် … ။ 

ဤတွင် ဖော်ပြပါ ရှားပါး ရှေးဓာတ်မှတ်တမ်းပုံမှ ကြီးမြတ်သော သာသနာ့အလှူသမိုင်း ပြီးလေ၏ ... ။
 

Credit : James (ရှေးဟောင်းမော်ကွန်း မှတ်တမ်းအဖွဲ့)

No comments