New Artical

မနက်စာမစားဖြစ်ရင် ဘယ်လိုဆိုးကျိုးတွေ ရလာနိုင်သလဲ


 မနက်စာဆိုတာ တစ်နေ့တာရဲ့အရေးကြီးဆုံးအစာအနေနဲ့ ရည်ညွှန်းထားကြပါတယ်။ ဒါပေမဲ့ တချို့လူတွေက မနက်စာမစားဖြစ်ကြတာများပါတယ်။ အိပ်ရာနောက်ကျလို့ နေ့ခင်းစာနဲ့ပေါင်းစားဖြစ်ကြပါတယ်။ တချို့ကတော့ အလုပ်များနေလို့ မနက်စာမစားဖြစ်ကြတာပါ။ မနက်စာမစားရင်တော့ ဆိုးကျိုးတွေ ရလာနိုင်ပါတယ်။ အဲဒီဆိုးကျိုးတွေကတော့

နေ့တိုင်း မနက်စာအလွတ်ခံရင် ကိုယ်အလေးချိန်ကျလာနိုင်တယ်ဆိုတာ တကယ်တော့ မမှန်ပါဘူး။ မနက်ခင်းကို အဆာခံတာက အဝလွန်တာနဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့လာချက်တချို့က ဆိုထားပါတယ်။ မနက်စာအလွှတ်ခံတာက နောက်ပိုင်းမှာ သင့်ကို ဆာလောင်မွတ်သိပ်မှုဖြစ်စေပြီး အရမ်းစားလွန်းတာကြောင့် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ တစ်နေ့တာလုံး အစားအများကြီးမစားရင်တောင် ခန္ဓာကိုယ်စက်ဝန်း အနှောင့်အယှက်ဖြစ်တာကြောင့် မနက်စာမစားတာက ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။


စိတ်မကြည်ဖြစ်လာမယ်

မနက်စာမစားဖြစ်တာက အရွယ်ရောက်ပြီးသားလူတွေကြားမှာ စိတ်မတည်ငြိမ်ဖြစ်တာနဲ့ ဆက်စပ်မှုရှိပါတယ်။ မနက်ခင်းမှာ အစားမစားတဲ့သူတွေက မကြာခဏ စိတ်ဓာတ်ကျတတ်ပါတယ်။ တစ်ပတ်ကို မနက်စာ (၄) ကြိမ်လောက် မစားဖြစ်ရင် အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်လာနိုင်ချေများပါတယ်။


နေ့လည် ၁၂ နာရီနဲ့ ၄ နာရီကြား ပင်ပန်းသလိုခံစားရမယ်

မနက်စာမစားရင် ခန္ဓာကိုယ်မှာ သိုလှောင်ထားတဲ့ Gloycogen တွေ နည်းလာပြီး အလုပ်လုပ်ဖို့အတွက် အင်အားပိုထုတ်ဖို့ လိုအပ်ပါတယ်။ မနက်စာ မစားတဲ့အတွက် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အားအင်တွေ ထုတ်နိုင်မှာမဟုတ်ပါဘူး။ မနက်ခင်းမှာ သင်က ကောင်းနေပေမဲ့ နေ့လည်ခင်းရောက်ရင် ပင်ပန်းသလို ခံစားလာရပါလိမ့်မယ်။ တစ်ခုခုကို အာရုံစိုက်နိုင်စွမ်းအားနည်းလာပြီး ပင်ပန်းနွမ်းလျသလို ခံစားရမှာဖြစ်ပါတယ်။


အက်ဆစ်ဓာတ်များလာမယ်

မနက်စာစားဖို့က လူတစ်ယောက်အတွက် ပိုပြီးအရေးကြီးတယ်လို့ ဆိုကြပါတယ်။ မနက်စာအလွတ်ခံမယ်ဆိုရင် သင့်ခန္ဓာကိုယ်ရဲ့အက်ဆစ်ဓာတ်ပမာဏက တိုးလာပြီး ရင်ပူရင်ဆာဖြစ်တာ၊ အစာမကြေတာတွေ ခံစားရလာနိုင်ပါတယ်။


မူးဝေခေါင်းကိုက်တာတွေဖြစ်လာမယ်

မနက်စာမစားဖြစ်ရင် ခေါင်းကိုက်ခြင်းကို ခံစားရလာနိုင်ပါတယ်။ မနက်စာစားတာမမှန်တာနဲ့ မနက်စာအလွတ်ခံတာက သင့်ခန္ဓာကိုယ်မှာ ဆိုးကျိုးတွေဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။ အစာမစားဖြစ်လို့ ခေါင်းကိုက်တာက မကြာခဏပြင်းထန်ပြီး မအီမသာဖြစ်တာ၊ မူးဝေတာတွေလည်းဖြစ်လာနိုင်ပါတယ်။


ရာသီလာချိန်မမှန်တာဖြစ်လာမယ်

မနက်စာမစားဖြစ်ရင် အမျိုးသမီးတွေမှာ ရာသီလာချိန်မမှန်တာနဲ့ ဆက်စပ်နိုင်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ရာသီလာချိန် ကိုက်ခဲနာကျင်တာတွေလည်း တိုးလာနိုင်ပါတယ်။ အဲဒီလိုပြဿနာတွေ မဖြစ်လာစေဖို့အတွက် မနက်ခင်းမှာ အစာ ကောင်းကောင်းစားပေးတာ အကောင်းဆုံးပါပဲ။

Ref: What Happens to Your Body If You Skip Breakfast Every Day
WL (ရိုးရာလေး)

No comments