New Artical

ဒီရာသီမှာ သောက်သင့်တဲ့ စတော်ဘယ်ရီ ဒိန်ချဉ်

 


ကိုယ်ကြိုက်တဲ့ အရသာထိ ရအောင် နို့ဆီ သကြားထပ်ထည့်ပါ။ ဒါဆိုရင်တော့ အရသာရှိပြီး ချဉ်ဆိမ့်ဆိမ့်လေး သောက်ရမယ့် စတော်ဘယ်ရီ ဒိန်ချဉ်ရပါပြီ။

ချစ်တို့ရေ ခုက စတော်ဘယ်ရီရာသီရောက်ပြီဆိုတော့ ရာသီစာလေး ဖျော်သောက်ဖို့ လိုပြီလေနော်။ စတော်ဘယ်ရီကို သုပ်စားတာမျိုးလည်း ရှိပေမယ့် ဒီတခါတော့ ဖျော်ရည်ကိုမှ ဒိန်ချဉ်လေး ထည့်ပြီး ဖျော်တာမျိုး ဖျော်သောက်ကြည့်ရအောင်။ လုပ်တာကလည်း မခက်တာမလို့ ချစ်တို့ အဆင်ပြေမှာပါ။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီ- အချိုသီး(၁၀) သား
  • ဒိန်ချဉ်- လက်ဖက်စားဇွန်း(၁) ဇွန်း
  • နို့ဆီ- လက်ဖက်စားဇွန်း (၁) ဇွန်း
  • သကြား- အနည်းငယ်

စတော်ဘယ်ရီ ဒိန်ချဉ်ဖျော်နည်း

  1.  စတော်ဘယ်ရီရော ဒိန်ချဉ်ရောက အချဉ်ဓါတ်ပါတာမလို့ အရသာ အရမ်းမချဉ်အောင် စတော်ဘယ်ရီကို တအားမချဉ်တဲ့ အချိုသီးတွေ ရွေးသုံးပေးပါ။
  2. ပြီးရင်တော့ စတော်ဘယ်ရီကို ရေသေချာဆေးကြော သန့်စင်ပြီး ဖျော်ရည်စက်ထဲ ထည့်ပါ။
  3. နို့ဆီ၊ သကြားနဲ့ ရေအနည်းငယ်လည်း ထည့်ပြီး မွှေပါ။
  4. စတော်ဘယ်ရီတွေ ကျေပြီဆိုမှ ဒိန်ချဉ် ထည့်ပါ။
  5. ဒိန်ချဉ်ထည့်ပြီး ရင် အရသာ မြည်းပါ။
  6. ကိုယ်ကြိုက်တဲ့ အရသာထိ ရအောင် နို့ဆီ သကြားထပ်ထည့်ပါ။
  7. ဒါဆိုရင်တော့ အရသာရှိပြီး ချဉ်ဆိမ့်ဆိမ့်လေး သောက်ရမယ့် စတော်ဘယ်ရီ ဒိန်ချဉ်ရပါပြီ။

Marry

No comments