New Artical

နွေနေပူပူမှာ ရင်အေးစေမယ့် သီးစုံရေခဲသုပ်


 ခုက နေအရမ်းပူနေတော့ ရင်ထဲမှာ အေးမြမြလေး ဖြစ်စေမယ့် အဆာပြေ မုန့်တစ်မျိုးလောက် လုပ်စားကြည့်ရအောင်။ နွေနေပူပူအတွက် အာဟာရ ပြည့်စုံပြီး ရင်ထဲ အေးစေမယ့် သီးစုံရေခဲသုပ်လုပ်စားရအောင်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီ
  • နာနတ်သီး
  • ကီဝီသီး
  • လိမ္မော်သီး
  • စပျစ်သီး
  • နို့ဆီ
  • ရေခဲ
  • ရေခဲမုန့် တစ်ခွက်
  • အသီးအနှံတွေက ကိုယ်ကြိုက်နှစ်သက်သလောက် ထည့်လို့ ရပါတယ်။

  1. အသီးအနှံတွေကို အတုံးခပ်သေးသေး တုံးထားပြီးရင် နိ့ဆီ၊ ဆားအနည်းငယ် ရေခဲတို့နဲ့ ရောနယ်ပါ။
  2. အချိုကြိုက်ရင် သကြားအနည်းငယ် ထည့်ပါ။
  3. အသီးအနှံတွေ နှံ့ပြီဆိုမှ ရေခဲမုန့် ထည့်စားပါ။
  4. ဒါဆိုရင်တော့ ပြီးပြည့်စုံပြီး ရင်အေးစေမယ့် သီးစုံရေခဲသုပ် တစ်ခွက် ရပြီပေါ့။

Marry

No comments