New Artical

VPN သုံးရတာ နှေးနေရင်.. Data စားနေရင်.. ဘယ်လိုဖြေရှင်းမလဲ?


 VPN သုံးရတာ နှေးနေရင်.. Data စားနေရင်.. ဘယ်လိုဖြေရှင်းမလဲ?

ကန့်သတ်ချက်တွေ ကျော်လွှားပြီး Facebook သုံးဖို့အတွက် VPN တွေ အသုံးများလာတာနဲ့ အမျှ လိုင်းကျတာတွေ၊ Data ပိုစားနေတာတွေ ကြုံလာရပါတယ်။

ဒါကလည်း Virtual Private Network (VPN) တွေရဲ့ အလုပ်လုပ်ပုံအရ နိုင်ငံခြားက တစ်ဆင့်ခံ Server တွေကို အားလုံးဝိုင်းပြီး အသုံးပြုနေရတာကြောင့် ဖြစ်ပါတယ်။

ဒီလိုအခက်အခဲလေးတွေကို လျှော့ချဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေလည်း ရှိပါတယ်။



မလိုအပ်တဲ့အချိန်မှာ VPN ကို ပိတ်ထားပါ။

Facebook လိုမျိုး ကန့်သတ်ပိတ်ပင်ခံထားရတဲ့ Website တွေ၊ Apps တွေကို အသုံးပြုမယ့် အချိန်မှသာ VPN ကို ဖွင့်ပြီး သုံးသင့်ပါတယ်။ အခြား Apps တွေကို သုံးနေတုန်း VPN ဖွင့်ထားမယ် ဆိုရင် မလိုအပ်ဘဲ လိုင်းပိုနှေးနေမှာ ဖြစ်ပြီး၊ Data လည်း ပိုကုန်နိုင်ပါတယ်။

အနီးစပ်ဆုံး VPN Server ကိုသာ ချိတ်ဆက်ပါ။

နှစ်သက်ရာ Server Location ကို ရွေးချယ်လို့ရတဲ့ တချို့ VPN Apps တွေမှာ ကိုယ့်တည်နေရာနဲ့ အနီးစပ်ဆုံး VPN Server ကိုသာ ချိတ်ဆက်ခြင်းက လိုင်းပိုမြန်စေပါတယ်။

ဥပမာ – မြန်မာနိုင်ငံအတွက်ဆိုရင် United States ကို ချိတ်ဆက်ခြင််းထက် Singapore ကို ချိတ်ဆက်ခြင်းက ပိုမြန်ပါတယ်။

ယုံကြည်စိတ်ချရတဲ့ VPN Apps တွေကိုသာ သုံးပါ။



အခမဲ့ VPN Apps တွေ များစွာ ရှိပေမယ့် Rating ကောင်းပြီး ယုံကြည်ရတဲ့ Apps တွေကိုသာ အသုံးပြုခြင်းက Security နဲ့ Performance အပြည့်အဝ ရရှိစေမှာပါ။

Free ထဲက ဆိုရင်တော့ 1.1.1.1 ဆိုတဲ့ App လေးကို Recommend ပေးပြီး၊ Paid ဆိုရင်တော့ NordVPN ကို Recommend လုပ်ချင်ပါတယ်။

ဒီနည်းလမ်းလေးတွေကို သုံးပြီး VPN ကို ပေါ့ပါးမြန်ဆန်စွာ အသုံးပြုနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်နော်

No comments