New Artical

ဗုဒ္ဓဂါယာမှာ စံတော်မူထားရှိမည့် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး

 


အိန္ဒိယလက်မှု ပညာရှင်များသည် နိုင်ငံ၏အကြီးမားဆုံး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ကိုကတ္တာတွင် တည်ဆောက်နေကြသည်။

ထိုရုပ်တုသည် ပေ ၁၀၀ ရှည်ပြီး အစပိုင်းတွင် ရွံအကြမ်းထည်မှ တစ်ဆင့် ဖိုက်ဘာဖန်လ်ပစ္စည်း အဖြစ် ပြောင်းလဲပစ်သွားမည်ဟု သိရသည်။

၎င်းကို အိန္ဒိယနိုင်ငံ ဘီဟာ ပြည်နယ် ဗုဒ္ဓဂယာရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် တည်ထားကိုးကွယ်မည် ဖြစ်ပြီး ဗုဒ္ဓဘာသာ အပြည်ပြည်ဆိုင်ရာ လူမှုဖူလုံရေးမစ်ရှင် အဖြစ် တည်ဆောက်နေခြင်း ဖြစ်သည်။

“ ၂၀၁၉ ခုနှစ် မတ်လမှာ ကျွန်တော်တို့ စတင်လုပ်ကိုင် ခဲ့ကြပြီးတဲ့နောက် Covid-19 ကူးစက်မှုကြောင့် လုပ်ငန်းကို ရပ်ဆိုင်းလိုက်ရပါတယ်။ လေးလလောက် အချိန် ပုတ်သွားတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြန်လည်စတင်ခဲ့ပြီး အခုနှစ် မေလ ၂၆ ရက် မတိုင်မီရုပ်တုက အဆင်သင့်ဖြစ်မယ်လို့ မျှော်လင်ထားပါတယ်”ဟု ပါလ်က ဆိုသည်။

ဖိုက်ဘာဖန်ထည်ပစ္စည်း တည်ဆောက်မှု တစ်ခုလုံးပြီးစီးရန် နောက်ထပ် သုံးလကြာမည်ဟုလည်း သူက ပြောကြားခဲ့သည်။

“အနည်းဆုံးလက်မှုပညာရှင် ၂၂ ယောက်က ဒီလုပ်ငန်းမှာ ပါဝင်နေတယ်။ ကျွန်တော်တို့က ကွန်ကရစ်အခြေစိုက်စခန်းကို တည်ဆောက်ခဲ့ပြီးဒီ အဆောက်အအုံမှာ သံနဲ့သံမဏိ အခြေခံအဆောက်အအုံတွေလည်း တည်ဆောက်ထားတယ်။ ရုပ်ထုကို ဗုဒ္ဓဂယာမှာ ရွေ့ပြောင်းပြီး အမြဲတမ်း စံတော်မူထားမှာပါ”

ကိုကတ္တာ၏ကျော်ကြားသော အိုးထိန်းသမားမြို့ ကူမာတူလီမှပါလ်သည် ၂၀၁၅ ခုနှစ်တွင် ကိုကတ္တာ တောင်ပိုင်း Deshapriyo Park Ground တွင် ပေ ၈၀ ရှည်သော ဖိုင်ဘာဖန်ထည် Durga idol ကို တည်ဆောက်ခဲ့ဖူးသည်။ ထိုစီမံကိန်းတွင် အနုပညာရှင် ၄၀ ကျော်ပါဝင်ခဲ့ပြီး ၂ လ ကျော်ကြာခဲ့သည်။

Durga idol တစ်ခုတည်းအ တွက် ရူပီး ၅၀ သိန်းကျော်ကို သုံးစွဲခဲ့သည်။ အဆိုပါ Durga idol သည်လည်း ကမ္ဘာ့အမြင့်ဆုံး ရုပ်တုအဖြစ် ဂုဏ်ယူနိုင်ခဲ့သည်။

အလားတူပင် ယခုအချိန်တွင်လည်း ဝတ်ပြုကိုးကွယ်သည့် ဗုဒ္ဓရုပ်တု၏ အစိတ်အပိုင်း တစ်ခုစီကို သီးခြားစီ ပြုလုပ်နေပြီး ဗုဒ္ဓဂါယာသို့ခေါ် သယ်ဆောင်သွားမည်ဟု ဗုဒ္ဓဘာသာအပြည်ပြည်ဆိုင်ရာ လူမှုဖူလုံ ရေးအဖွဲ့၏ တည်ထောင်သူ အတွင်းရေးမှူး အရိယပါလ ဘိက္ခုက ပြောကြားခဲ့သည်။

သူက ယခု ဗုဒ္ဓရုပ်ပွားတော်သည် တိုင်းပြည်တွင် အကြီးမားဆုံး ဖြစ်သည်ဟု ဆိုသည်။

Ref ;TT

No comments