New Artical

ကွန်ပျူတာလုပ်ငန်းရှင်အသင်းက MESSENGER နှင့်ဆင်တူယိုးမှားပေ့ခ်ျကို သတိပြုကြရန်ထုတ်ပြန်

 


ကွန်ပျူတာလုပ်ငန်းရှင်အသင်းက MESSENGER နှင့်ဆင်တူယိုးမှားပေ့ခ်ျကို သတိပြုကြရန်ထုတ်ပြန်

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှ ထုတ်လုပ်သည့် Messenger အက်ပလီကေးရှင်း၏ ကုန်အမှတ်တံဆိပ်လိုဂိုကို ဆင်တူယိုးမှားပြု လုပ်ထားသည့် ပေ့ချ်တစ်ခုမှ Update ပြု လုပ် ရန် ညွှန်းဆိုနေသည်ကို သတိထား ရန် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းက ကြေညာသည်။

Massinger ဟုအမည်ပေးထားသည့် (Messenger အမည်ကိုဆင်တူယိုးမှားပြုလုပ်ထားခြင်းဖြစ်သည်) ပေ့ချ်တစ်ခုသည် နောက်ဆုံး Update တစ်ခုကိုဖြန့်ချိလိုက် ကြောင်း၊ Download ပြုလုပ်ပါက ပရိုဖိုင်ကို မည်သူကြည့်ရှုနေသည်ကို သိရမည်ဖြစ်ကြောင်း ရေးသားကာ ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

နည်းပညာလုံခြုံရေးပညာရှင်တစ်ဦးက “အပေါ်ယံပြောရင် အကောင့်ခိုးနိုင်တယ်ဆိုပေမယ့် ကိုယ်ရေးအချက်အလက်ဆိုတာမျိုး ဘာမဆို အသုံးပြုနိုင်တဲ့အတွက် သတိထားတာအကောင်း ဆုံးပဲ”ဟုပြောသည် ။

ယင်းပေ့ချ်သည် ဖေဖော်ဝါရီလ ၂ ရက်နံနက်ပိုင်းတွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အင်တာနက်အသုံးပြုသူများအနေဖြင့် အက်ပလီကေးရှင်းများကို Download ပြုလုပ်မည်ဆိုပါက သေချာစိစစ်ကြရန် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းက တိုက် တွန်းထားသည်။

No comments