New Artical

မနက်အိပ်ရာထမှာ ကုဋေ တစ်သိန်းမျှကြီးမားသော ကုသိုလ် ယူနည်း

 


တစ်စက္ကန့်အတွင်း ကုဋေ တစ်သိန်းလောက်ကြီးမားတဲ့ ကုသိုလ်တွေရရှိသွား နိုင်မည့် နေနည်းများ

၁။ နိုးနိုးချင်း….မြတ်စွာဘုရားရှင် ဟောကြားဆုံးမသည့်အတိုင်းနိုးနိုးချင်း ထထချင်း အနေအထား မပြောင်းမရွေ့ပဲဝင်လေ ထွက်လေလေးကိုသတိကပ်မှတ် နေလိုက်ပါမယ်။

ဒါဆိုကြီးမားတဲ့ကုသိုလ်တွေက တစ်စက္ကန့်မှာကုဋေတစ်သိန်းနှုန်းဖြင့် ရရှိသွားပြီးလည်းဖြစ်ပါတယ်။

ခါတိုင်းလို သောကဖြင့် နိုးထခြင်းမဟုတ်တော့သည့်အတွက် မင်္ဂလာတရားဖြင့်စတင်သည့် နေ့လေးဖြစ်သွားပါတယ်။

၂။ လှုပ်လှုပ်ရွရွ ဟူသမျှ….အိမ်သာသွားရာ၊ သွားတိုက်ရာ၊ မျက်နှာသစ်ရာတစ်မိနစ်ပဲဖြစ်ပါရစေ၊ သတိကပ်၍ သိနေရန်ကြိုးစားနေလိုက်ကြပါမယ်။

၃။ သက်ရှိထင်ရှား မြတ်စွာဘုရားအား…

၃.၁. မပြုမီ ဝမ်းသာ….ရေတစ်ခွက်ပဲဖြစ်ဖြစ်၊ ပြည့်ပြည့်စုံစုံပဲဖြစ်ဖြစ်ဘုရားရှင်အားကပ်လှုရန် ပြင်ဆင်ရာမှာကုသိုလ်ပြုရတော့မယ်ဟု ဝမ်းသာပီတိတွေဖြစ်နေပါ့မယ်။

၃.၂. ပြုဆဲဝမ်းသာ….ဘုရားကပ်လှုရာမှာ သက်တော်ထင်ရှားရှိသည်ဟု မှန်းဆပြီး ကုသိုလ် ပြုရပြီဟုဝမ်းမြောက် ဝမ်းသာဖြစ်နေပါ့မယ်။ ဒါဆိုကုသိုလ်က အများကြီး ဖြစ်နေပါပြီ။

၃.၃. ပြုပြီး ဝမ်းသာ….ကုသိုလ်တို့ကို ပြုခဲ့ရလေပေပြီဟုပြန်လည်ဆင်ခြင်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလိုက်ပါ။

၃.၄. ဉာဏ်ထဲ့လိုက်ပါ….ကုသိုလ်ပြုလျှင် ကုသိုလ်ရချေမည်ဟုကံ၏အကျိုးကို ယုံကြည်သော ဉာဏ်လေးထည့်လိုက်ပါ။ အမြတ်ဆုံး တိဟိတ်ကုသိုလ်ရရှိသွားပေသည်။

၃.၅. ဝိပဿနာဆင်ခြင်….ဘုရားရှိခိုးချင်တဲ့စိတ်ကလေးကို သိနေအောင်ကြိုးစားပါမယ်။ (စိတ္တာနုပဿနာ)….ထိုင်ချ ရှိခိုးအမူအယာတွေ သိနေအောင် ကြိုးစားနေပါမယ်။

(ကာယာနုပဿနာ)….ခြေမှာလက်မှာ နာကျင်နေတာ သိအောင် ကြိုးစားပါမယ်။ (ဝေဒနာနုပဿနာ)….သည်ဖြစ်စဉ်လေးတွေကို ပြန်လည်ဆင်ခြင်နေရင် (ဓမ္မာနုပဿနာ)….

ဒါဆိုအိမ်မှာ ပဲ၊ သိန်းထောင်ချီမလှုနိုင်ပေမဲ့ ကုသိုလ်ထူးတွေများစွာ ရရှိနေပြီ ဖြစ်ပါတယ်။

၄။ သန့်ရှင်း ချက်ပြုတ်…,အိမ်သူအိမ်သားများအစစ အရာရာ အဆင်ပြေပါစေ၊တရားအားထုတ်နိုင်ရန်အလို့ငှာစားသုံးနိုင်ကြပါစေ၊နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေလို့မေတ္တာ ပွားနေရင်အလွန်အားကြီးတဲ့ ကုသိုလ် ရရှိသွားပြန်ပါပြီ။

၅။ ထွေထွေစုစု…. ထမင်းဆာလာရင် ချက်ချင်းမထပဲထချင်တဲ့စိတ်၊ စားချင်တဲ့စိတ်ကို တစ်မိနစ်ခန့်၊ ရေချိုးချင်လာရင် ချက်ချင်းမထပဲချိုးချင်စိတ်ကို တစ်မိနစ်ခန့် သိနေလိုက်ပါ။

အိပ်ချင်လာရင်၊ သွားချင်ရာတွင်နည်းတူပြုလိုက်ပါ။ ဘာဝနာ ကုသိုလ်မို့စွမ်းအားအလွန်ကြီးမားပါတယ်။ဖိနပ်ကိုညီညီညာညာ သတိနဲ့ချွတ်မယ်၊ ဝတ်ပါမယ်။

စကားကိုအေးအေးဆေးဆေး နူးနူးညံ့ညံ့ ပြောပါမယ်။ T.V ကြည့်ခြင်း၊ စကားများများပြောခြင်း၊သီချင်းနားထောင်ခြင်းတွေကအကုသိုလ်များစေတာမို့နည်းနည်းချင်း တိုး၍ တိုး၍ လျော့ပါမယ်။

အတင်းမပြောဖြစ်အောင် ကြိုးစားထူထောင်ပါ။မကောင်းမြင်ဝါဒ ၊မကောင်းသည့်ဘက်တွေးခြင်း လျော့ပါ။

ဥပမာ– သည်လူ တရားစာတွေသာ ရေးနေတာတရားအားထုတ်မှာ မဟုတ်ပါဘူးလို့ မတွေးပဲ၊ ကိုယ်မသိတာဖြစ်လို့တရားလည်းအားထုတ်မှာပါဟုတွေးလိုက်ပါ။

၆။ အိပ်ယာဝင်….၅မိနစ်ခန့် ဝင်လေ ထွက်လေကိုဖြစ်စေ၊ဘိုက်ပေါ်လက်တင်ပြီး ဖောင်းတယ် ပိန်တယ်သတိကပ်၍ မှတ်နေလိုက်ပါ။အားကြီးသောကုသိုလ်များ ထပ်ဆင့် ထပ်မံရရှိနေပြီဖြစ်ပါတယ်။

၇။ အကုသိုလ်များလှ လူ့ဘဝ….အဘိဓမ်မာအရ သတိမပါပဲ စားတာ၊ နတော၊ထိုင်တာ အကုသိုလ်တရားတွေမို့လူဘဝပြန်ရဖို့ အလွန်ခဲယဉ်လှပါတယ်တဲ့။

အထက်က အတိုင်းနေမယ် ဆိုရင်တော့ အကုသိုလ်ပါးလို့ ကုသိုလ်များကြမှာ ဖြစ်ပါတယ်။

ပါမောက္ခချုပ်ဆရာတော်

No comments