New Artical

ချဉ်စော်ခါးသီးနဲ့ ကျန်းမာရေး


ချဉ်စော်ခါးသီး၏ ကျန်းမာရေး အကျိုးပြုပုံ

ချဉ်စော်ခါးသီး အခြောက် ၃-ဖတ်လောက်ကို ရေစင်အောင်ဆေးပြီး၊ ရေနွေး ပူပူခွက်ထဲ စိမ်သောက်လို့ ရကြောင်း၊ အဲဒီလိုသောက်တဲ့အခါ ပထမဆုံးစသောက်တဲ့ တစ်ကြိမ်သာ ချဉ်ကြောင်း၊ သို့သော် သံပုရာသီးလိုအချဉ်မစူးကြောင်း၊ ချဉ်စော်ခါး သီးကလည်း အဆီချ ကိုလက်စထေရောကျစေကြောင်း၊ ၀က်ခြံပျောက်စေကြောင်း၊ သူ့ရဲ့ထူးခြားချက်က ပတမဆုံးတစ်ခွက်သောက်ပြီး နောက် ၁၅-မိနစ်လောက်အကြာ မှာ ဆီးအိမ်ထဲမှာ ရှိတဲ့ဆီးတွေတစက်မကျန် ဆီးသွားပစ်တာကြောင့် ကိုယ်ထဲက ယူရစ်အက်ဆစ်တွေကျပြီး သိသိသာသာ ပေါ့ပါးသွားကြောင်း၊

ဒါကြောင့် အသိမိတ်ဆွေတွေ ထဲမှာ ဆီးချုပ်-ဆီးအောင့် ရောဂါရှိသူတွေကို ချဉ်စော်ခါးသီးရေးနွေး စိမ် သောက်ပေးသင့်ပါတယ် တောင်ပေါ်ဒေသလူမျိုးများ၏ ရေလဲသုံးသော အဖိုးတန် ဆေးဖက်ဝင်အသီး ဖြစ်ပါတယ်။ အသီးရင့်မှည့်လာပါက ပါးလွှာသောအခွံမာလေးအား ဖြည်းညှင်းစွာ ဓါးဖြင့်နွှာရပါမယ်။ 

 ရေဖြင့်စင်ကြယ်စွာဆေးကြောပြီးတဲ့အခါ ဓါးဖြင့်ပါးလွှာစွာ လှီးဖြတ်ပါ။ ပြီးရင် ဆားအနည်းငယ်နှင့် ပျားရည်(သို့မဟုတ်)သကြားသင့်ရုံထည့်ပြီး တစ်ရက်ခန့်နှပ်ထားပါ။

(ချင်းပါးပါးလှီးထဲ့ပါက အရသာပို၍ ကောင်းမွန်စေပါတယ်) နောက်တစ်နေ့မှာ တစ်ပြား မှ နှစ်ပြား တစ်နေ့ (၃)ကြိမ်မျှစာေးပးခြင်းဖြင့်

(က) လေထိုးလေအောင့်ခြင်းကို သက်သာစေပါတယ်။

(ခ) အစာကြေ ရင်ချောင်စေနိုင်ပါတယ်။ အသံကိုကြည်လင်စေပါတယ်။

(ဂ) သွေးတိုးသောသူများ၊ နှလုံးအဆီပိတ်သူများ၊ အဆီများသူများ၊ အသည်းရောဂါ ဝေဒနာရှင်များနှင့် ခန္ဓာကိုယ်တွင်း အဆီများသူများကို ကောင်းကျိုးပြုရုံသာမက သက်ရှည်ကျန်းမာစေပါတယ်။

(ဃ) တိုင်းရင်းဆေးပညာအလိုအရ တေဇောဓာတ်၊ ပထဝီဓာတ် နှင့် အာပေါဓာတ်ကြွယ်ဝ၍ ဝါယောဓာတ်ကို ပို့ဆောင်ပေးနိုင်တာကြောင့် အာယုဝဃုန သက်ရှည်ကျန်းမာစေသော အသီးဖြစ်ပါတယ်

ရှေးသမားတော်ကြီးများ၏ အဆိုအရ-

(က) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ ၀က်သားဖြင့် ချက်စားခြင်းဖြင့် ၀က်သားနှင့်မတည့်သော သူများအတွက် အန္တရာယ်ကင်းစွာ စားသုံးနိုင်ပါတယ်။

(ခ) ငဒန်၊ ငမြင်းစာသော အဆီများသော ငါးများဖြင့်လည်း ချက်စားနိုင်ပါတယ်။

(ဂ) ကြက်၊ ဘဲ များဖြင့် ချက်စားလျှင်လည်း လွန်စွာ အရသာရှိလှပါတယ်။

ချဉ်စော်ခါးသီးရဲ့နောက်ထပ်အကျိုးကျေးဇူးတွေကတော့

သွေးပေါင် ထိန်းညှိပေးတယ်

ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးတတ်သူတွေ စားသုံးပေးဖို့ သင့်တော်ပါတယ်။


ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

ချဉ်စော်ခါးသီးမှ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နာတာရှည်ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။


ဝမ်းချုပ် သက်သာစေတယ်

ချဉ်စော်ခါးသီးက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူတွေကို လှုပ်ရှားမှုကောင်းစေသလို အစာခြေစနစ် ကျန်းမာစေပါတယ်။ ဝမ်းချုပ်တာကို သက်သာစေသလို ဝမ်းပျက်ဝမ်းလျှောတာကိုလည်း ကာကွယ်ပေးပါတယ်။
 

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

လေ့လာမှုတွေအရ ချဉ်စော်ခါးသီးက ခန္ဓာကိုယ်တွင်း ကိုယ်ပ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်တယ်၊ လို့ သိရပါတယ်။ ခံတွင်းမှာအနာဖြစ်တာကို သက်သာစေသလို အစာအိမ် အတွင်းနံရံတွေကို ကျန်းမာစေနိုင်ပါတယ်။

ဖျားနာမှုကို ကင်းစေပြီး အရေပြား ပိုးဝင်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်


ချဉ်စော်ခါးသီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို နှလုံးကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။

အနာကျက် မြန်စေတယ်

ရှေးယခင်ကာလတွေကတည်း ချဉ်စော်ခါးသီးအစေ့ကို အနာကျက်စေဖို့ အသုံးပြုခဲ့ကြပါတယ်။ အနာကျက်မြန်စေသလို တစ်ရှူးတွေ ပြန်လည် ကျန်းမာလာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အနာပေါ်ကို ချဉ်စော်ခါးသီး အစေ့ကနေရတဲ့ အဆီကို လိမ်းပေးမယ်ဆိုရင် အနာကျက်မြန်စေပြီး တစ်ရှူးအသစ်တွေ ဖြစ်ပေါ်စေမှာပါ။ အပူလောင်တာ၊ ပြတ်ရှဒဏ်ရာတွေကို သက်သာစေမယ့် သဘာဝဆေးတစ်မျိုးပါ။
စားချဉ့်ရည်ပြန်ဆန်တက်ခြင်း (GERD) သက်သာစေတယ်

စားချဉ့်ရည်ပြန်ဆန်တက်ခြင်း (GERD) ဆိုတာက အစာခြေအက်ဆစ်တွေ အစာရေမြိုဆီ ပြန်ဆန်တက်လာတာပါ။ လက္ခဏာအနေနဲ့ကတော့ ရင်ပူတာ၊ မအီမသာဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

လေ့လာမှုတွေအရကတာ့ ချဉ်စော်ခါးသီး ဖျော်ရည်က ဒီကျန်းမာရေးပြဿနာကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ GERD ပြဿနာ သက်သာစေဖို့လည်း အသုံးပြုလို့ရပါတယ်။

Credit:

No comments