New Artical

အဆုတ်ကို သန့်ရှင်းဖို့ ဂျင်းရေနွေးကြမ်း


လူတစ် ယောက် အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေထဲမှာ အဆုတ်လည်း ပါဝင်နေပါတယ်။ ဒါ့ကြောင့် အဆုတ် ကျန်းမာရေးက အရေးကြီးပြီး အဆုတ်ကို သန့်စင်အောင် ထားရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်တတ်သူတွေဆိုရင် အဆုတ်ကို သတိထားပြီး အဆုတ်ထဲက အဆိပ်အတောက် တွေကို ဖယ်ရှားပေးသင့်ပါတယ်။

ဂျင်းကို အသုံးပြုပြီး အဆုတ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က တွေ့ရှခဲ့တဲ့ သုတေသနအရ ဂျင်းက အဆုတ်ကင်ဆာရောဂါ ကိုလည်းကာကွယ်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

အဆုတ်ကို သန့်ရှင်းဖို့ ဂျင်းရေနွေးကြမ်း

မီးဖိုပေါ်မှာ ရေနွေးကို ပွက်ပွက်ဆူအောင် တည်လိုက်ပါ။ ပြီးရင် ဂျင်းကို ပါးပါးလှီးထားလိုက်ပါ။ ၎င်းဂျင်းကိုလက်ဖက်ရည်ဇွန်း ၁ ဇွန်းစာလောက်ကို ရေနွေး ၁ ခွက်ခွဲစာလောက်ထဲ ခပ်လိုက်ပါ။

၅ မိနစ်ကနေ ၁၀ မိနစ်ကြားလောက် ထားပေးလိုက်ပါ။ ဂျင်းတွေ ဖယ်လိုက်ပြီး သံပုရာသီးလေး အနည်းငယ် ညှစ်ပြီး သောက်လိုက်ပါ။

ဟင်းချက်တိုင်းလည်း ဂျင်းကိုထည့်ပြီး ချက်ပြုတ်ပေးပါ။

ဒီလို နည်းလမ်းတွေက ကိုယ်ခံအားကို တက်စေပြီး အဆုတ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေး နိုင်ပါတယ်။

မှတ်ချက် –သွေးတိုးရှိသူတွေ၊ နှလုံးရောဂါ ရှိသူတွေကတော့ ဂျင်းကို အလွန်အကျွံကြီးမစားသင့်ပါ ... ။

No comments