New Artical

နတ်ဖွက်တာခံခဲ့ရပြီး (၁၀)ရက်ကြာမှ ရွာပြန်ရောက်လာတဲ့ မိန်းကလေး ၂ ဦး

 


“ နတ် ” ဖွက်တာတဲ့နော်ဂရုစိုက်ကြဦး၊(၁၀)ရက်ကြာမှရွာပြန်ရောက်လာတာတဲ့ မိန်းကလေးနှစ်ဦးတအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လုံတောက်ကျေးရွာက အသက် (၁၆)နှစ်အရွယ် လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ ၂ ဦးဟာ ဒီဇင်ဘာလ ၆ ရက် မနက် ၅ နာရီမှာ ကျေးရွာရှိ နေအိမ်ကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၉ ရက် မနက်မှာ လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ ၂ ဦးရဲ့နေအိမ်သို့ ရပ်ရွာလူကြီးတွေကို ခေါ်ပြီး အလှူတွေ လုပ်ပေးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။လုံတောက်ကျေးရွာခံတစ်ဦးဖြစ်တဲ့ ကိုဘဆွေက “သူတို့ ဗေဒင်ဆရာတွေကို အကူညီတောင်းပြီး အိမ်မှာ ခေါ်ထားလိုက်တယ်။ သူတို့နှစ်ယောက်လည်း ဟိုဘက်(ပျောက်တဲ့နေရာ)ပြန်သွားရမယ်လို့ ခဏခဏပြောတယ်။ မိဘတွေလည်း စိုးရိမ်ပြီးတော့ ဗေဒင်ဆရာတွေကို ခေါ်ထားလိုက်တာ” လို့ ပြောပါတယ်။


လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ဟာ အိမ်ပြန်ရောက်တာနဲ့ နတ်တွေ ခေါ်သွားတဲ့နေရာကို ပြန်သွားရမယ်လို့ မကြာခဏ ပြောဆိုနေကြပြီး ၎င်းတို့ ၂ ဦးကို နတ်တွေ ဖွက်လိုက်တာ ဖြစ်တယ်လို့ ရွာခံတွေက ပြောဆိုနေကြပါတယ်။နိုဝင်ဘာလ ၂၆ ရက် ညနေပိုင်း ၅ နာရီအချိန်မှာ လွေးလဲ့လဲ့ဦးက ပျောက်ဆုံးသွားခဲ့ပြီးနောက် နိုဝင်ဘာလ ၂၇ ရက် ည ၉ နာရီမှာ လွေးယဉ်ယဉ်ထွေးက ထပ်မံ ပျောက်ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ကျေးရွာအတွင်းမှာ အခုလို လူပျောက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ရွာခံတွေက ဆိုပါတယ်။

#အမျိုးသမီးငယ် #လုံတောက်ရွာ #နမ့်ဆန်မြို့

#ဓာတ်ပုံ- Facebook

No comments