New Artical

လူတိုင်းမှာ ဘယ်လို ပုဂ္ဂိုလ်တွေ စောင့်ရှောက်နေသလဲ

 


လူတိုင်းမှာစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ရှိပါတယ် ဘယ်ပုဂ္ဂိုလ် စောင့်ရှောက်နေသလဲသိချင်ရင် ဖတ်ကြည့်ပါ

လူတိုင်းမှာ ကိုယ့်ကိုစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ရှိပါတယ်။ မိမိကိုဘယ်ပုဂ္ဂိုလ်စောင့်ရှောက်နေသလဲ သိချင်ရင် တွက်ကြည့်ပါ ဘယ်ပုဂ္ဂိုလ်စာင့်သလဲ။ လူတိုင်းမှာ ကိုယ့်ကိုစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ရှိပါတယ်။ မိမိကို ဘယ်ပုဂ္ဂိုလ်စောင့်ရှောက်နေသလဲသိချင်ရင် တွက်ကြည့်ပါ။ဘယ်ပုဂ္ဂိုလ် စောင့်သလဲ။ လူတိုင်း စိတ်ဝင်စားဆုံးတစ်ခုရှိပါတယ်။ အရေးကြုံရင်အားကိုးရှာစမြဲပါ။

တခါတရံ အလွန်အမင်း သတ္တိရှိပါတယ်ဆိုတဲ့ သူတွေတောင် အခက်အခဲအကျပ်အတည်း ကြုံတွေ့လာရင် အားငယ်ကြောက်စိတ်တွေ ဝင်လာတက်ပါတယ်။အဲ့လိုအချိန်အခါမျိူးမှာ အားကိုးရှာတက်ပါတယ်။ ဘုရား တရား သံဃာ မိဘ ဆရာ အနန္တောအနန္တငါးပါးအား တိုင်တည်တက်သိမှတ်သမျှ ဂါထာတွေရွတ်ပေါ့။ ဒါနဲ့အားမရဘူး ဆိုပါတော။ မိမိအားစောင့်ရှောက်နေသော ပုဂ္ဂိုလ်ရှိတာပဲ။ဘာအရေးလဲ ဘာကြောက်ရမလဲ။ မိမိအစောင့်က ဖယ်ရှား ပစ်လိမ့်မယ်။ ဒီအချက်ကို ကြိုတင်သိပြီး ကိုးကွယ်ချင်မှာပဲ

မိမိအား စောင့်သောပုဂ္ဂိုလ်ကို မဟာဘုတ်အရ တွက်ကြည့်လို့ရပါတယ်။ မိမိအား စောင့်ရှောက်နေသော ပုဂ္ဂိုလ်ကို ယုံကြည်စွာကိုးကွယ်နိုင်ပါကရန်အပေါင်းကင်းကွာလာဘ်ရွှင် အကျိူးများခံစားရပြီး ။လိုရာဆန္ဒ ပြည့်ဝပါလိမ့်မယ်။ မိမိအားစောင့်ရှောက်သော ပုဂ္ဂိုလ်များက ကောင်းစွာစောင့်ရှောက်ပါလိမ့်မယ်။ တွက်နည်းမွေးတဲ့ ခုနှစ် လ ရက် နေ့ နာရီ တို့ကို မဟာဘုတ် (၅) ခွင်ချရပါမယ်။

၁။ မူလသက္ကရာဇ်ကို တည်(၇)နဲ့စားရတဲ့ အကြွင်းကို မဟာဘုတ် တိုင်ထူပါ။

၂။ မွေးတဲ့လကို တန်ခူးလမှစ၍ ရေတွက်ရတဲ့ သင်္ချာကို(၇)နဲ့စား ရတဲ့အကြွင်း ကို မဟာဘုတ်တိုင်ထူပါ။

၃။ မွေးတဲ့ရက်ကို လပြည့်ကျော်ရင်(၁၅) နဲ့ထပ်ပေါင်းပြီးရတဲ့ နံပတ်ကို(၇)နဲ့စား အကြွင်းကို မဟာဘုတ်တိုင်ထူပါ။

၄။ မွေးတဲ့နေ့ကို မဟာဘုတ်တိုင်ထူပါ။

၅။ မွေးတဲ့အချိန်ကို (၇)နဲ့စားရတဲ့အကြွင်းကို မဟာဘုတ်တိုင်ထူပါ။ (မိနစ်စွန်းလျှင်နာရီမှာ (၁)တိုးရပါမယ် )

၆။ အဲ့ဒီမဟာဘုတ် (၅)ခွင်မှာမူလဘုတ်ဟောခွင် (မူလသက္ကရာဇ်မွေးနံ) ဋ္ဌာနကဂြိုလ်လေးလုံးကိုယူပြီး သင်္ချာအရပေါင်း မွေးနံပါ သင်္ချာကိုပါထပ်ပေါင်း ပြီးရင်(၇)နဲ့စားပါ။ ရတဲ့အကြွင်းကို မဟာဘုတ်တိုင်ပြန်ထူပါ။အဖြေဟောကိန်း တွေကတော့

( က) တနင်္ဂနွေဖြစ်ခဲ့ရင် ထွက်ရပ်ပေါက် လူပုဂ္ဂိုလ်စတဲ့ ပုဂ္ဂိုလ်ထူးကြီးများ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘဝကဖခင် အတိပ်ဘဝကဖခင် ဝိဇ္ဇာကြီးများက စောင့်ရှောက်ပါတယ်။

(ခ) တနင်္လာဖြစ်ခဲ့ရင် ကွမ်ရင်မယ်တော် ဘဝဟောင်းကမိခင် လက်ရှိဘဝမှာ ကွယ်လွန်သွားသောမိခင် ကြီးဒေါ် အဒေါ် လက္ခုမီးမယ်တော်များ ကစောင့်ရှောက်ပါတယ်။

(ဂ) အင်္ဂါဖြစ်ခဲ့ရင် အောက်နတ်(၃၇)မင်း ဇော်ဂျီများ ရုက္ခစိုးများ မကျွတ်မလွပ်သူများ (ပရလောကသားများ) စန္ဒီမယ်တော် ဂန္ဓဗ္ဗနတ်မင်းများက စောင့်ရှောက်ပါတယ်။

(ဃ) ဗုဒ္ဓဟူးဖြစ်ခဲ့ရင် ဝိဇ္ဇာကြီးများ (ထုံကျင့်ရပြီးသွားသောပုဂ္ဂိုလ်အားလုံး) ရေစောင့်နတ် ရွာစောင့်နတ်ရုက္ခစိုးနတ် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ ရဟန်းပုဂ္ဂိုလ်များ စောင့်ရှောက်ပါတယ်။

( င ) ကြာသပတေးဖြစ်ခဲ့ရင် ဗြဟ္မာကြီးများ ရဟန္တာပုဂ္ဂိုလ်များ ရှင်သီဝလိ ရှင်ဥပဂုတ္တ ရှင်ဗာကူလစသောရဟန္တာများ အထက်လမ်းဂိုဏ်း ဆရာများပြဒါးဝိဇ္ဇာ အင်းဝိဇ္ဇာများက စောင့်ရှောက်ပါတယ်။

(စ) သောကြာဖြစ်ခဲ့ရင် သူရဿတီမယ်တော် သံသေဝိဇ္ဇာကြီးများ မိခင်ဘက်က အဖွားကွယ်လွန်ပြီးဖြစ်တဲ့ သမီးမယ်တော်များ စောင့်ရှောက်ပါတယ်။

(ဆ) စနေဖြစ်ခဲ့ရင် (၃၇)မင်းအောက်နတ်များ မကျွတ်မလွပ်သေးသောပုဂ္ဂိုလ် (ပရလောကသား မိမိနှင့်ဆွေမျိူးတော်စပ်ဘူးသူ) လောကီကျင့်စဉ်နဲ့ကျင့်နေသော ပုဂ္ဂိုလ်များ သမထနဲ့ကိစ္စပြီးနေသော ပုဂ္ဂိုလ်များစောင့်ရှောက်ပါတယ်။

No comments