New Artical

စိတ်တွေ သန်မာကြံ့ခိုင်လာအောင် ဘယ်လိုလုပ်ဆောင်ရမလဲ


ကျန်းမာရေး၊ လူမှုရေးတွေ ထိခိုက်လာနိုင်တယ်လေ။ အရာရာကို စိတ်က ဦးဆောင်နေတာမလို့ ကိုယ့်စိတ်တွေ သန်မာလာအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

လူဆိုတာ စိတ်ခံစားချက်နဲ့ အသက်ရှင်ကြတာလေနော်။ နေ့တိုင်းလည်း စိုးရိမ်စိတ်တွေ ပင်ပန်းနေတဲ့ စိတ်တွေနဲ့ နေနေကြတာဆိုတော့ ကိုယ့်ရဲ့ စိတ်ခံစားချက်မှာလည်း အဆင်မပြေတာတွေ ရှိလာမှာ အသေအချာပါပဲ။ ကိုယ့်စိတ်က မသန်မာနေဘူး၊ စိတ်ခံစားချက်က မကောင်းနေဘူးဆိုရင် ကျန်းမာရေး၊ လူမှုရေးတွေ ထိခိုက်လာနိုင်တယ်လေ။ အရာရာကို စိတ်က ဦးဆောင်နေတာမလို့ ကိုယ့်စိတ်တွေ သန်မာလာအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။


အတွေးတွေ ထိန်းချုပ်မယ် 

ကိုယ့်ရဲ့စိတ် သန်မာလာဖို့ဆိုတာ ကိုယ့်ရဲ့ အတွေးတွေနဲ့လည်း ဆိုင်ပါတယ်နော်။ ကိုယ့်ရဲ့ အတွေးတွေက မပျော်ဘူး၊ စိတ်ညစ်စရာတွေ စိုးရိမ်စရာတွေပဲ တွေးနေတယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ စိတ်မသန်မာလာနိုင်သလို ပြဿနာ တစ်ခုခု ကြုံလာရင်လည်း ခံနိုင်ရည် မရှိတာမျိုး ဖြစ်လာနိုင်တယ်လေ။ ဒီတော့ ကိုယ့်ရဲ့ အတွေးတွေကလည်း စိတ်ညစ်စရာ၊ ဝမ်းနည်းစရာ စိုးရိမ်စရာ မဖြစ်နေဖို့ လိုပါတယ်။


လေ့ကျင့်ခန်း လုပ်မယ် 

လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ကို သန်မာလာစေတဲ့ အဓိက အချက်တစ်ချက်ပါပဲနော်။ လေ့ကျင့်ခန်း လုပ်တာက ဦးနှောက်ရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကြွက်သားတွေကိုလည်း သန်မာလာစေတာမလို့ စိတ်ထဲမှာ သက်တောင့်သက်သာ  ဖြစ်နေမှာပါ။ စိတ်ပေါ့ပါးတယ်ဆိုတာမျိုး ကြားဖူးမှာပါ။ ဒီတော့ လေ့ကျင့်ခန်း လုပ်ဖို့ မမေ့လိုက်နဲ့နော်။


အစားအသောက်စားမယ် 

စိတ်နဲ့အစားအသောက်နဲ့ ဆိုင်လားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပေမယ့် အစားအသောက်ကလည်း ကိုယ့်ရဲ့ စိတ်ကို ကောင်းမွန်သန်မာအောင် လုပ်ပေးနိုင်တဲ့ အရာတွေထဲက တစ်ခုပါနော်။ ဘာလို့လဲဆိုတော့ အစားအသောက်တွေမှာ ပါဝင်တဲ့ အစာအာဟာရဓါတ်တွေက ခန္ဓာကိုယ်ကျန်းမာရေးအတွက်တင်မကဘဲ စိတ်ရဲ့ ကျန်းမာရေးကိုပါ အထောက်အကူပြုတာကြောင့်ပါ။ နောက်ပြီး ကိုယ်စားချင်တဲ့ အစားအစာတွေ စားရရင် ရတဲ့ ခံစားချက်မျိုးလည်း စိတ်ကို ကောင်းမွန်စေတာမလို့ အကျိုးပြုပါတယ်။ ဥ◌ီးနှောက်ကို အားကောင်းစေတဲ့ အစားအသောက်တွေကလည်း စိတ်သန်မာဖို့ ကူညီပေးပါသေးတယ်။


 
နှစ်နှစ်ခြိုက်ခြိုက်အိပ်မယ်

အိပ်ရေးဝဝ မအိပ်ရတဲ့ ရက်တွေဆိုရင် စိတ်က အလိုလို မကြည်လင်ဘူး ဖြစ်နေတတ်တယ်နော်။ ဒါက စိတ်နဲ့ အိပ်ခြင်းရဲ့ ဆက်နွယ်မှု တစ်ခုပါပဲ။ ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် စိတ်ထဲမှာ အဆင်မပြေတာ၊ စိတ်တိုတာ၊ အလိုမကျတာတွေ ဖြစ်တတ်တာမလို့ ကိုယ့်ရဲ့ စိတ်ကို အားနည်းစေတတ်ပါတယ်။ ကိုယ့်ရဲ့ စိတ်သန်သန်မာမာနဲ့ အလုပ်တွေ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ဆိုရင် အိပ်စက်အနားယူဖို့ အချိန်ပေးပါ။

ကိုယ့်ရဲ့ စိတ်တွေ သန်မာကြံ့ခိုင်လာအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ လုပ်ဆောင်ထားဖို့ လိုတယ်နော်။

 Crd : Marry

No comments