New Artical

"ကိုယ့်အား ကိုယ်ကိုးပါ"


တစ်ခါတုန်းက တိုင်းပြည်တွေကိုလိုက်ပြီး ကုန်သွယ်တဲ့ ရတနာကုန်သည်ကြီးတစ်ဦးရှိတယ် သူ့မှာ အရွယ် ရောက်တဲ့ သားတစ်ယောက်လည်းရှိတယ် တစ်နေ့ကြတော့ သားဖြစ်သူက ကုန်သည်ကြီးကို ပြောတယ်
 
"အဖေ သား အလုပ်လုပ်တော့မယ်…
ထိုက်သင့်တဲ့ အမွေ တစ်ချို့ပေးပါ…"
ကုန်သည်ကြီးက -
"ဘာအမွေ လိုချင်လဲသား "
"အဖေ့လို့မျိုး အောင်မြင်ချင်တယ် "
"အင်း…… မင်းလိုချင်တာကို အဖေ ပေးလိုက်မယ် ဒါပေမယ့် အဲ့ဒီအရာကို မပေးခင်မှာ တစ်ပါတ်တိတိ
ငါနဲ့အတူတူ အလုပ် လုပ်ရမယ်…"
"ဟုတ်ကဲ့ " ဆိုပြီး သားဖြစ်သူက ခေါင်းငြိမ့်လိုက်တယ်
နောက်နေ့ မနေ့ကြတော့ သားလုပ်သူကိုခေါ်ပြီး
ခြံ ထဲ ဆင်းတယ်။ တံမြတ်စည်းကြမ်း နှစ်ချောင်းယူလာပြီး
သားလုပ်သူကို -
" ရော့ အမှိုက်တွေ ကုန်အောင်လှဲဆိုပြီးခိုင်းလိုက်တယ် "
ကုန်သည်ကြီးကတော့ သစ်ပင်အောက်မှာ ထန်းလျက်ခဲ လေးစားလိုက် ရေနွေးလေးသောက်လိုက်နဲ့ သားလုပ်သူက သူ့အဖေ ဘယ်တော့ လာကူနိုး လာကူနိုးနဲ့ လှဲရင်း လှဲရင်း ပြီးသွားတယ် ငါ့အဖေ လာတော့ ကူကျူံးမှာပဲဆိုပြီး ကွက်ကြည့် ကွက်ကြည့်လုပ်နေမိတယ်. ကုန်သည်ကြီးက အညှောင်းအညာ ထဆန့်လိုက် ပြန်ထိုင်လိုက်နဲ့ သားလုပ်သူ အမှိုက်တွေပါကျူံးပြီးသွားတယ်။
 
နောက်တစ်ရက်ကြတော့ ဓားနှစ်လက် ယူလာတယ် ပြီးတော့ တောထဲခေါ်သွားပြီး သစ်ပင်ကြီး တစ်ပင်ကို ခုတ်ပိုင်း ခိုင်းတယ် သားလုပ်သူက သစ်ပင်ကြီးကိုခုတ်လိုက် ဓားသွေးနေတဲ့ ကုန်သည်ကြီးကိုကြည့်လိုက်ပေါ့
သားဖြစ်သူ ခမျာ လက်တွေနာလွန်းလို့ အရည်ကြည်ဖုတွေထလာပြီး ပေါက်ပြဲတဲ့အထိခုတ်နေရရှာတယ်။ ဒါပေမယ့် ကုန်သည်ကြီးက ဓားသွေးမပျက်ဘူး ။
 
"ဝုန်း"ဆို သစ်ပင်ကြီးလဲသွားတယ် ကုန်သည်ကြီးထလာတယ်
ပြီးတော့
"ဟိုအကိုင်းအလက်ပါဖြတ်လိုက်သား "
"ကျွန်တော်ပင်ပန်းနေပြီးအဖေ လက်တွေလည်းနာကျင်နေပြီ"
"အဲ့ဒါဆိုလည်း မင်းလိုချင်တာ မယူနဲ့တော့ပေါ့ "
"သားဖြစ်သူလည်း ခုတ်ပါ့မယ်အဖေ အဖေ့ကတိသာတည်ပါစေ "
အားလုံးခုတ်ထွင်ရှင်းလင်းပြီးချိန်မှာတော့ ကုန်သည်ကြီး ရဲ့သားလက်မှာ သွေးတွေကိုရွဲလို့ နောက်နေ့ မနက် လင်းတော့…
"အဖေ သား လက်တွေနာကျင်လွန်းလို့ မလုပ်နိုင်တော့ဘူး"
ကုန်သည်ကြီးက -
" မင်းကိုဒီနေ့ ဘာမှမခိုင်းဘူး……ဒီကနေ ကျောက်တောင်ကို ကျော်ပြီးသွားရင်…ဦးမောင်လေး ဆိုတဲ့ ငါ့မိတ်ဆွေရှိတယ်…သူ့ဆီကိုသွား ငါအပ်ထားတဲ့ အောင်မြင်ရေးလျို့ဝှက်ချက်ပေးပါလို့…ပြောပြီးတောင်းခဲ့…"
"မနက်ဖြန် မင်းအလုပ် စပြီးလုပ်ရမယ် လုံးဝ အခက်အခဲ တွေနဲ့ရင်ဆိုင်ရချိန်မှာ အဲ့ဒီ လျို့ဝှက်ချက်အတိုင်း လုပ်ဆောင်ပါသား "
 
ဒီလိုနဲ့ သားဖြစ်သူလာ ကျောက်တောင် တစ်ခုကိုကျော်ပြီး ဦးမောင်လေးဆီက အောင်မြင်ရေး လျို့ဝှက်ချက် ဆိုတာကို ယူဆောင်လာတယ် အိမ်ပြန်ရောက်တော့ အဖေ ပြောတာ ဒါလားဆိုပြီး ရွှေနဲ့မျက်နှာဖုံးလုပ်တဲ့
စာအုပ်ကလေး ပြလိုက်တယ်
 
"အေးဟုတ်တယ်သား မင်းလုံးဝ အခက်အခဲတွေနဲ့ တွေ့ဆုံချိန်မှာ စာအုပ်ထဲကအတိုင်း တသွေမတိမ်း လုပ်ဆောင်ပါ ကဲနားတော့ မနက်ဖြန် မင်းရဲ့ ကုန်သွယ်ခြင်းခရီးစဉ်စမယ်"
မနက်လင်းတော့ အားလုံးခရီးထွက်ဖို့အဆင်သင့်ဖြစ်နေပြီ
"သွားတော့လေ မင်းဘာလုပ်နေတာ "
"အဖေ မလိုက်ဘူးလား"
"ငါက ဘာလိုက်လုပ်ရမှာလဲ မင်း ဒီအရွယ်ရောက်နေပြီပဲ မင်း လုပ်နိုင်သလောက်လုပ်ပါ "
 
အဲ့လိုနဲ့ ကုန်သည်ကြီးရဲ့သားဟာ ကုန်သွယ်ဖို့ထွက်သွားခဲ့တယ် ။ ချောင်းတွေဖြတ် လွင်ပြင်တွေဖြတ်ရင်း တောကြီးတစ်တောကိုအရောက် သူ့ကို ခြင်္သေ့တစ်ကောင်ချောင်းနေမှန်းသိလိုက်တယ်  သိသိချင်းပဲ သူဟာ ပုန်းလို့ကောင်းမယ်နေရာကိုရှာရင်း ရုတ်တရက်ပြေးထွက်သွားတယ်…လူတစ်ကိုယ်စာ ဝင်လို့ရတဲ့ ကျောက်တုံးတွေကြားမှာ ဝင်နေလိုက်တယ်  ခြင်္သေ့ကလည်း မျက်ခြေမပျက်မခံပဲလိုက်လာတယ်။
 
အဲ့လိုနဲ့ ညရောက်လာတယ် ခြင်္သေ့ကလည်း ဘယ်မှမသွားဘူး သူရှေ့မှာ ဝပ်ပြီးစောင့်နေတယ်  သူဟာ ရုတ်တရက် ကုန်သည်ကြီးနဲ့ အောင်မြင်ရေး လျို့ဝှက်ချက်စာအုပ်ကို သတိရသွားတယ် ပထမဆုံးစာမျက်နှာကို ကြည့်လိုက်တယ် -
"ကိုယ့် အခက်အခဲတွေ ဘယ်သူ့ကိုမှ မမျှော်လင့်ပါနဲ့ ကိုယ်တိုင် ပြီးဆုံးအောင်လုပ်ပါ လို့ရေးထားတယ် "
 
ကောင်လေးဟာ ခဏ ကြောင်သွားတယ် သူသိလိုက်ပြီ ကိုယ့်ကိုယ်ကို ကယ်တင်ရန်သာ ကြိုးစားရတော့မယ်
အဲ့ဒါနဲ့ သူရှေ့မှာဝပ်နေတဲ့ ခြင်္သေ့ကိုကြည့်လိုက်တယ် အဲ့ဒီကျာက်တုံးတွေကြားကပဲ ကျောက်တုံးတစ်ခုရဲ့ အောက်ခြေကို ကျောက်တုံးအပိုင်းအစတွေ ရိုက်ထည့်တယ် အဲ့ဒီလို ရိုက်ရင်းထည့်ရင်းနဲ့ ကျောက်တုံးကြီးဟာ
ခြင်္သေ့ရဲ့ ကိုယ်ပေါ်ပိကျပြီး ခြင်္သေ့ဟာသေဆုံးသွားတယ် အဲ့လိုနဲ့ တိုင်းပြည်တစ်ပြည်ကိုရောက်သွားတယ်…
သူ့မှာပါတဲ့ ရတနာတွေ ရောင်းတယ် သူပြန်ရောင်းလို့ရမယ့် ရတနာတွေပြန်ဝယ်ပြီး သူ့တိုင်းပြည်ကို ပြန်လာ ခဲ့တယ်…
လမ်းတစ်ဝက်မှာပဲ ခရီးပန်းမှုကြောင့် အဖျားဝင်လာတယ် သူဌေးသားဆိုတော့ ဖျားနာမှုကြောင့် အားငယ်စိတ် တွေ ဝင်လာတယ် ။ ပြုစုခံခဲ့ရတဲ့ အရာတွေကို မြင်ယောင်ပြီး မျက်ရည်တွေလို့ သူ့အဖေကို တောင်းတနေမိတယ် ။ နောက်ဆုံး မခံမရပ်နိုင်ချိန်မှာတော့…… သူ့အဖေ ပေးတဲ့ စာအုပ်ကိုလှန်ကြည့်လိုက်တယ်။
 
ပထမ စာမျက်နှာမှာ အရင်သူဖတ်ဖူးတဲ့ စာကြောင်းကလွဲပြီး ဘာမှ ရှိမနေခဲ့ဘူး နောက်ဆုံးစာမျက်နှာ ……
စာတစ်ကြောင်းရေးထားတာတွေ့သွားတယ်…… ငါ့လိုဖြစ်ချင်ရင် ငါကို အားမကိုးပါနဲ့…… မင်းဟာ မင်းဘဝရဲ့ ကယ်တင်ရှင်ပါ စာအုပ် တစ်အုပ်ထဲက အောင်မြင်ခြင်းဆိုတာ… လူက ဖန်တီးတာပါ မင်းရဲ့ အောင်မြင်ခြင်းကို
လွတ်နေတဲ့ စာရွက်တွေမှာ ရေးပါ....တဲ့……
ကောင်လေး ဖျားနေတဲ့ကြားက ရယ်မိတယ် ပြီးတော့ စာအုပ်ကိုလွှင့်ပစ်လိုက်တယ်… သူနားလည်သွားပြီ သူ့အဖေ ပေးလိုက်တာ… ယုံကြည်မှုနဲ့ ကိုယ့်အား ကိုယ်ကိုးမှုဆိုတာ… ကောင်လေး အသက်အောင့်လိုက်……
မှုတ်ထုတ်လိုက်လုပ်ရင်း အဖျားကျအောင်လုပ်တယ်… အာဟာရ ဖြစ်စေမယ် သစ်သီးတွေကိုရှာစားတယ်…
မီးမွှေးပြီး ရေနွေးငွေ့လှုံ့ပြီး ချွေးထွက်တယ်… သက်သာလာတာနဲ့ သူ့တိုင်းပြည်ကိုအမြန်ပြန်လာတယ်…
အဲ့ဒီလိုနဲ့ သူ့အဖေဆီ ပြန်ရောက်လာတယ်…
 
"သား အဆင်ပြေရဲ့လား…"
" တစ်စုံတစ်ယောက်ရဲ့ အကူအညီကို မမျှော်လင့်တတ်တော့လို့ အများကြီး အဆင်ပြေပါတယ် အဖေ..."
"အေး...မင်း ငါလိုအောင်မြင်ဖို့အတွက် လမ်းစတွေ့နေပြီပဲ" လို့ပြောပြီး ထွက်ခွာသွားတယ်
ဘဝဆိုတာ တစ်စုံတစ်ခုကို မျော်လင့်ရင်း ကိုယ့်ဘာသာ ပြီးဆုံးအောင်လုပ်ရတာမျိုးပါ ကိုယ့်ရဲ့ ယုံကြည်မှု ဆိုတာလည်း ကိုယ့်ရဲ့ ကြုံဆုံတွေ့မှုကိုအခြေခံပြီးမှ ဖြစ်တည်လာတာပါ သူ့လိုဖြစ်ချင်ရင် 
ကိုယ့်ကိုယ်ကို အားကိုးပါ။
 
အတွေးတစ်ခုခုရပါစေ။

No comments