New Artical

မနက်ဆယ်နာရီကျော်ရင် မစားသင့်တဲ့ အစားအစာများ

သိပ္ပံပညာနဲ့ မနက်စာက မကြာခဏ ရှေ့နောက်မညီ ဖြစ်တတ်ပါတယ်။ တစ်ဖက်မှာက မနက်စာက တစ်နေ့လုံးအတွက် အရေးကြီးဆုံးဖြစ်တာကြောင့် မစားဘဲမနေသင့်ဘူးလို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ မနက်စာက စိတ်ဓာတ်ကျတာကို ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးမှာတော့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် မနက်ဆယ်နာရီကျော်ရင် မစားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးပါ့မယ်နော်။

 

၁။ ပေါင်မုန့်ထောပတ်သုပ်
ထောပတ်မှာ ပါဝင်တဲ့အဆီတွေက ဗီတာမင်တွေ ဖြည့်ပေးပါတယ်။ ဒါပေမယ့် ထောပတ်မှာ ပြည့်ဝဆီတွေကလည်း ပါဝင်နေပါတယ်။ အဲဒီပြည့်ဝဆီတွေက နှလုံးကို ထိခိုက်စေသလို ကိုယ်အလေးချိန်လည်း တက်စေပါတယ်။ အဲဒါကြောင့် မနက်စာကို ပေါင်မုန့်ထောပတ်သုပ်မစားဘဲ မြေပဲထောပတ်ကိုသာ ပေါင်မုန့်မှာ သုပ်စားသင့်ပါတယ်။ မြေပဲထောပတ်က တစ်နေ့တာလုံးမှာ ဗိုက်ဆာတယ်လို့ မခံစားရစေပါဘူး။



၂။ နှံစားအစားအစာများ
နှံစားပင်နဲ့ပြုလုပ်ထားတဲ့ အစားအစာတွေမှာ သကြားများတာကြောင့် ဗိုက်မှာအဆီစုစေပါတယ်။ အဲဒါကြောင့် မနက်စာကို သကြားမပါဝင်တဲ့ အုတ်ဂျုံမှုန့်ကို စားပေးသင့်ပါတယ်။ မနက်ပိုင်းမှာ သကြားလျှော့စားတာက တစ်နေကုန် ပင်ပန်းနွမ်းနယ်တာကို လျှော့ချပေးပါတယ်။

 
၃။ ပန်ကိတ်နှင့် ဝေဖာ
အချိန်မရသူတွေအတွက် ပန်ကိတ်နဲ့ ဝေဖာက စားရလွယ်ကူပါတယ်။ ဒါပေမယ့် ပန်ကိတ်နဲ့ ဝေဖာတွေမှာ ကာဗိုဟိုက်ဒရိတ်တွေ ပါတာကြောင့် တစ်နေကုန် ဗိုက်ဆာသလို ခံစားရမှာပါ။ ပြီးတော့ အမျှင်ဓါတ်လည်းမပါဝင်ပါဘူး။မနက်စာကို ဂျုံကြမ်းနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ ပန်ကိတ်တို့ကိုသာ ရွေးချယ်သင့်ပါတယ်။

Image result for yogurt
၄။ အဆီထုတ်ထားသော ဒိန်ချဉ်
အဆီထုတ်ထားတဲ့ဒိန်ချဉ်တွေကို မနက်စာအဖြစ် တွင်တွင်ကျယ်ကျယ် စားသုံးလာကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ အဆီထုတ်ထားတဲ့ဒိန်ချဉ်ကို သကြားတွေ ထည့်ပြီးစားမိတတ်ပါတယ်။ လေ့လာချက်တွေအရ အဆီမထုတ်ရသေးတဲ့ ဒိန်ချဉ်က ကိုယ်အလေးချိန်ကစေဖို့ ကူညီပေးတယ်လို့ တွေ့ရှိရပါတယ်။ အဆီမထုတ်ရသေးတဲ့ဒိန်ချဉ်က ဗိုက်ပြည့်သလိုလည်း ခံစားရပါတယ်။ အဲဒါကြောင့် မနက်စာကို အဆီမထုတ်ရသေးတဲ့ဒိန်ချဉ်ကို သကြားမထည့်ဘဲ သောက်သင့်ပါတယ်။


၅။ အချိုရည်
အချိုရည်တွေမှာ သကြားတွေ အများကြီးပါနေပါတယ်။ အဲဒါကြောင့် မနက်စာမှာ ဖျော်ရည်ကို လုံးဝ မရွေးချယ်သင့်ပါဘူး။ မနက်စာကို အမျှင်ဓာတ်များတဲ့ အသီးအနှံတွေကိုသာ ရွေးချယ်သင့်ပါတယ်။ အမျှင်ဓာတ်များတဲ့ အသီးအနှံတွေက အစာချေစနစ်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။

Image result for fruit
၆။ အစာမကျေလွယ်စေသော အစားအစာများ
ကြက်သွန်ဖြူ၊ သစ်တော်သီး၊ ပဲသီး၊ မက်မွန်သီးတို့က အစာမကျေလွယ်စေတဲ့ အစားအစာတွေပါ။ အဲဒီအစားအစာတွေက အစာမကျေလွယ်တဲ့အပြင် ရင်ပြည့်သလိုလည်း ခံစားရစေပါတယ်။ မနက်စာအတွက် ဒီအစားအစာတွေကို ရှောင်စရာ မလိုပေမယ့် နည်းနည်းပါးပါးပဲ စားပေးသင့်ပါတယ်။

Zombie (Lovemedia)

No comments