ကပ်ရောဂါဖြစ်ရခြင်းအကြောင်းအရင်း
လူတို့အသက်တမ်း၅၀၀-တမ်းအောက်လောကတွင်အယုတ်တရားကြီး(၃)မျိုးဖြစ်ပေါ်လာ၏။၁။အဓမ္မရာဂ၂။ဝိသမလောဘ၃။မိစ္ဆာဓမ္မ.ဆိုပြီးသုံးမျိုးရှိတယ်။အဓမ္မရာဂဟူသည်.
ကျမ်းကိုး။
၁။အင်္ဂုတ္တိုရ်တိကနိပါတ်၊ပလောကသုတ်
၂။ပါထိကဝဂ္ဂအဋ္ဌကထာ၊၃၆၂။ရောဂန္တရဒီပနီကမ္ဘာသူကမ္ဘာသားများအားလုံးနှင့်မြန်မာပြည်ကြီးကပ်ရောဂါဆိုးကြီးမှကျော်လွှားနိုင်ကြပါစေ။
သာယာချမ်းမြေ့ကြပါစေ
.
သစ္စာနီ
PSမြတ်ဗုဒ္ဓ၏အာဏာစက်သည်စကြ်ာဝဠာအနန္တ၌တည်၏။လူ့ပြည်လူ့ရွာ၌သာသနာကွယ်သော်လည်း၊နတ်ဗြဟ္မာတို့ထံ၌ကွယ်သည်ဟူ၍မရှိ၊ကမ္ဘာတို့အလီလီပျက်သော်လည်းသုဿဝါဒဗြဟ္မာဘုံကားမပျက်၊သာသနာသည်လည်းမကွယ်မဆိတ်ရှိ၏။ဤအရိယာဗြဟ္မာတို့၏ဘုန်းတန်ခိုးအရှိန်ကြောင့်သာသနာသည်၊နတ်တို့ထံဆက်၍ပြန့်နှံ့ပြန်၏။ထို့ကြောင့်နတ်ဘုံဗြဟ္မာ့ဘုံတို့တွင်ဘုရားတရားသံဃာရတနာသုံးပါး၏အာဏာစက်ကားအဆက်ဆက်တည်တန့်၏။ထို့ကြောင့်သရဏဂုံစွဲမြဲသူသရဏဂုံသုံးပါးကိုမပြတ်ရွတ်ဖတ်ပူဇော်နေသူတို့အားမည်သည့်နတ်ယုတ်မာတို့ကမှနှောက်ယှက်ဖျက်ဆီးခွင့်မရှိ၊နှောက်ယှက်ဖျက်ဆီး၍မရပါချေ။ထို့ကြောင့်သရဏဂုံသုံးပါးကိုရွတ်ဖတ်ပွားများထုံမွှန်းထားပြီးဘေးဒုက္ခကပ်အပေါင်းမှကျော်လွှားနိုင်ကြပါစေသတည်း။
သာယာချမ်းမြေ့ကြပါစေ
သစ္စာနီ
No comments