New Artical

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၏ အကောင်းအဆိုးများ


လိင်တံ၊ ဒါမှမဟုတ် မိန်းမကိုယ်ကို ပါးစပ်အသုံးပြုပြီး လိင်စိတ်နှိုးဆွခြင်းကို ခေါ်တာပါ။ လိင်တံကို ပါးစပ်နဲ့ ဆက်ဆံပေးခြင်းကို Fellatio လို့ခေါ်ပြီး မိန်းမကိုယ်ကို ဆက်ဆံပေးခြင်းကိုတော့ Cunnilingus လို့ခေါ်ပါတယ်။ ပါးစပ်နဲ့ဆက်ဆံခြင်းဟာ ကိုယ့်အဖော်နဲ့ ရင်းနှီးချစ်ခင်မှုကို ပိုစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာလည်း မကောင်းတဲ့အချက်များလည်းရှိပါတယ်။

အားသာချက်များ

၁။ ဆက်ဆံရေးနှင့် ရင်းနှီးမှုကို ပိုကောင်းစေခြင်း

ပါးစပ်နဲ့ဆက်ဆံတာကို စိတ်ကျေနပ်မှုရဖို့ဆိုရင် ကိုယ်နဲ့ကိုယ့်အဖော်ကြားမှာ စစ်မှန်ပြီးရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးမျိုး လိုအပ်ပါတယ်။ ဒါကြောင့်ဒီနည်းလမ်းက လိင်မှုဘဝနဲ့ ဆက်ဆံရေးကို တိုးတက်စေပါတယ်။

၂။ စိတ်ခံစားမှုနှင့် စိတ်ဖိစီးမှု ခံနိုင်ရည်ကို တိုးတက်စေခြင်း

သုက်ရည်ထဲမှာ Cortisolလ ို့ခေါ်တဲ့ ဟော်မုန်းတွေ ပါဝင်ပြီး အဲဒီဟော်မုန်းက ဦးခေါင်းဆီအောက်ဆီဂျင် ပိုရောက်အောင် လုပ်ပေးနိုင်တာမို့ စိတ်ခံစားမှုတွေ ပိုကောင်းစေတယ်၊ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျ စေပါတယ်။

၃။ နာကျင်မှုကို လျော့နည်းစေခြင်း

ပါးစပ်နဲ့ဆက်ဆံနေစဉ်နဲ့ ဆန္ဒပြီးမြောက်သွားတဲ့အချိန်တွေမှာ ခန္ဓာကိုယ်ထဲမှာ Oxytoin၊ Endorphin စတဲ့ ဟော်မုန်းတွေ ထွက်ပါတယ်။ ဒါတွေကို နာကျင်မှုတွေကို လျော့နည်းသက်သာစေပါတယ်။

၄။ စိတ်ကျရောဂါကို ကုသပေးနိုင်ခြင်း

ခုပြောခဲ့တဲ့ အကျိုးကျေးဇူးများကြောင့် ကျန်းမာရေးကိုအထောက်အကူပြုသလို၊ စိတ်ကျရောဂါရှိနေရင်လည်း သက်သာစေပါတယ်။

အားနည်းချက်များ

၁။ လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေရှိခြင်း

ပါးစပ်နဲ့ ပုံမှန်လိင်ဆက်ဆံမှုပြုမယ်ဆိုရင် HPV ပိုးကူးစက်ခံရနိုင်ချေပိုများပြီး လည်ချောင်း ကင်ဆာ ဖြစ်နိုင်ချေ ပိုရှိပါတယ်။

၂။ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ

HIV ပိုး၊ ရေယုန် ဆစ်ဖလစ်ဆီးပူညောင်းကျအသည်းရောင်အသားဝါပိုးHPV ပိုးများလည်း ပါးစပ်နဲ့ လိင်ဆက်ဆံ ခြင်းက တစ်ဆင့် ကူးစက်ခံရနိုင်ပါတယ်။

၃။ ဆစ်ဖလစ်ရောဂါ

ဆစ်ဖလစ်လက္ခဏာများဟာ လိင်အင်္ဂါနဲ့ စအိုတို့မှာ တွေ့ရလေ့ရှိပြီး ရှားရှားပါးပါးအနေနဲ့နို့သီးမှာလည်း တွေ့ရတတ်ပါတယ်။ နောက်ပြီး လျှာနဲ့နှုတ်ခမ်းတို့မှာ တွေ့ရတတ်သလို၊ ရောဂါပိုးရှိသူရဲ့ ပါးစပ်က တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

ပါးစပ်နဲ့ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရှိနေချိန်လို တချို့သော အချိန်တွေမှာတော့ စုံတွဲတွေအတွက် အကျိုးရှိပါ တယ် ဒါပေမယ့်လည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေလည်း ရှိနေဆဲပါပဲ။ ဒါကြောင့် ပါးစပ်နဲ့ ဆက်ဆံခြင်းကနေ ရောဂါပိုးတခုခု ကူးစက်ခံရတယ် ထင်ရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းပြပြီး အကောင်းဆုံး အကြံဉာဏ်တွေ ရယူနိုင်ပါတယ်။

Credit:

No comments