New Artical

ရင်သား အလုံးပေါ်ခြင်း-Breast Lump

 https://www.hopkinsmedicine.org/-/media/images/health/1_-conditions/breast/common-breast-lumps-hero.ashx?h=500&la=en&mh=500&mw=1300&w=1297&hash=0CD732870E21EFE118F3B90A411ECA989B9A3609

ရင်သား အလုံးပေါ်ခြင်း-Breast Lump

သင့်ရင်သားမှာ အလုံး တစ်လုံးလုံး ရှိနေတာမျိုးကို သင့်ကိုယ်သင် စမ်းသပ် သတိထား ကြည့်ဖူးပါသလား။

ရင်သားမှာ အလုံးပေါ်တတ်တယ်ဆိုတာကော သင် သိပါသလား။
ရင်သားမှာ ဖြစ်ပေါ်လာတဲ့ အလုံးတွေက အများအားဖြင့် ကင်ဆာအကျိတ်   မဟုတ်ပါဘူး ။ ရင်သားအလုံးတွေဟာ စမ်းကြည့်ပြီး လှုပ်ကြည့်လို့ ရပါတယ်။ ရင်သား နှစ်ဘက်စလုံးမှာ ဖြစ်နိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးတွေမှာပါ ဖြစ်တတ်ပြီး အမျိုးသမီးတွေကတော့ ပိုအဖြစ်များပါတယ်။

 

ဘာကြောင့် အလုံးဖြစ်ရတာလဲ
ဓမ္မာတာလာတဲ့အချိန်မှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီး ရင်သား ပုံစံ ပြောင်းလဲမှုတွေ ဖြစ်တတ်ပါတယ် ။ ဒါ့ကြောင့် ရင်သားကြီးထွားပြီး နာကျင်တာ၊ အလုံးပေါ်တာမျိုး ဖြစ်နိုင်ပါတယ်။ တစ်ခါတရံ ရင်သားကနေ အရည်တွေ ထွက်တာမျိုးတွေ့ရပါတယ်။ ဓမ္မလာတဲ့အချိန် အဖြစ်များပြီး သွေးဆုံးသွားရင်တော့ ရင်သားအကျိတ်ပေါ်တာတွေ တဖြည်းဖြည်း ပျောက်သွားတာမျိုး ရှိပါတယ်။
BREAST LUMP- BREAST CANCER SURGERY in Aligarh -Skin Hair Expert
 

တခြား အကြောင်းအရင်း

ကင်ဆာမဟုတ်တဲ့ ရင်သားအလုံးတွေ ဖြစ်လာရတဲ့ အကြောင်းအရင်းတွေ ကို အမျိုးအစား ထပ်ခွဲလို့ ရပါတယ်။ ဟော်မုန်းပြောင်းလဲတာကြောင့် ဖြစ်ပေါ်တဲ့ အမျိုးအစားအပြင်

  •     ပိုးဝင်တာ၊
  •     ဒဏ်ရာရတာ၊
  •     တချို့ ပုံမှန် သောက်သုံးရတဲ့ဆေးတွေကြောင့် အလုံး ဖြစ်တတ်ပါတယ်။


 

ဘယ်လိုလက္ခဏာတွေ ဖြစ်ရင် သတိထားရမလဲ

  •     အလုံးက ရင်သားရဲ့ သိသာထင်ရှားပြီး ကွဲပြားနေတာ၊
  •     ဓမ္မတာပြီးဆုံးသွားပေမယ့် အလုံးက မာပြီး ဆက်ရှိနေတာ၊
  •     အလုံးရဲ့ အရွယ်အစား ပြောင်းလဲလာတာ၊
  •     အရင်ကထက် ပိုပြီး မာကျောလာတာ
  •     ရင်သားတွေ မာတောင့်လာတာ၊
  •     အရေပြားတွေ နီရဲလာတာ၊
  •     နို့သီးမှ အရည်တွေ ထွက်တာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်ပါတယ်။


ဘယ်လို ကုသရလဲ
ဖြစ်တဲ့ ရင်သားအလုံး အမျိုးအစားပေါ် မူတည်ပြီး ကွာခြားပါတယ် ။  တချို့ကတော့ ကုသမှှုမလိုပဲ ပျောက်ကင်းသွားတာမျိုး ရှိသလို  တချို့ကလည်း သောက်ဆေးနဲ့ သက်သာသွားတာမျိုး ရှိပါတယ် ။ အပ်နဲ ့စုပ်ထုတ်ပြီး ကုသနိုင်သလို ခွဲစိတ်မှှုတွ လုပ်ရတာလည်း ရှိတတ်ပါတယ် ။ ဆရာဝန်ကြီးတွေနဲ့ လိုအပ်သလို တိုင်ပင်နိုင်ပါတယ်။

ဘယ်လို ကာကွယ်ရမလဲ
အသက် ၂၀ ပြည့်ပြီးတဲ့ အမျိုးသမီးတိုင်း တစ်နှစ်ကနေ သုံးနှစ်တစ်ခါ ရင်သားစစ်ဆေးတဲ့နည်းနဲ့ ရောဂါကြိုတင် ရှာပြီး စောစောစီးစီး ကုသနိုင်ပါတယ်။ အသက်ကြီးလာလို့ ရောဂါ ရင်သားဆိုင်ရာ ရောဂါလက္ခဏာတွေ မရှိတောင် ရင်သား ဓာတ်မှန် ပုံမှန် ရိုက်ကြည့် စစ်ဆေးပြီး ကြိုတင်ကာကွယ်သင့်ပါတယ်။


ဒေါက်တာအောင်ပြည့်ဖြိုးဦး
Reference – https://www.webmd.com/breast-cancer/benign-breast-lumps

No comments