New Artical

တပင်ရွှေထီးပင် ( Sensitive plant)


တပင်ရွှေထီး Sensitive plant

Biophytum petersianum Klotzsch.,
Biophytum sensitivum (L.) DC.,
Oxalis sensitiva L.,
Family.Oxalidaceae
Tabin shwe hte   
English name  : Sensitive plant, magic plant      
Flowering : October to December   

လက်နဲ့ထိလိုက်ရင်ညှိုးသွားတတ်တဲ့ “ထိကရုံး” ပင်ဆိုတာလူတိုင်းသိကြပါတယ်၊ ပန်းရောင်အလုံးလေးတွေပွင့်တတ်သော ထိခရုံးပင်ကို  Mimosa pudica လို့ခေါ်ပြီး မျိုးရင်း  Fabaceae ထဲကအပင်လေးပါ၊ နေရာမရွေးပေါက်ပြီး တပင်လုံး ဆူးများရှိပါတယ်၊  ဒီအပင်လေးကို English လို Sensitive plants လို့ခေါ်ကြတယ်၊ ထိလိုက်ရင်ညှိုးတတ်ပြီး  ထိလွယ်ရှလွယ်ရှိတတ်တဲ့သဘောကို ဆောင်လို့ sensitive plants ခေါ်တာပါ၊
အခုကျနော်ကောက်ယူရတဲ့ အပင်လေးတွေကိုတော့ မိတ်ဆွေတို့ မြင်ဖူးသူနဲမှာပါ၊ အပင်ကြီးတွေရဲ့ အောက် ခြေပိုင်း၊ လောင်းရိပ်ကိုနှစ်သက်ပြီး မြေဆွေးပေါတဲ့နေရာတွေမှာတွေ့နိုင်မှာပါ၊  ပေါက်ရင်လည်း အစုလိုက် ပေါက်တတ်ကြတယ်၊ သူ့ကိုလည်း “sensitive plant” ခေါ်ပါတယ် ၊ နွေရာသီမှာ သူ့ကို လုံးဝ မတွေ့ရဘဲ အခုလို မိုးတွင်းကြမှ ပေါ်လာတတ်သော အပင်လေးတွေပါ၊ မတော်တဆ  အပင်ကိုထိလိုက်ရင်ဘဲ ခဏအတွင်း အရွက်လေးတွေ ပူးကပ်သွားလို့ပါ၊ မကြာခင်ပြန်လန်းလာပါတယ်၊  ဒီအချက်က အပင်ကိုစားမည့် အရွက်စား သတ္တဝါတွေကို လှည့်စားနိုင်ပါတယ်၊ သတ္တဝါတွေက ညှိုးတဲ့အပင်တွေကိုမစားပါဘူး၊  မျိုးရင်းက Oxalidaceae ဖြစ်ပြီး ထိကရုံးပင်နဲ့ လုံးဝမသက်ဆိုင်သော အပင်လေးဖြစ်ပါတယ်၊ ဂန့်ဂေါဖက်မှာတော့ အပင်ပုံစံကြည့်ပြီး “တပင်ရွှေထီး”ခေါ်ကြတယ်၊ ဒေသလိုက်လို့ အမည်အမျိုးမျိုးရှိသောအပင်လေးပါ၊ မိုးများသော နေရာဒေသများ နဲ့ သစ်တောတိုင်းမှာ အလေ့ကျ ပေါက်ပါတယ်၊
တတ်သိနိုင်သောလက္ခဏာများအနေဖြင့်
အပင်လေးက ၆လက်မသာသာမြင့်သော ဆူးမပါသောပင်ပြောလေးပါ၊ ကိုင်းဖြာခြင်းမရှိသော ပင်စည်လေးတခုသာပါပြီး ထိပ်ဖြားမှာ အရွက်လေးတွေစုထွက်နေတာမို့ အုံးပင်လေးနဲ့တောင် ဆင်လှတယ်၊ အရွက်က ရွက်ပေါင် paripinnate compound ဖြစ်ပြီး ရွက်လွှဲထွက်ကြတယ်၊  ရွက်မွှာ 18-20 လောက်ပါကြတယ် ထူးခြားတာက ရွက်မွှာလေးတွေက အဖြားဖက်ရောက်လေ တဖြေးဖြေး အရွယ်ကြီးလာလေလေပါဘဲ၊ ပန်းခိုင်  Inflorescences က ထိပ်ထွက်  terminal, pseudo-umbellate cymes အမျိုးအစားပါ၊ ပွင့်ကိုင်းအပေါ်မှာ ဂလင်းအမွှေး glandular hairs လေးတွေပါပါတယ်၊ ပန်းလေးတွေက “အဝါ” “လိမ္မော်”ရောင်ဖြစ်ပြီး လိင်စုံ အချိုးညီ ၅အင်္ဂါဆ ပန်းလေးတွေဖြစ်ကြတယ်၊ ပွင့်ဖတ် ပွင့်ချပ် ၅ ခုစီပါကြတယ်။ ဝတ်ဆံဖို Stamens ကတော့ 10 ခုပါတယ်၊ အခြေမှာစုဆက်ပြီး ပြွန်ငယ် သဖွယ်ဖြစ်နေတယ်၊ အသီးကတော့ အက်ကွဲသီး capsules အမျိုးအစားပါ၊ ရင့်မှဲ့သောအခါ ပေါက်ကွဲတတ်သော ယန္တရား နဲ့ အက်ကွဲတတ်တယ် ၊  ဒီအပင်လေးကို ကျနော်တို့သိတာက ဘာမှမထူးဆန်းလှတဲ့ သဘာဝပေါင်းပင်လေး အဖြစ်အနေနဲ့သာသိတာပါ။
ဒါပေမဲ့ ဒီအပင်လေးက အလွန်ဆေးဝင်သောအပင်လေး ဖြစ်တယ်လို့ပြောရင်မိတ်ဆွေတို့ အံသြမိမှာပါ၊
အောက်မှာ ဖော်ပြထားသော အချက်တွေက ဒီအပင်လေး ဘယ်လောက် အသုံးဝင်ကြောင်းကို ဖော်ပြနေပါတယ်၊
Biophytum  is a  wonderful herb used for curing several lifestyle diseases. -
Leaves and roots of this herb  are styptic အမြစ်အရွက်တွေက ထိခိုက်ဒဏ်ရာက သွေးထွက်ခြင်းကိုရပ်တန့်စေနိုင်တယ်။ . Decotion made  of  Biophytum leaves is given for diabetes , asthma and other disease အရွက်ပြုတ်ရည်ဟာ ဆီးချိုရောဂါ၊ ပန်းနာရင်ကြပ် နှင့် အခြားသောရောဂါများအတွက် အသုံးပြုနိုင်တယ်၊
ဒီအပင်လေးကို သုံးပြီး ကုသနိုင်သောရောဂါတွေကများပြားလှတယ်၊
This little herb is useful in treating following disease -
**Arthritis အဆစ်ရောင်နာ, **Back Pain, **Bone Spur, **Bursitis, **Carpal Tunnel Syndrome, **Cervical Spondylosis, **Degenerative Joint Disease, **Degenerative Neck Disease, **Fibromyalgia, **Leg Cramps, **Leg pains, **Osteoarthritis အရိုးအဆစ်ရောင်ရမ်းနာ , **Rheumatoid Arthritis, **Sprains, **Stiff Neck, **Tendonitis and **Tennis Elbow .အများစုက အရိုးအဆစ်နဲ့ဆိုင်သော ရောဂါ တွေဖြစ်နေတာကလည်း ထူးခြားလှပါတယ်၊ (Herbtin facebook)
ဒီအပင်လေးရဲ့ အသုံးဝင်ပင်တွေကို Google.com မှာ သိပ္ပံ အမည်ကို ရိုက်ထည့်ပြီးရှာရင် အများကြီးတွေ့ရမှာပါ၊ ကျနော်ကတော့ ကိုယ့်ဝန်းကျင်မှာ ဒီလိုအဖိုးတန်လှတဲ့အပင်လေးတွေရှိတယ်ဆိုတာကို knowledge တခုအနေနဲ့တင်ပြပေးတာပါ၊ သုတေသန ပြုသင့်သော့ ဆေးဖက်ဝင် ပေါင်းပင်လေးတွေပါ၊ ကဲမိတ်ဆွေတို့ရော မြင်ဖူးကြပါရဲ့လား..ကိုယ်နဲ့ မနီးမဝေးမှာ ဒီအပင်လေးတွေရှိနေတယ်နော်….
 

သက်နိုင်ဦး  ဟုမ္မလင်းကောလိပ်

No comments