New Artical

ရှောင်သင့်တဲ့ အိမ်သုံးသန့်ရှင်းရေးပစ္စည်းများ


ရှောင်သင့်တဲ့ အိမ်သုံးသန့်ရှင်းရေးပစ္စည်းများ

အိမ်သုံးသန့်ရှင်းရေးပစ္စည်းများမှာ ဓာတုဗေဒပစ္စည်းတွေ ပါပါတယ်။ တစ်ချို့ဓာတုပစ္စည်းတွေက သုံးကာစမှာ မသိသာပေမယ့် ကြာရှည်သုံးစွဲပါက ကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်စေလာနိုင်ပါတယ်။ အောက်ဖော်ပြပါ ဓာတုပစ္စည်းများ မသုံးစွဲခြင်းဖြင့် သင့်အိမ်အား အဆိပ်အတောက်ကင်းစေပါလိမ့်မယ်။

ကလိုရင်းနိတ်ဖီနောများ (Chlorinated Phenols)
———————————————

သန့်စင်ခန်းအတွင်းရှိ ကမုတ်များ၊ အိမ်သာအထိုင်များအတွက် သန့်ရှင်းရေးသုံးပစ္စည်းများအဖြစ် ရောင်းချလျက်ရှိပါတယ်။
ထိုအနံ့များကို ရေရှည်ရှူသွင်းနေရပါက အသက်ရှူလမ်းကြောင်းနှင့် သွေးလည်ပတ်မှု စနစ်များ အဆိပ်အတောက်ဖြစ်နိုင်ပါတယ်။

ဒိုင်အီသလင်းဂလိုင်ကော (Diethyene Glycol)
——————————————–
မှန်ပြတင်း ကြည်လင်အောင်သုတ်တဲ့ ဆေးရည်တွေမှာ ထည့်တဲ့ဓာတုပစ္စည်းများဖြစ်တယ်။
အာရုံကြောထိခိုက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

နန်းဖီနောအီသောက်စီလိတ် ( Nonylphenol Ethoxylate)
————————————————————-
အဝတ်လျှော်ဆပ်ပြာတွေမှာ အများဆုံးထည့်လေ့ရှိတဲ့ ဓာတုပစ္စည်း ဖြစ်တယ်။ ဥရောပမှာ မသုံးစွဲကြဖို့ တားမြစ်ထားပါပြီ။

ဖော်မယ်လ်ဒီဟိုက်
——————–
ဖော်မယ်လ်ဒီဟိုက်ကို အနံ့အသက်ကောင်းအောင်ဖျန်းတဲ့ စပရေးတွေမှာ ထည့်သွင်းလေ့ရှိတယ်။
အသက်ရှူလမ်းကြောင်းကို ကသိကအောက် ဖြစ်စေတတ်တယ်။ ကြာရှည်ထိတွေ့ ရှူသွင်းပါက ကင်ဆာရောဂါတွေ ဖြစ်လာနိုင်စရာရှိတယ်လို့ သံသယ ဖြစ်နေတဲ့ ဓာတုပစ္စည်းများထဲမှာ ဖော်မယ်လ်ဒီဟိုက် ပါဝင်ပါတယ်။

ပက်ထရိုလီယမ်ဆော်လ်ဗင့်
—————————-
ကြမ်းပြင်သန့်ရှင်းရေးပစ္စည်းများထဲမှာ အများဆုံးသုံးတဲ့ ဓာတုပစ္စည်းပါ။
သူကလည်း အသက်ရှူလမ်းကြောင်းနဲ့ အူအမြှေးအလွှာတွေမှာ အဆိပ်အတောက်ဖြစ်စေ တတ်တာမို့ သတိထားသင့်တယ်။

ပါကလိုရိုအီသလင်း
———————
အိမ်ကြမ်းပြင်နဲ့ နံရံအပြင် အခြားစက္ကူများပေါ်မှာ ဖြစ်ပေါ်တဲ့ အစက်အပြောက်တွေ၊ အစွန်းအထင်းတွေ ဖျက်ဆေးအဖြစ် သုံးလေ့ရှိတတ်တယ်။
သူကလည်း အသည်း နဲ့ ကျောက်ကပ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။

ဗျူးတိုင်စယ်လိုဆော့ဖ်
———————–
အိမ်သုံးသန့်ရှင်း ပစ္စည်းမှန်သမျှမှာ ဒီဓါတုဆေးပစ္စည်း မပါမဖြစ်ပါပဲ။
သူကလည်း ရိုးတွင်းခြင်ဆီ၊ အာရုံကြောအဖွဲ့၊ ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

Credit:

No comments