New Artical

ဆင်တုံးမနွယ်၏ကောင်းခြင်းများ




ရုက္ခဗေဒအမည်- Tinospora          Cordifolia Miers

မျိုးရင်း            -  Menisper Maceae

ဟိန္ဒီ              -   ဂဇော


     ဆင်တုံးမနွယ်သည် နွယ်ပင်မျိုးဖြစ်၍ အသက်ရှည်ဆေး လေးပါးတွင် ပါဝင်သည်။ 


အသက်ရှည်ဆေး လေးပါးမှာ -


ဆင်တုံးမနွယ် ၊ 

ရှားဆောင်းလက်ပတ်၊ 

ငုကြီးပင်၊

ပျားရည် တို့ဖြစ်သည်။


  နွယ်ပင်စည်ပြောင်ချောနေသောအပင်ကို ဆင်တုံးမနွယ် အမပင်ဟူ၍လည်းကောင်း အဖုကလေးများပါသော အပင်ကို အဖိုဟူ၍ ခေါ်ဝေါ်ကြသည်။ 


တနည်းအားဖြင့် ပြောင်ချောနေတာကို 

ရိုးရိုးဆင်တုန်းမနွယ်ခေါ်၍ 

ဆူးများပါသည်ကို 

ဆင်တုန်းမနွယ်ဆူးပေါက်ဟုလည်းခေါ်ကြသည်


ပင်စည်ကို ဓားဖြင့်ထစ်ရာမှ 

ထွတ်လာသောအစေးကို ကြည့်ပြီး 

အဖြူ မျိုး၊ အဝါမျိုး၊ အနက်မျိုး ဟူ၍ခွဲခြားသတ်မှတ်ကြသည်။


မြန်မာရှေးဟောင်းကျမ်းတို့၌

 `ဆင်သမနွယ်ငန်းရူး

`ဆင်သမနွယ်မြွေဟောက်ဟုလည်း

ခေါ်ဝေါ်သုံးနှုံးတတ်သည်။


   အပင်၏ အတွင်းသားမှာ အသားမျှင်များဖြင့် ဖွဲ့စည်းထားပြီး လေဓာတ်နှင့်ရေဓာတ်ကို စုပ်ယူထားသည်။


အသက်ရလာသောအခါ 

ကိုယ်ခန္ဓာမှ ဆုတ်ယုတ်လာသော 

လေဓာတ်နှင့် သွေးဓာတ်များကို 

ဆင်တုံးမနွယ်ပင်က

ဖြည့်ဆည်းပေးနိုင်သည်။


       `ဆင်တုံးမနွယ်သည် 

ခါး၏၊  

စပ်၏၊  

ပူ၏၊ 

ဝမ်းချုပ်၏၊ 

အဖျားအလုံးစုံကိုနိုင်၏၊ 

ဝမ်းမီးချက် ပြီး နောက် ချို၏၊ 

အားကိုဖြစ်စေ၏၊ 

ဒေါသသုံးပါးကိုနိုင်၏၊ 

ရေငတ်ခြင်း၊ 

ကိုယ်ပူခြင်း မောဟနာ၊ 

သုတ်ခမ်းသောအနာ 

ပဏ္႑ုနာ၊ 

ခူနာတို့ကိုနိုင်၏။

အဖျားရှိသမျှကိုနိုင်၏။ 

အိုခြင်းနာခြင်းကိုပယ်၍

အသက်ကိုရှည်စေတတ်၏။

(ယောအတွင်းဝန် ဦးဖိုးလှိုင်၏  ဥတုဘောဇနကျမ်း)

    

ဆင်တုံးမနွယ် ခါးတဝ၊ 

လေကားကြေစေသည်။ 

ကြောင်ပန်းရွက်ခါး  လေသက်များ 

မမှားမှတ်ရမည်။

ခံတက်ခါးဆိုပူတယ်ဆို ၊ 

လေကိုပြေစေသည်။

ဤဆေးသုံးပါး လေကြမ်းများ 

မမှားမှတ်ရမည်။

(ကျမ်းပြုအကျော် ခံဗူးဆရာတော်) 


`ဥဒ္ဓံ ယာဝ အဓောလေ၊ 

လက် သုံးချောင်း မွှေကာယူလျက်၊ 

လေမင်းပျက်ပျက် အောက်သို့ပါ၊

လေတကာတွေ မွှေထုတ်တယ်၊ 

ဝေဒနာတွေ ဆုတ်တယ်။ 

မီးမှုတ်ဖို့ မကြွင်း။ 

လေကိစ္စမှန် ဘယ်ဥဒ္ဓံ ပူရှိန်လို့။ မီးယပ်ပိန်ဆိုလို့ဝင်းရမယ်။

တက္ကသိုလ် တစ်ပြည်လုံးမှာကွယ်

ှသုံးနေကြဆေး။

(ရကန်ဆရာကြီး ဦးလန်း) 

 

ဆင်းတုံးမနွယ်အခိုးသတ်

   #ဆင်တုံးမနွယ်  ၁ပိသာကိုနုပ်နုပ်စဉ်းပြီး ဆန်ပုန်းရည် ၂ပိသာ ထည့် ဆား ၃၀ကျပ်သားဖြူးး ယင်းတို့ကိုရေခန်းပြုတ်ရမည်။ ပြုတ်ရေများ ခန်းလျင် ဆယ်ယူ၍ အခြောက်လှန်း အမှုန့်ကြိတ်ပြီး မှီဝဲနိုင်သည်။

(ကျမ်းပြုအကျော်  သိမ်ဖြူဆရာတော်) 

 

အထက်ပါကဲ့သို့ အခိုးသတ်ထားသော 

ဆင်တုံးမနွယ်မှုန့် နှင့်  အလေးချိန်အတူ 

မြင်းခွါရွက်အမှုန့်

ဘုမ္မရာဇာအမြစ်မှုန့်   

တို့ကို ဆတူယူပြီး 

ပျားရည်စစ်စစ်ဖြင့် သမအောင်ရောနယ်


{ဆင်စီးပြီး မြင်းရံ ဘုမ်တီးပြီး ပန်းပန် လင်္ကာ}


{[ဆင် က ဆင်တုံးမနွယ် 

   မြင်း  က မြင်းခွါရွက် 

   ဘုမ်  က ဘုမ္မရာဇာ 

   ပန်းပန် က ပျားရည်  ]}


တစ်နေ့ တစ်ကြိမ် လဘက်စားဇွန်းဖြင့် တစ်ဇွန်း  ရေနွေး ရေအေး သင့်ရာဖြင့် 

နေ့စဉ်ပုံမှန်စားပေးပါက  အသက်လေးဆယ်ကျော်၍ ဆုတ်ယုတ်လာသော လေဓါတ် သွေးဓါတ် တို့ကို ပြန်လည်ပြည့်စေနိုင်သဖြင့် 

အမောအပန်းခံနိုင်ခြင်း 

အသားအရေ တောင့်တင်း ပြည့်ဖြိုးခြင်း 

ဆံပင်ဖြူနောက်ကျခြင်း 

အရွယ်တင်ခြင်း စသော အကျိုးများစွာကို 

 ရရှိစေပါသည်

လေကိုကြေစေ၏၊ 

သွေးကိုငြိမ်းစေ၏၊ 

တြိဒေါသနာ 

ဓာတ်ကျိုးဓာတ်ပျက်နာ 

ဝမ်းပျက်နာ 

ပျို့အန်နာ 

အဖျားနာ 

ချောင်းဆိုးနာ 

လည်ချောင်းနာ 

သလိပ်နာ တို့ကိုပျောက်ကင်းစေနိုင်၏။ 

ဓာတ်မီးတောက်ခြင်းကိုပြုတက်သောကြောင့် အစာကြေခြင်းကိုဖြစ်စေ၏။

.(ရူတော်မူဆေး အဘိဓာန်)

  

   ကိုယ်ခန္ဓာမှ ချို့ယွင်းသွားသော သွေး၊ 

အားနည်းသွားသော အကြော၊ 

ခြောက်ခမ်းသွားသော အရည် တို့ကို 

ဆင်တုံးမနွယ်က 

ပြန်လည်အားဖြည့်ပေးစေနိုင်သည်။ 


အညှီဓာတ် 

ကစီဓာတ် 

အညစ်အကြေးပိတ်ဆို့မှုတို့ကို 

ပယ်ဖြတ်နိုင်စွမ်းရှိသည်။ 


လူ့အသက်ဆိုအပ်သော 

သွေးဓာတ် လေဓာတ်တို့ကို 

အကျိုးပြုသဖြင့် 

နေ့စဉ် မှီဝဲခြင်းဖြင့် 

ရောဂါများမှကင်းဝေးနိုင်သည်။



Credit to original

No comments