New Artical

အရေပြားက သတိပေးတဲ့ လက္ခဏာများ


အရေပြားက သတိပေးတဲ့ လက္ခဏာများ

  အရေပြားပေါ်မှာ တွေ့ရှိရတဲ့ပြောင်းလဲမှုများဟာ ထိုသူတွင် ကျန်းမာရေးအရင်းခံ အကြောင်းရင်းများ ရှိနေတတ်ပါတယ်။

အရေပြားများ (သို့မဟုတ်) နှုတ်ခမ်းများခြောက်သွေ့ပြီး အဖတ်များဖြစ်နေခြင်း

  • ဒီလက္ခဏာကတော့ ရေဓာတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာ ဖြစ်ပါတယ်။
  • ဒါ့အပြင် ချွေးထွက်တဲ့ အကျိတ်များရဲ့လုပ်ငန်းဆောင်တာ ထိခိုက်နေခြင်းကိုလည်း ပြပါတယ်။
  • သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု နည်းပါးနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အရေပြားအရောင်ပြောင်းနေခြင်း

  • အရေပြားမှာ ပုံမှန်အတိုင်း အသားအရောင်မရှိဘဲ ပြောင်းလဲမှုတွေ (ဥပမာ- အရေပြားအရောင်ဖျော့နေခြင်း) သည် သွေးအားနည်းရောဂါ၏ သတိပေးလက္ခဏာသာ ဖြစ်နိုင်ပါတယ်။
  • အရေပြားက အဝါရောင်သမ်းနေလျှင် အသည်းရောဂါဖြစ်နိုင်ပါတယ်။
  • နှုတ်ခမ်းများနှင့် လက်သည်းခွံအောက် အရေပြား ပြာနှမ်းနှမ်းဖြစ်နေခြင်းသည် နှလုံးရောဂါ သို့မဟုတ် အဆုတ်ရောဂါဖြစ်နေခြင်းကို ညွှန်ပြနေပါတယ်။

အနီကွက်များနှင့် အမည်းအစွန်းများ ထင်နေခြင်း

  • အစာခြေလမ်းကြောင်းပြဿနာများရှိနေလျှင် အရေးပြားမှာ အနီကွက်များနှင့် အမည်းအစွန်းများ ဖြစ်လာနိုင်ပါတယ်။
  •  ယားယံသော အနီကွက်များကတော့ အူလမ်းကြောင်း ရောဂါတစ်ခုခု ဖြစ်နိုင်ပါတယ်။
  • ပါးနှစ်ဖက်ပေါ်မှာ လိပ်ပြာပုံသဏ္ဌာန် အနီကွက်ဖြစ်ရင်တော့ အရေပြားလေးဖက်နာတစ်မျိုး (Lupus) ဖြစ်နိုင်ပါတယ်။
  • ဓာတ်မတည့်ခြင်း၊ နှင်းခူရောဂါဖြစ်ခြင်းတို့ကြောင့် အရေပြားပေါ်တွင် အနီကွက်များ ပေါ်နိုင်ပါတယ်။

မျက်လုံးအောက်တွင် အိတ်တစ်ခုသဖွယ် ဖြစ်နေခြင်း

  • မောပန်းနွမ်းနယ်နေတဲ့ မျက်လုံးများလို ဖြစ်နေခြင်းဟာ နာတာရှည် ဓာတ်မတည့် ပြဿနာ ကြောင့် သွေးကြောများဖောင်းပြီး အိတ်သဖွယ် တွဲကျနေခြင်းဖြစ်ပါတယ်။
  • ထိခိုက်ခံစားလွယ်တဲ့ အရေပြားဆိုလျှင် မျက်နှာတစ်ခုလုံး ပြည့်ဖောင်းနေပြီး ခရမ်းပြာရောင် သမ်းနေတတ်ပါတယ်။

Credit

No comments