New Artical

အိမ်ထောင်သည်များဖတ်ရန်ဆောင်းပါး

 

အိမ်ထောင်သည်များဖတ်ရန်ဆောင်းပါး

လူတို့ရဲ့ သဘာဝက ဘယ် ကိစ္စမှာမဆို အမြဲတမ်းပြုလုပ် ဆောင်ရွက် ရတာဆိုရင် ကြာလာတဲ့ အခါ ရိုးအီငြီးငွေ့လာတဲ့ သဘောရှိပါတယ်။
ကာမရာဂ သံဝါသအမှု ပြုကြတဲ့အခါမှာလည်း နေ့စဉ်နေ့တိုင်း ဒီလူ၊ ဒီပုဂ္ဂိုလ်၊ ဒီနည်း၊ ဒီပုံစံ၊ ဒီ အချိန်၊ ဒီနေရာဆိုသလို အဖန်ဖန် တလဲလဲ တစ်ပုံစံတည်း ဖြစ်လာတာ ကြာရင် ငြီးငွေ့လာမှာ အမှန်ပါပဲ။
အဲဒီအခါ ကိုယ့်လူရဲ့ စိတ်က ဟိုဟာလေးနဲ့ဆိုရင် ပိုပြီးဇိမ်ရှိမလား၊ ဒီဟာလေးကို ပြောင်းကြည့် လိုက်ရင် ကောင်းမလားနဲ့ ထွေလီဆန်းပြား စိတ်ကစားကာ ဖောက် ပြားချင်စိတ်တွေ တတုံ့တတုံ ပေါ်လာတတ် ချည်ရဲ့။ ကိုယ့်လူစိတ်က ချွန်းမအုပ်နိုင်ရင် လက်တွေ့ ကွင်း ဆင်းချင်စိတ်တွေပေါက်၊ တချို့ လည်း ကွင်းထဲအထိရောက်သွား ကာ ဘာမှမဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။ တစ်ခုခု ဖြစ်ပြီဆိုရင်တော့ တစ်ခုခုဖြစ်ပြီလို့သာ မှတ်တော့။ လင်မယားချင်း စကားများမယ်၊ စိတ်ဆိုးမယ်၊ အပြန်အလှန် ပြောကြဆိုကြ၊ ပေါက်ကွဲကြနဲ့ မလို လားအပ်သော ပြဿနာတွေ ပေါ် ပေါက်လာကာ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုသလို အိမ်ထောင်ရေးပါ ထိခိုက်လာနိုင် သဗျ။
ဒါ့ကြောင့် အဲဒီလိုအဖြစ်မျိုး တွေ ကိုယ့်လူတို့တစ်တွေ မရောက် ကြရအောင် ဘေးလူမပါဘဲ၊ ပါဝင်ပတ်သက်မှုမရှိဘဲ အိပ်ခန်းအတွင်း အပြောင်းအလဲလေးတွေ စမ်းသပ်ကြည့်နိုင်အောင်လို့ နည်းလမ်းလေး အချို့မျှဝေပေးလိုက်တယ်ဗျို့။
တကယ်တော့ ကိုယ့်လူတို့ အိပ်ခန်းနဲ့ အိပ်ရာအပေါ်မှာ ပိုမို၍ စိတ်ဝင်စားစရာကောင်းသော ကိစ္စလေးတွေ ပြုလုပ်မယ်ဆိုရင် သိပ်ရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး၊ ခက်ခက်ခဲခဲလည်း မရှိပါဘူး။ ရိုးစင်း လွယ်ကူသော လုပ်ဆောင်မှုလေး တွေကို ကိုယ့်လူတို့ ခြုံတဲ့စောင် တွေ၊ အိပ်ရာတွေကြားမှာ ဖန်တီးပြီး ခေတ်စကားနဲ့ပြောရရင် Hot လာနိုင်ပါတယ်။

အခြေခံသဘောတရားကတော့ ကွဲပြားခြားနားသော လိင်ဆက်ဆံမှု အနေအထားအသစ် ကလေးတွေ (Sex Position) ကျင့်သုံး ခြင်း သို့မဟုတ် တစ်နည်းအားဖြင့် ကိုယ့်လူရဲ့ ထိတွေ့ခံစားမှု အတွေ့ အကြုံတွေကို ပြောင်းလဲကြည့်ခြင်း ပဲဖြစ်ပါတယ်။

ကိုယ့်လူရဲ့ အတွင်းစိတ်ထဲမှာ ရှိနေတဲ့ ကလက်တက်တက်လို့ ထင်နေရတဲ့ ဒါမှမဟုတ် ကလေး ဆန်ဆန် အပြုအမူ၊ အလေ့အကျင့် လေးတွေကို ပြန်လည်ကျင့်သုံးရ မယ်ဗျ။ တည့်တည့်ပြောရရင် ကိုယ့် လူနဲ့ ကိုယ့်လူရဲ့ အိမ်ထောင်ဘက် သမီးရည်စားဘဝတုန်းက ပထမဦးဆုံး အကြိမ်နှစ်ယောက်တည်း ဆိတ်ကွယ် ရာမှာ တွေ့ကြတဲ့အခါ လုပ်ဆောင် မိခဲ့တဲ့ အနမ်းတွေ၊ အပွေ့အဖက် တွေ၊ ကယုကယ အကြင်နာလေး တွေ၊ တို့ကနန်း ဆိတ်ကနန်းလေး တွေ၊ လူပျို့လက် ဝက်မြီးလှုပ်ရှားမှု လေးတွေ စသည်စသည်တို့ကို ပြန်လည်ဖော်ထုတ် ငယ်ရုပ်ဆင် တသွင်ဆန်းပေးရမယ်ဗျ။

ဒါ့အပြင် ကိုယ့်လူရဲ့ စိတ်ကူး ပုံရိပ်ထဲက ပုံဖော်ကြည့်မြင်ထားတဲ့ လုပ်ဆောင်မှုလေးတွေကို ကိုယ့်လူရဲ့အဖော်နဲ့ မျှဝေပေးဖို့လည်း အရေးကြီးတယ်။ အဲဒီစိတ်ကူး ထူးခြားဆန်းကြယ်မှု (Fantasies) တွေက သူတို့တစ်ခါမှ စိတ်ကူးမရှိ ဘူးသောကိစ္စတွေဖြစ်လေ ပိုကောင်း လေပဲ။ ကိုယ့်လူရဲ့ ကိုယ်ပိုင်ဖန်တီး တီထွင်ထားသော အနေအထား လေးတွေ၊ ပုံစံလေးတွေရှိရင်လည်း မျှဝေပေးရမယ်။ အရေးကြီးတာက အဲဒီစိတ်ကူးတွေက အရမ်းကို ဟော့ (Hot) ပြီး Erotic Ideas တွေ ဖြစ်ဖို့လိုတယ်။
တကယ်လို့ ကိုယ့်လူတို့ လက်ထပ်ထားတာ နှစ်အနည်းငယ် ကြာခဲ့ပြီဆိုရင် ကိုယ့်လူတို့ နှစ်ယောက်အတွက် ရရှိနိုင်တဲ့ အချိန်အခွင့်အလမ်းတွေ ရှိလာခဲ့ ပြီ ဖြစ်ပါတယ်။ ပုံမှန်ပြုလုပ်နေကျ လုပ်ငန်းတွေကြားထဲမှာ အဲဒီအချိန် ကာလတစ်ခုခုကို ရှာတွေ့နိုင်ပါ တယ်။

(၁) အသစ်အဆန်းတစ်ခုခု ကြိုးစားကြည့်ပါ
အချိန်ကြာလာသည်နှင့် အမျှ စုံတွဲအများစုဟာ ကြိုတင်ခန့်မှန်း နိုင်သော ရေးဆွဲပြီးသား အချစ် ဇာတ်လမ်းအတိုင်းပဲ ခင်းကျင်းပြသ လေ့ရှိပါတယ်။ ဆိုလိုချင်တာက ညအိပ်ရာဝင် ကလေးတွေလည်း အိပ်၊ အခန်းတံခါးပိတ်၊ ကန့်လန့် ချ၊ မီးမှိတ်၊ သမားရိုးကျဇာတ်ညွှန်းအတိုင်း အိပ်ရာပေါ်မှာ ခင်းကျင်း ပြသရတာပါပဲ။ ဒီလိုဖြစ်နေတာကို ပြောင်းပစ်ရမှာဗျ။ အနည်းငယ် ကွဲပြားခြားနားသောလိင်ဆက်ဆံမှု အနေအထား ကျင့်သုံးရမယ်။ နမူနာအားဖြင့် လိင်ဖျော်ဖြေရေးအရုပ် (Sex Toys) လေးတွေသုံးပြီး နှိုးဆွ ပေးခြင်း၊ အဝတ်အစားကိုလည်း အပြောင်းအလဲဖြစ်အောင် သုံးစွဲ ခြင်း၊ ဆိုလိုချင်တာက ကိုယ့်လူတို့ စုံတွဲက ယခင်တုန်းက နှစ်ဦးစလုံး ဝတ်စုံတွေ အကုန်ချွတ်ပစ်တာ မဟုတ်ဘဲ ဆက်ဆံကြတာဆိုရင် ဒီတစ်ခါတော့ နှစ်ဦးစလုံး ကလေး ဘဝတုန်းကလို မိမွေးတိုင်း ဖမွေးတိုင်းအနေအထားနဲ့ ဆောင်ရွက်ခြင်း၊ အဝတ်ကို တစ်ပိုင်းတစ မပေါ့်တပေါ်လေးနဲ့ စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ဖြစ်အောင် ဝတ်ပြီး ဆက်ဆံကြခြင်း စသဖြင့်ပေါ့ဗျာ။ ကိုယ့်လူတို့ အိပ်ရာပေါ်မှာ ခင်းကျင်း ပြသနေတဲ့ ရှုခင်းကို တစ်စုံ တစ်ယောက်က မြင်တဲ့အခါ အရင် တုန်းက မြင်နေကျ သမားရိုးကျ အနေအထား မြင်ကွင်းရိုးရိုးကြီး မဟုတ်ဘဲ တစ်မျိုးတစ်ဖုံ အမြင် ဆန်းသစ်နေသော ရှုခင်းလေးပေါ့ ဗျာ။ ပြာလဲ့လဲ့ မီးလုံးလေး ထွန်းချင် လည်း ထွန်းလိုက်ဦး။

(၂) ဆယ်ကျော်သက်တွေလို အရူးအမူး ပွဲကြမ်းခြင်း
တစ်ခါမျှ လိင်ဆက်ဆံမှု အတွေ့အကြုံမရှိဖူးခဲ့ကြသေးသော ပထမဦးဆုံးအကြိမ်အဖြစ် ကြုံတွေ့ကြတဲ့ ဆယ်ကျော်သက်လေးတွေ ဟာ အရူးအမူး၊ အစွဲအလမ်း၊ ကြမ်း ကြမ်းရမ်းရမ်းနဲ့ အရူးအမဲသား ကျွေးမိသလို ကြမ်းတတ်ကြသဗျ။ နက်နက်ရှိုင်းရှိုင်းလည်း ခံစားကြ တယ်။ တရှိုက်မက်မက် နမ်းရှုတ်ကြတယ်။ ဒါ့အပြင် တစ်ဦးရဲ့ လိင် အင်္ဂါပစ္စည်းတွေကို တစ်ဦးက အပြန်အလှန်ပွတ်သပ် ဆော့ကစား ကြတယ်။ အဲဒီလိုပဲ ကိုယ့်လူတို့ စုံတွဲလည်း ပြန်လည်ဆန်းသစ် ကြည့်သင့်ပါတယ်။

(၃) ရိုမန်တစ် (Romantic) ဆွတ်ပျံ့ကြည်နူးဖွယ် ဇာတ်ကွက်လှုပ်ရှားမှု
သူတို့နိုင်ငံတွေမှာတော့ ဇာတ် ဆန်ဆန် စိတ်ကူးယဉ်လှုပ်ရှား ခံစား နိုင်သော လိင်ဆက်ဆံသည့် အပြု အမူတွေကို တိတိကျကျ တစ်တစ် ခွခွ ရေးသားဖော်ပြထားသော စာအုပ်တွေရှိသဗျ။ တစ်နည်းအား ဖြင့်ပြောရရင် ကာယလေ့ကျင့်ခန်း တွေကို ရေးသားဖော်ပြထားသလို မျိုး ဘယ်လိုအနေအထားနဲ့ ဆက်ဆံ ရမယ်ဆိုတာ ပုံနဲ့တကွပြထားတယ်။ အဲဒီစာအုပ်မျိုးကတော့ ဒီ ဆောင်းပါးမှာ အပြည့်အစုံဖော်ပြ လို့ မသင့်ဘူးပေါ့ဗျာ။ အဲဒီနည်းလမ်း တွေကို ကိုယ့်လူတို့စုံတွဲအနေနဲ့ လေ့လာဖတ်ရှုပြီး လက်တွေ့လိုက်နာ ကျင့်သုံးကြည့်နိုင်ပါတယ်။

(၄) ထူးခြားဆန်းကြယ်မှုများအား မျှဝေခြင်း
ပုံမှန်အားဖြင့် လင်မယား စုံတွဲအများစုက သံဝါသပြုတဲ့ကိစ္စကို လျှို့ဝှက်အပ်သောအရာ ထိန်းထိန်း သိမ်းသိမ်း မလွန်မကဲကျင့်သုံးသင့် သောအရာလို့ သတ်မှတ်ထားကြပြီး လှေကြီးထိုး ရိုးရိုးကလွဲလို့ ထူးခြား ဆန်းကြယ်သော ကိစ္စတွေကို ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း စိတ်ထဲမှာသာလျှင် တွေးမြင်ခံစား ကြည့်ပေမဲ့ ကိုယ့်ရဲ့အဖော်ကို မျှဝေ ပေးဖို့၊ ထုတ်ဖော်ပြောဆိုဖို့တော့ ခဲယဉ်းကြတယ်ဗျ။ ဒါပေမဲ့ အဲဒီ ကိစ္စက အလွန်အရေးကြီးကြောင်း ကိုယ့်လူရဲ့ ထူးခြားဆန်းကြယ်ပြီး စိတ်ပါလက်ပါ ရှိလှသော ဆန္ဒတွေ စိတ်ကူးတွေကို ကိုယ့်လူရဲ့ အဖော် ကို မျှဝေခြင်းဟာ မဖြစ်မနေလိုအပ် ကြောင်း အနောက်တိုင်း ကာမ သျှတ္တရ ပါရဂူတစ်ဦးက ပြောကြား ထားပါတယ်။ တကယ်လို့ မီးအလင်း ရောင် လင်းလင်းချင်းချင်းအောက် မှာ ပြုမူဆောင်ရွက်ရာမှာ ရှက်တယ် လို့ ခံစားရရင်တော့ ဖယောင်းတိုင် မီးလို မှိန်မှိန်ပျပျ အလင်းရောင် လေးနဲ့ ဆောင်ရွက်ပေါ့ဗျာ။ ပိုပြီး ကောင်းတာကတော့ ရိုမန်တစ် ဂီတသံလေးတွေ ပါးပါးလေး ဖွင့် ထားရင် ပိုပြီးစွဲမက်ဖွယ်ဖြစ်တာ ပေါ့။ နှစ်ဦးသား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း နီးနီးကပ်ကပ် ပိုပြီးရှိလာပြီဆိုရင်တော့ ကိုယ့်လူ ဖြစ်ချင်တဲ့ နောက်ထပ်ထူးခြား သော အသစ်အဆန်းတစ်ခုကို ဗြောင်ဖွင့်ပြောပြီး ဆောင်ရွက်ကြ ဖို့ မခက်ခဲတော့ဘူးပေါ့။

(၅) ဆင်းရဲသားဇာတ်ကား ကြည့်ခြင်း
အမှန်ကတော့ Sexy DVD ကို ဆိုလိုတာပါ။ အရပ်ထဲမှာ ဒီလို ကားမျိုးတွေမှာ သရုပ်ဆောင် အဖို၊ အမတွေကဆင်းရဲပြီး အဝတ်အစား မဝတ်နိုင်လို့ ကိုယ်လုံးတီးနဲ့ သရုပ် ဆောင်ရသလိုမျိုး တင်စားပြီး ဆင်းရဲသားဇာတ်ကားလို့ အသိများတဲ့အတွက် အဲဒီခေါင်းစဉ် တပ်လိုက်ရတာပါ။

ဇီဝတင်တို့ တက္ကသိုလ် ကျောင်းသားဘဝတုန်းကတော့ ဒီလိုကားမျိုးက အိမ်သုံးရုပ်ရှင် ပြစက်နဲ့ ပြတာကို ခိုးကြောင်ခိုးဝှက်သွားပြီး ပိုက်ဆံပေးကြည့်ခဲ့ကြရပေမဲ့ ဒီနေ့ခေတ်မှာတော့ DVD အချပ်အဖြစ် ဖောချင်းသောချင်း ဖြစ်နေပါပြီ။ လိင်ကျန်းမာရေး ပညာပေးဖို့အတွက် ကျန်းမာရေး ရှုထောင့်ကနေ ရိုက်ကူးထုတ်လုပ် ထားသော ဒီလိုဇာတ်ကားတွေက အနောက်နိုင်ငံတွေမှာတော့ တရားဝင်ရောင်းဝယ်လို့ ရပါတယ်။ အဲဒီကားတွေထဲမှာ လိင်ဆက်ဆံပုံ အနေအထားတွေ၊ နည်းလမ်းတွေကို စုံတွဲအစစ်တွေက လက်တွေ့ သရုပ်ဆောင် ပြသထားပါတယ်။ သူတို့ဘယ်လိုခံစားရတယ်ဆိုတာ တွေလည်း ပြောပြထားတယ်။ ကာမသျှတ္တရ အနေအထားတွေ၊ လိင်ပိုင်းဆိုင်ရာ ခန္ဓာဗေဒ စိတ် လှုပ်ရှားဖွယ် နိုးြွကစေသော အနင်း အနှိပ်တွေ ပါတယ်။ ပြီးတော့ အကြိုအဆင့် (Foreplay) ရဲ့ အခြေခံအချက်ကြီး ၄ ချက်ကို လည်း လက်တွေ့သရုပ်ပြ ရှင်းလင်းထားတယ်။ အဲဒီ ၄ ချက်ကတော့ (၁) ပါးစပ်အသုံးပြု ခြင်း (Oral Sex)၊ (၂) ရာဂစကား ပြောဆိုခြင်း (Erotic Talk)၊ (၃) ခံစားမှုပါသော ထိတွေ့ချက် (Sensual Touch)၊ (၄) နမ်းရှုတ်ခြင်း (Kissing) တို့ ဖြစ်ပါတယ်။

(၆) ကာမသျှတ္တရ ပါရဂူနှင့် တွေ့ဆုံခြင်း
ဒါနဲ့တောင်မှ ကိုယ့်လူတို့ စုံတွဲအတွက် ငြီးငွေ့ဖွယ်ရာဖြစ်နေသေး တယ်ဆိုရင် နောက်ဆုံးအဆင့်က တော့ ကိုယ့်လူတို့စုံတွဲ နှစ်ဦးစလုံး ကာမသျှတ္တရဆရာတစ်ဦးနဲ့ သွား ရောက်တွေ့ဆုံဆွေးနွေး အကြံပေး ခံယူခြင်းတို့ဖြစ်ပါတယ်။ သူတို့ နိုင်ငံတွေမှာတော့ အသိအမှတ်ပြု လက်မှတ်ရ ကာမသျှတ္တရဆရာ တွေ၊ ပါရဂူတွေ (Sex Therapist) ရှိပါတယ်။ အဲဒီ ပါရဂူတွေက လိင်မှုဆိုင်ရာ ကျန်းမာရေးပညာ၊ လိင်မှုဆိုင်ရာဖွံ့ဖြိုးမှုနှင့် လိင်မှု ဆိုင်ရာ ပိုမိုကောင်းမွန်တိုးတက် လာအောင်ဆောင်ရွက်မှုအကြောင်း တွေကိုပဲ ရှင်းပြကြမှာ ဖြစ်ပါ တယ်။
ကိုယ့်လူတို့ စုံတွဲတွေ ငြီးငွေ့မှု ကင်းပြီး အိမ်ထောင်သည်ဘဝ ပျော်ရွှင်သာယာခံစားနိုင်ကြပါစေ။

ဒေါက်တာဇီဝတင်

No comments