New Artical

စီးပွားရေးလုပ်တယ်ဆိုတာ

 

စီးပွားရေးလုပ်တယ်ဆိုတာ

ငွေ လိုချင်ရုံနဲ့တော့  စီးပွားရေး မလုပ်နဲ့၊  ခဏနဲ့ ပြန်ပြုတ်သွားမယ်။

အလုပ် မလုပ်ရရင် မနေနိုင်တဲ့ ​ရောဂါ ရှိမှ၊ စီးပွားရေးလုပ်။

ငွေက ကိုယ့်နောက်ကို လိုက်လာလိမ့်မယ်။

ငွေအရင်းအနှီး နည်းသွားလို့၊ အလုပ် မဖြစ်တာ မဟုတ်ဘူး၊

ဦးနှောက် ရင်းနှီးတာ၊ နည်းသွားလို့။

အလုပ် မဖြစ်တာ သေချာ မစဉ်းစားဘဲ၊ ငါးပွက်ရာပဲ ငါးစာလိုက်ချခဲ့လို့ အလုပ်မဖြစ်တာ။

မြန်မာလူမျိုးမို့ ပေါင်းလုပ်လို့ မရတာ၊ ကွဲကြတာ မဟုတ်ဘူး။

လုပ်ပိုင်ခွင့်၊ ခံစားခွင့်နဲ့ တာဝန်ယူမှုတွေကို အစကတည်းက 

ရှင်းရှင်း လင်းလင်း မခွဲဘဲ လုံးချခဲ့လို့ ကွဲကြတာ။

လုပ်ငန်း ဆုံးရှုံးသွားတာ၊ ဝန်ထမ်းတွေ ညံ့လို့ မဟုတ်ဘူး။

ပြိုင်ဘက်တွေ ညစ်လို့ မဟုတ်ဘူး။ ကိုယ် စီမံခန့်ခွဲတာ လိုသွားလို့။

အလုပ်တွေ များလို့ မပြီးတာ မဟုတ်ဘူး။

အချိန် နှင့် တာဝန် ခွဲဝေဖို့၊ စီမံခန့်ခွဲမှု မလုပ်လို့ မပြီးတာ။

တစ်ယောက်ထဲ လုပ်လို့ရတဲ့ ကိစ္စတွေကို 

နှစ်ယောက် လိုက်လုပ်နေလို့ အလုပ်တွေ မပြီးပြီးတာ။

အသုံးစရိတ် များလို့၊ အရှုံးပေါ်တာ မဟုတ်ဘူး။

အဖြုန်းစရိတ် များသွားလို့၊ အရှုံးပေါ်တာ။

လုပ်ငန်းကို သေးသေးပဲ စခဲ့လို့၊ ခင်ဗျား မအောင်မြင်တာ မဟုတ်ဘူး။

အိမ်မက် သေးသွားလို့၊ မအောင်မြင်တာ။

လုပ်ငန်းကို ကြီးကြီးစနိုင်လို့သူ ​အောင်မြင်နေတာ မဟုတ်ဘူး။

အိမ်မက်ကြီးကြီးနဲ့ စခဲ့လို့၊ သူ အောင်မြင်တာ။

အရင်းအနှီး များတဲ့သူနဲ့ လက်တွဲတိုင်း အောင်မြင်မှာ မဟုတ်ဘူး။

ရလဒ် ထွက်အောင် လုပ်မယ့်၊ တာဝန်ယူမယ့်၊ တာဝန်ခံမယ့် သူနဲ့ လက်တွဲမှ အောင်မြင်မှာ။

ဝန်ထမ်းတွေရဲ့ဘဝနဲ့ အရည်အသွေးကို တိုးတက်အောင် မပြောင်းလဲ ပေးနိုင်ရင် 

ကြီးကျယ်တဲ့ အလုပ်တွေကို ဖန်တီးလို့ မရဘူး။

မိုးထဲလေထဲ ရောက်ရင် ရှောင်နေတဲ့၊ အချောင်သမားတွေကို လက်တွဲ ဖြုတ်။

အပြောသမားကို လက်တွဲ ဖြုတ်။

ရလဒ် မထွက်တဲ့သူကို လက်တွဲ ဖြုတ်။

သူများ အပြစ်ပဲမြင်တတ်တဲ့သူဆို လက်တွဲ ဖြုတ်။

Theory နဲ့ Strategy တွေပဲ ထိုင်ရွတ်နေပြီး 

မြေပြင်မှာ ဝင်မကူတဲ့ သူဆို လက်တွဲ ဖြုတ်။

အသေးစိတ် အလုပ်တွေကို တာဝန်ခံပြီး၊ ကျားစီးဖားစီး လုပ်တဲ့သူကို လုပ်ပိုင်ခွင့် ပေး။

အမြဲတက်ကြွနေတဲ့သူကို လက်တွဲ ထား။

အလုပ်ကို ရူးသွပ်တဲ့လူကို ပံ့ပိုး၊ ဒါဆို ရလဒ်ထွက်မယ်။

အောင်မြင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဆိုတာ 

အိမ်မက် ထိုင်မက် နေတဲ့ သူတွေ မဟုတ်ဘူး။

မရပ်မနားကို လဲကျလိုက်၊ပြန်ထလိုက် လုပ်နေတဲ့သူတွေ။

ခင်ဗျား အလုပ် ဘယ်လောက်ရှုပ်ရှုပ်၊ ဘယ်သူမှ စိတ်မဝင်စားဘူး။

ခင်ဗျား ရလဒ် ထွက်အောင် လုပ်ပြမှ အားလုံးက စိတ်ဝင်စားတယ်။

နောက်ဆုံးပြောရရင်၊ စီးပွားရေး လုပ်တယ် ဆိုတာ..

ခင်ဗျားအကြောင်း သူများတွေ သိဖို့ထက်

သူများတွေ အကြောင်းကိုသာ ခင်ဗျားသိဖို့ ပို အရေးကြီးတယ်။

စီးပွားရေး လုပ်သူတိုင်း၊ ကြီးပွားတိုးတက် အောင်မြင်ကြပါစေ။

#Credit#

No comments