New Artical

ဘူ တာ အို


ဘူ တာ အို  

archinko

 မိုှင်းပြပြကောင်းကင်အောက်မှာ လူတစ်ယောက်မတ်တပ်ရပ်ကာ ရထားတွေလာလာကြည်.တာ ကျွန်တော်သတိထားမိသည်။သူ၏ရပ်တည်ခြင်းက
ပတ်ဝန်းကျင်ရှိအရာအားလုံးကိုမသိသလို။ရွေးလျားနေသောတိမ်တွေနောက်လည်းမလိုက်၊ အပြေးသွားနေသောလေညှင်းနှင့်လည်းခရီးမနှင် ၊
အသော.ကြွေနေသောရွက်ဝါကြွေပမာမပြု။မိုးဦးလေ၏ စူရှရှ အပ်ဖျားဖြင့်ထိုးသလို စူးရှလှသော လေအသွားကိုလည်းဂရုမမူ။လူအိုက
အဝေးကို တွေးငေးနေသည်။သူမျက်နှာမှာ ကာလသုံးပါး၏ တိုက်စားမှု့ကြောင့် အရေးကြောင်းတွေရှိသည်။ လောကဓံကို သယ်ပိုးခဲ့ရသောကြောင့်
သူခါးတွေပင် ကိုင်းလှပြီ။ သို.သော် ရထားတွေကိုမြင်လျှင်တော. သူမျက်လုံးတွေက မျှော်လင့်ချက်တွေဖြင့် ဝင်းလဲ.လာတတ်သည်။

 

ညနေတိုင်း သည်ဘူတာအိုမှာ သူသည်အဖိုးအိုကိုတွေ.နေရသည်။ကျနေအိုမျက်နှာမူနေတတ်သော အရွယ်လွန်တဦး။ တခါတလေတော. သူမျက်လုံးတွေက
ရထားလာရာဘက်ဆီ မျှော်လင့်ကြီး စွာငေးမျှော်နေတတ်သည်။တကယ်ဆိုတော. သူတို.မြိုမှာ ဘူတာဆိုလို. အိုဟောင်းနေသော သည်ဘူတာ တစ်ခုသာ
ရှိသည်။ဘူတာ ဆိုသော်လည်း လာသည်.ရထားတိုင်းရပ်သည်မဟုတ်။ ကြားဘူမဟုတ်လား။လူရိုသေ ရှင်ရိုသေ
ဘူတာမဟုတ်ဟုပြောသော်ရနိုင်သည်။သည်ဘူတာက သူတို.မြို.သည်အရာအားလုံးနှင်းဆက်စပ်နေပါသည်ဟုဆိုတာထက်ပို ပုံမရ။ခရီးသွား
ခရီးလာတွေတော. ကျိုးတိုးကျဲတဲ ရှိသည်။ငိုက်မြည်းနေသော လက်မှတ်ရောင်းနှင့် စာကလေးတွေလို
တစာစာအော်တတ်သော ဈေးသည်ကလေးတွေရှိသည်။သူတို.တွေက အစာ၀၀မစားရလို.ထင်သည် စာကလေးတွေလို
ပိန်သေးနေသည်။ရထားဆိုက်ရင်တော. သိသာသည် ရထားတွေက ငယ်သံပါအောင်အော်လာသောကြောင့်ဖြစ်သည်။

 

ရထားဘယ်အချိန်ဆိုက်သလဲ သိချင်၍
ရု့ပိုင်သွားမေးရင်တော. ဥညြသံ ကြားရင်ရထားဆိုက်တော.မယ် သူကသည်လိုဖြေမြဲ။ သူကိုယ်တိုင်းလည်းမသိလို.ဖြစ်နိုင်သလို
မဖြေချင်လို.လည်းဖြစ်နိုင်သည်။တခါတလေစိတ်ပါလို. ထင်သည် သူက အော်လံမှတဆငိ့

"မကြာခင် ရထားဆိုက်ပါတော.မယ် "

ဟုထအော်တတ်သည်။ထိုအခါတော. လူတွေက ပျင်းရိပျင်းတွဲထကာ ရထားလာရာကို ငေးကြည်နေတတ်ကြသည်။ ရထားကိုမြင်လျှင်တော. အဘိုးအိုက
သူပင်ရထားဖြင့်လိုက်ပါတော.မည်.ခရီးသည်လို ရထားလာရာဘက်သို.အပြေးလေးသွားတတ်သည်။ကျွန်တော် သည်လိုနှင့်အဘိုးအို
ကိုသတိထားမိခဲ.သည်။ကျွန်တော်လည်းတခါတရံ အပျင်းပြေအဓိပ္ပာယ်မရှိ ရထားတွေလာလာကြည်.တတ်သည်။

သည်လို.နှင့်တနေ.တော.အဘိုးအိုနှင်စကားဆိုဖြစ်သည်။

"အဘိုးက ခဏခဏ ခရီးထွက်တယ်ထင်တယ်"

အဘိုးအိုက မသိမသာပြုံးလိုက်သည်။

"အဘိုးငယ်ငယ်ကတည်းကနေ ဒီနေ.ထိ ရထားမစီးစီးဘူး ၊တနေ. တော. ရထားစီးပြီး မိုးကုတ်စက်ဝိုင်းရဲ.အနားစွန်းဆီ သွားနိုင်မယ်လို.မျှောလင့်တာပဲ" သူအသံက
တိုူးတိုးလေး သို.သော်ညင်သာလှသည်။ပြီး အဘိုးအိုက မိုးကုတ်စက်ဝိုင်းဆီကို မျှော်ငေးနေသည်။

ရုံပိုင်အခန်ဝမှ နာရီကြီးက တချက်ချက်ပင်မမည်တာ ကြာလှပြီ။နာရီလက်တံ သစ္စာရှိစွာနေရာတခုတည်းကို ညွန်ပြနေသည်။ ကျိုးပဲ.နေသောထိုင်းခုံပေါ်မှာ
လူတွေက အတင်းအားယူထိုင်နေကြသည်။ခွေးလေခွေးလင့်တွေကလည်း ပါးစပ်ဟကာ သန်းပြနေတတ်သည်။မြက်ပင်တွေက ရထားသံလမ်းကြားမှ
အပြိုင်းရိုင်းမတ်တပ်ရပ်နေကြသည်။ရထားလာလျှင်တော. သူတို.လည်းခေါင်းလျှိုရမည်သာ။ သည်ဘူတာက ဘူတာဆိုသော်လည်း ရထားနှင့်မအပ်စပ်သလို
တစ်နေ.ကုန်နေမှ ရထားသူံးလေးစင်းသာ ဖြတ်သွားတတ်သည်။ မလှမ်းမကမ်း တမာပင်အောက်မှာ ရေချမ်းစင်တစ်ခုရှိသည်။ရေအိုးထဲမှာ ရေက
စပ်စပ်ပင်မရှိတော.။

ရထားတွေက သည်ဘူတာမှာ ကြာကြာမရပ်။မပြီးဆုံးသေးသောခရီးကိုနှင်ရသလို
ခပ်သုတ်သုတ်ထွက်သွားကြသည်။သူသည်ဘူတာကိုစတင်ရောက်ရှိခဲ.သည်နေ.ကိုမှတ်မိသေးသည်။ရထားမမြင်ဘူးသေးသော သူကိုသူဖခင်က
ရထားပြရန်ခေါ်ခဲ.ခြင်းဖြစ်သည်။သည်တုံးက သူက ရထားစီးရင်ဘယ်ရောက်လဲ ဟုသူ.အဖေကိုမေးခဲ.သေးသည်။

"ဟိုးမိုးကုတ်စက်ဝိုင်းဆီကိုလား "

သူ.အဖေက သဘောကျစွာ ပြုံးနေခဲ.သည်။သူကြီးလာသည်တနေ. ရထားစီးပြီးအဝေးကို သွားမည်ဟု သူဆုံးဖြတ်ခဲ.သည်။ထို.ကြောင့်လည်းသူသည်
မီး၇ထားလတ်မှတ်ရောင်းသည်.အလုပ်လုပ်ခဲ.၇သည်ထင်သည်။ အခုတော. အဘိုးအိုက ရထားမစီးဖူးဖူးပြောတော. သူအလွန်အံ.သြနေမိသည်။

"ငါသေတဲ. အထိရထားစီးရပါမလား မသိပါဘူးကွယ်"

အဘိုးအိုက ၇ထားပေါ်မှာ လူများကို အားကျစွာကြည်.ရင်းဆိုနေသည်။သူမျက်လုံးတွေက
တစ်နေ.ကျငါလည်း အဝေးကို သွားမှာပါဟုပြောနေသရောင်။အဘိုးအိုက ဘူတာအိုလို အိုလှပြီ။ ဖြူလွသောဆံပင်တွေက သူခေါင်းထက်မှာဝဲကျနေသည်။
ကျွန်တော် ခရီးထွက်သည်.တစ်နေ. ရထားစီးဖို. သည်အဘိုးအိုကို ခေါ်သွားရင် ဆုံးဖြတ်လိုက်သည်။လူတစ်ယောက်၏ဆန္ဒတစ်စုံကို သူလေးစား၍ဖြစ်သည်။

မိုးအေးသောတစ်မနက်သူ ဘူတာကို ပျင်းရိပျင်းတွဲရောက်လာခဲ.သည်။

လူတွေက စုစုနှင့်မီးရထားသံလမ်းကို စုြ့ပုံတိုးခွေ.နေကြသည်။
သူခြေလှမ်းတွေကလည်း အလိုလို ထိုလူအုပ်ရှိရာခြေဦးလှည်.လိုက်သည်။ဖြူလွနေသော ဆံပင်တွေကို သူတွေလိုက်ရသည်။

သည်မနက်မည်သူမည်ဝါမှန်းမသိသော လူအိုတစ်ယောက် သံလမ်းပေါ်သေဆုံးနေတာ ရုံပိုင်ကြီးက စတင်တွေ.ရှိခဲ.သည်။အမြဲငိုက်မြည်းနေသော
ရုံပိုင်ကြီး၏မျက်လုံးတွေပင် ပြူးကျယ်ခဲ.ရသည်ဆိုသည်။

သေဆုံးနေသူက ရထားလာရာဘက်ဆီကို မျက်နှာမူထားသည်။ ခရီးသွားလွယ်အိတ်တစ်လံးုကိုလည်းသူနားမှာ တွေ.ရသည်။

"ခရီးသည်တစ်ဦးနဲ.တူတယ် ရထားမြင်တာနဲ.အတင်းတတ်တာကိုး၊ အသက်ကြီးတော.လက်မမြဲ.ပဲ ပြုတ်ကျတာလေ ရထားကလည်းအရှိန်မသေသေးတော. ....." 
သူဆက်ပြီးနားမထောင်တော.ပါ။

ထိုနေ.ကပတ်ဝန်းကျင်မှာ မိုးတွေအုံးမှိုင်းနေတာသူသတိပြုမိခဲသည်။

No comments