New Artical

ခါးနာရခြင်း အကြောင်း ( ၄ ) ရပ်


ခါးနာရခြင်းအကြောင်း(၄)ရပ်

လူတော်တော် များများ ခါးနာ တတ်ကြ ပါတယ်။ ခါးကို အသုံးပြု များတာနဲ့ အသက်အရွယ် ကြီးလာတာကြောင့်ပဲ ခါးနာတတ်တာ မဟုတ်ပါဘူး။ အောက်ပါ အကြောင်းအရာ တစ်ခုခု ကြောင့်လည်း ခါးနာ တတ်တယ်လို့ သုတေသန အသစ်တွေ အရ သိရပါတယ်။

၁။ဗီတာမင် Dလုံလုံ လောက်လောက် မရရှိလို့ပါ ဒဏ်ရာရလို့ ဒါမှမဟုတ် ရောဂါကြောင့် မဟုတ်ဘဲ နာတာရှည် ခါးနာတတ် သူတွေမှာ ဗီတာမင် D လုံလုံလောက်လောက် မရရှိဘူးလို့ နာကျင်မှု ဝေဒနာ အထူးကု ဆရာဝန် Stewart B Leavittက ပြောပါတယ်။ ခန္ဓာကိုယ်တွင်း ဗီတာမင် D အဆင့် နည်းတာဟာ ခါးနောက် ကျောရိုး အောက်ပိုင်း အရိုး ကျန်းမာရေး အတွက် အန္တရာယ်များတာနဲ့ ဆက်စပ်တတ်ပါတယ်။ ဗီတာမင် D ကို နေ့စဉ် ၂၀၀ IU ရအောင် ပမာဏ များများ သောက်ပေးပါ။ ခါးနာတာ သိသိသာသာ သက်သာ ဒါမှမဟုတ် ပျောက်ကင်းသွားမယ်လို့ Leavitt ကဆိုပါတယ်။

၂။သင်ဟာ ပုံမှန် ဝမ်းမသွားလို့ပါ အူမကြီး အောက်ပိုင်းမှာ ပိတ်ဆို့မှု ရှိတာကြောင့် ခါးအနောက်ပိုင်းမှာ ဖိအား ပေးခံ ရပါတယ်။ ဝမ်းချုပ် တာကြာရင် ခါးနာ တတ်ပါတယ်။ ဝမ်းမချုပ်အောင် ရေများများ သောက်ပါ။ အမျှင်များတဲ့ အစာများများ စားပါ။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။

၃။စိတ်ဖိစီးမှု များနေလို့ပါ ခန္ဓာကိုယ်ရဲ့ နာကျင်တာကို ခံနိုင်ရည် ရှိမှုဟာ မိမိရဲ့ စိတ်အခြေအနေ ပေါ်မှာ အများကြီး မူတည်ပါတယ်။ စိတ်ဖိစီးမှု ခံရတာများရင် ခါးကိုနာတတ်ပါတယ်။ စိတ်ဖိစီးမှုမရှိအောင်နဲ့ စိတ်ဓာတ် ကျဆင်းမှု မရှိအောင် စိတ်ဖြေ လျှော့နည်း လမ်းတွေ အသုံးပြုပါ။

၄။သင်ခါးရိုး ကောက်နေလို့ပါ သင်အသက် ကြီးလာရင် ခန္ဓာကိုယ် ခါးနောက်ကျော ကြွက်သားတွေ အားနည်း လာတာနဲ့ ကယ်လ်ဆီယမ် ချို့တဲ့တာကြောင့် ခါးရိုးမကြီး alignment မမှန်တာ ဖြစ်သွား တတ်ပါတယ်။ ဒါကြောင့် ခါးနာ တာဖြစ်ရင် ဆရာဝန်တွေ အနေနဲ့ ခါးရိုးကောက် နေတာလား ( Scoliosis ) ဒါမှမဟုတ် disk ပြဿနာလား၊ ဒါမှမဟုတ် ခါးအသုံးများလို့ ဖြစ်တာလား ဆိုတာ ခွဲခြား ရပါတယ်။

အသက်ကြီးလာလို့ ခါးရိုးကောက် သွားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေနဲ့ ကာကွယ်လို့ ရပါတယ်။ မိမိအရပ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ကို ထိန်းတာ၊ ခါးရိုးကြွက်သား အားကောင်းမယ့် လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ် ဖြတ်တာတွေ လုပ်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ခါးနာခြင်းမှ ကင်းဝေးကြပါစေ ...

No comments