New Artical

ကိုဗစ်ကာကွယ်ဆေးကို ဆန္ဒအလျောက် လာရောက်အထိုးခံသူများကိုသာ ထိုးပေးမည်ဟု အစိုးရကြေညာ

 


ကိုဗစ်ကာကွယ်ဆေးကို လူတိုင်းထိုးနှံပေးမည်မဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် လာရောက်အထိုးခံသူများကိုသာ ထိုးနှံပေးမည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာကန ကြေညာလိုက်ပါတယ်။ “ကိုဗစ် ကာကွယ်ဆေးနှင့် ပတ်သက်သော

မေးခွန်းနှင့် အဖြေများ” ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါကြေညာချက်တွင် ကိုဗစ်ကာကွယ်ဆေးသည် မိမိသဘောဆန္ဒအလျောက် ထိုးနှံ့ရမည့် ကာကွယ်ဆေးဖြစ်သည်ဟု ဖော်ပြထားပါတယ်။ ကာကွယ်ဆေးကို ထိုးနှံမည်ဟု ဆုံးဖြတ်ထားပါက

ရောဂါကူးစက်မှုကို ကာကွယ်နိုင်မည့် ကိုယ်ခံအားရရှိရန် သတ်မှတ်အကြိမ်အရေအတွက်ကို ပြည့်အောင်ထိုးနှံရမည်ဟုလည်း ရေးသားထားပါတယ်။ ကိုဗစ်ကာကွယ်ဆေးသည် ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိသာ ကာကွယ်နိုင်မည်ဖြစ်ပြီး

ပြင်းထန်သောဘေးထွက်ဆိုးကျိုး မရှိသည့်ဆေးမျိုး ထိုးနှံပေးမယ်လို့ သိရပါတယ်။ သို့သော် အဆိုပါကာကွယ်ဆေးများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထောက်ခံချက်မရရှိသေးဘဲ ကာကွယ်ဆေး ထိန်းချုပ်စိစစ်သူများမှ စစ်ဆေးပြီး ကမ္ဘာ့စျေးကွက်

အတွင်း ရောင်းချရန် ခွင့်ပြုချက်ရရှိထားသော ဆေးများသာ ထိုးမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ အဆိုပါ ကာကွယ်ဆေးကို ရောဂါတစ်ကြိမ် ဖြစ်ဖူးသူများလည်း ထိုးရန်လိုအပ်ကြောင်းသိရပြီး လတ်တလော ရောဂါဖြစ်နေသူနှင့် သံသယလူနာများ

မှာမူ ၁၄ ရက်ကြာမှသာ ထိုးခွင့်ရမည်ဖြစ်ကြောင်း သိရပါတယ်။ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးချိန်မှစ၍ ကိုယ်ခန္ဓာမှ ကိုယ်ခံစွမ်းအား ထွက်သည့် အချိန်ထိ အနည်းဆုံး နှစ်ပတ်ခန့် ကြာမြင့်မည် ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

 


Credit:

No comments