New Artical

မြန်မာ့ ပြက္ခဒိန်တီထွင်ခဲ့သူ ပုပ္ပါးစောရဟန်းမင်း

မြန်မာ့ ပြက္ခဒိန်တီထွင်ခဲ့သူ ပုပ္ပါးစောရဟန်းမင်း

          ဒီနေ့ခေတ်မှာဆိုရင်တော့ တစ်ကမ္ဘာလုံးက Georgian ပြက္ခဒိန်ကို တရားဝင်အဖြစ်လက်ခံ အသုံးပြုနေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ မြန်မာပြက္ခဒိန်ပေါ်ပေါက်လာရတဲ့ သမိုင်းကြောင်းကို မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။
ပြောရမယ်ဆိုရင်တော့ ဟိုးရှေးရှေးတုန်းကလို့ပဲဆိုရမှာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၅ဝဝတုန်းက ဗုဒ္ဓပြက္ခဒိန်ဆိုပြီး ပထမသင်္ဂါရတနာတင်ပွဲအပြီးမှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မှုပြီး မဟာသက္ကရာဇ်သက်တမ်း ၁၄၈ နှစ်မှာသာသနာတော်နှစ် ၅ဝဝဝကိုထားခဲ့တဲ့အတွက် အဲဒီအချိန်ကစတင်ပြီး သာသနာတော်နှစ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့နက္ခတ်ပညာရဲ့ အစဟာ သူရိယသိန္ဓန္တဖြစ်ပါတယ်။ အဲ့ဒီကျမ်းမှာ ခရစ်နှစ် ၆၂၈ ခုနှစ်က ဗြဟ္မရပ္ပတိ အမည်ရတဲ့ ပညာရှိကြီးရေးသားခဲ့သည်ကို ခရစ်နှစ် ၁၀၉၁ မှာဘရဘတ္တ အမည်ရှိ ပညာရှိကြီးထံမှ ဝါရဟမိဟိရက ကူးယူခဲ့ကြောင်း ၁၈၆၀ ပြည့်နှစ်မှာ အင်္ဂလိပ်လိုဘာသာပြန်ခဲ့တဲ့ အီးဘားဂျက်က ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီပြက္ခဒိန်မှာဆိုရင်တော့ သူရိယသိဒ္ဓန္တ နက္ခနဲ့ဆိုင်တဲ့စည်းမျဉ်းတွေ ကိုအခြေခံပြီးဖန်တီးခဲ့တာဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာတော့ ကောဇာသက္ကရာဇ်နဲ့ သာသနာနှစ်မှာကွဲပြားနေတာကို တွေ့ရပါတယ်။ ကောဇာသက္ကရာဇ်မှာ ၁၃ဝဝကျော်ရှိသေးပေမယ့် သာသနာနှစ်ကတော့ ၂၅ဝဝကျော်နေပြီဖြစ်ပါတယ်။ ဒီလိုကွဲပြားရတာက ဘုရင်းရှင်ပရိနိဗ္ဗာန်စံပြီး ဘုရင်ဖြစ်လာတဲ့အဇာတသတ်နဲ့ အရှင်မဟာကဿပတို့က တိုင်ပင်ပြီး ပထမသင်္ဂါယနာတင်တဲ့နှစ်ကို ပထမမူလဗုဒ္ဓသာသနာနှစ် (၁)ဆိုပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ သာသနာသက္ကရာဇ် ၆၂၄ခုရောက်တဲ့အခါ နှစ်ရှည်သက္ကရာဇ်ဖြိုကိန်းနဲ့ ကြုံကြိုက်တဲ့အတွက် ၆၂၄ခုကနေ၆၂၂ကိုဖြိုပြီး အကြွင်း ၂ -နှစ်ကိုထားပြီးသုံးစွဲခဲ့တာကြောင့် ကောဇာသက္ကရာဇ်နဲ့ သာသနာနှစ်ဆိုပြီး နှစ်မျိုးကွဲလာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကောဇာသက္ကရာဇ်ကို အမြဲသုံးစွဲပြီးသာသနာနှစ်ကိုတော့ အသိအမှတ်ပြုတဲ့အနေနဲ့ပဲ သုံးစွဲခဲ့တာဖြစ်ပါတယ်။
ယနေ့အသုံးများသော ခုနှစ်မှာ ခရစ်နှစ်ဖြစ်သည်။ သို့သော် မြန်မာတို့ပြုလုပ်သော ပွဲတော်များ ၊ ပွဲလမ်းသဘင်များကိုမှု မြန်မာသက္ကရာဇ်နေ့စွဲများအရ ကျင်းပကြသည်။ မြန်မာသက္ကရာဇ်နေ့စွဲများပါသော မြန်မာ့ပြက္ခဒိန်ကို ဘယ်သူထွင်ခဲ့ပါသနည်း။
ယနေ့ထိတိုင် သုံးစွဲနေဆဲဖြစ်သည့် မြန်မာ့ရိုးရာပြက္ခဒိန်ကို တီထွင်ခဲ့သူမှာ ပုဂံမင်းဆက် ၂၀ ဆက်မြောက် ပုပ္ပါးစောရဟန်းမင်းပင်ဖြစ်သည်။ အသက် ၆၆ နှစ်အရွယ် အိုမင်းသောအချိန်မှ ထီးနန်းရသောမင်းဖြစ်၍ အသက်အကြီးမှထီးနန်းရသူ အဖြစ်စံချိန်တင်သည်။ မင်းစည်းစိမ်ကို ၂၇ နှစ်ကြာခံစားပြီး သက်တော် ၉၃နှစ် အရွယ်တွင် ကံတော်ကုန်လေ၏။
ပုပ္ပါးစောရဟန်းမင်းသည် တနင်္ဂနွေနေ့တွင်ဖွားမြင်၍ “ပါမစုတ်သား မင်းတရား” ဟုလည်း အမည်တွင်သည်။ ထို့ပြင် သင်္ဃရာဇ်မင်း ၊ သင်္ဃရာဇာ ၊ သထုံရာဇာ ဟူသောအမည်များကိုလည်း ပိုင်ဆိုင်သည်။ တကယ်တော့ ပုပ္ပါးစောရဟန်းမင်းသည် မင်းမျိုးမင်းနွယ်မဟုတ် ၊ သင်္ဃရာဇ်မိဖုရားက မိမိဆရာဖြစ်သူ စောရဟန်းမင်းကို မင်းပြုစေတာကြောင့်မင်းအဖြစ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ သမိုင်းတလျှောက်မင်းများအနက် လောကီအတတ်ပညာတို့တွင် အကျွမ်းကျင်ဆုံးမင်းအဖြစ် ရာဇဝင်မှတ်တမ်းများက ဆိုသည်။
ပုပ္ပါးစောရဟန်းမင်းလက်ထက်တွင် ပုဂံပြည်သည် အလွန်စည်ပင်၍ အေးချမ်းသည်ဟု ဆို၏။ ဤတွင် သမိုင်းတွင်လောက်သော လုပ်ရပ်ဖြစ်သည့် မြန်မာ့ပြက္ခဒိန်ကို စတင်တီထွင်ခဲ့သည်။ ကမ္ဘာအရပ်ရပ် လူမျိုးအသီးသီးသည် ပြက္ခဒိန်အမျိုးမျိုးကို တီထွင်အသုံးပြုကြသည်။ ပြက္ခဒိန်ကြောင့် ကြာမြင့်လှသည့် နှစ်ကာလ ၊ ရာသီ ၊ လ ၊ နေ့ရက်တို့ကို သိရှိနိုင်ကြသည်။ မြန်မာက ‘သက္ကရာဇ်’ ဟူ၍ သုံးစွဲသလို အနောက်နိုင်ငံများကလည်း (ခရစ်တော်မွေးဖွားခြင်းကို အစွဲပြု၍ ‘ခရစ်နှစ်’ ဟု သုံးစွဲကြသည်။ ၎င်းလက်ထက်တွင် သာသနာသက္ကရာဇ်က တစ်မျိုး ၊ သရေခေတ္တရာ နောက်ဆုံးမင်းဆက် ‘သုပညာ နဂသိန္ဒိ’ သက္ကရာဇ်ဖြိုရာ၌သုံးသော ပြက္ခဒိန်က တစ်မျိုး ၊ မဟာသင်္ကြဝါဒက တစ်ဖုံ အမျိုးမျိုးကွဲပြားနေကြသည်။
ထိုအခါ ပုပ္ပါးစောရဟန်းမင်းက အနယ်နယ်အရပ်ရပ်မှ ဗေဒင်နက္ခတ်ပညာရှင်များကို ပင့်ဖိတ်ခေါ်ယူကာ သင့်လျှော်သည့်ပြက္ခဒိန်ကို ညှိနှိုင်းတွက်စစ်ခဲ့သည်။ ထို့နောက် ‘သင်္ကြန်ကျချိန် ၊ အတာတက်ချိန် ၊ ဝါဆိုလပြည့် ၊ ဝါထပ်ရက် စသည်တို့ကိုတွက်ချက်ပြီး ၎င်းကာလတွင် သုံးသော သက္ကရာဇ် ၅၆၀ ကို ဖြို၍ အကြွင်း ၂ ထားကာ သက္ကရာဇ်အသစ်ကို စတင်ခဲ့သည်။ ထိုသက္ကရာဇ်ကို အခြေပြု၍ ပြက္ခဒိန်ကိုပြုစုကာ မြန်မာပြည်အဝှမ်း၌ သုံးစွဲစေခဲ့သည်။ ပုပ္ပါးစောရဟန်းမင်း တီထွင်သုံးစွဲစေခဲ့သော မြန်မာပြက္ခဒိန်ကား ယနေ့ထိတိုင် မြန်မာလူမျိုးတို့ သုံးစွဲနေရသော ပြက္ခဒိန်ပင် ဖြစ်လေတော့သည်။
ဝေါဟာရ၌ နေလုံးတစ်ခြမ်းထွက်ချိန်မှ နေလုံးတစ်ခြမ်းဝင်ချိန်အထိသော ကာလကို နေ့ဟုခေါ်သည်။ ထို့နောက် နေလုံးတစ်ခြမ်းဝင်ချိန်မှ နောက်တစ်ကြိမ် နေလုံးတစ်ခြမ်းထွက်ချိန်အထိသော ကာလကို ညဟု ခေါ်သည်။ ဤနေ့နှင့်ည နှစ်ရပ်ပေါင်းသော် ရက်ကို ရသည်။ မြန်မာတို့သည် ဤအစဉ်ကိုလိုက်၍ နေ့ရက် သတ်မှတ်ကြစမြဲဖြစ်ဖြစ်သည်။ အထူးသဖြင့် လောကုတ္တရာအရေးနှင့်ဆိုင်သော ကိစ္စတို့၌ ပထမအကြိမ်နေထွက်အထိသော ကာလကို တစ်ရက်ဟု ယူသည်။
သို့ရာတွင် ကမ္ဘာ့ထုံးစံမှာကား ပထမအကြိမ် ညသန်းခေါင်အချိန်မှ စ၍ နောက်တစ်ကြိမ် ညသန်းခေါင်အချိန်အထိသော ကာလကို တစ်ရက်ဟု ယူသည်။ ထို့ကြောင့် တနင်္ဂနွေနေ့ သန်းခေါင်ယံအချိန်သည် စက်နာရီအားဖြင့် သုညနာရီဖြစ်သည်။ ထိုနာရီမှ တစ်နာရီ၊ နှစ်နာရီ စသဖြင့် ရေတွက်ခဲ့ရာ ၁၂ နာရီ မွန်းတည့်သို့ ရောက်သော် ယင်းပထမပိုင်းကာလကို နံနက်ပိုင်းဟုခေါ်သည်။ အင်္ဂလိပ်ဘာသာ စကား၌ ယင်းနံနက်ပိုင်းနှင့် ဆိုင်သော တစ်ဆယ့်နှစ်နာရီ၏ အစိတ်အပိုင်းကို a.m ဟူသော သင်္ကေတဖြင့် မှတ်သားရသည်။ စကားအရှည်မှာ ante-meridian ဖြစ်သည်။ မွန်းလွဲအချိန်မှစ၍ ယင်းနာရီ အသီးသီးတို့ကို p.m ဟူသော သင်္ကေတဖြင့် မှတ်သားရသည်။ ။စကားအရှည်မှာ post-mederian ဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်လို 12 midnight ဟုရေးသော် ညဉ့်သန်းခေါင်ဟု သိရာသည်။ 12 Noon ဟု ရေးသော် မွန်းတည့်ချိန်ဟု နားလည်ရာသည်။ တိတိကျကျနှင့် အများနားလည်အောင် သုံးစွဲသောအခါ၌မူ သန်းခေါင် ၁၂ နာရီဟူ၍လည်းကောင်း၊ မွန်းတည့် ၁၂ နာရီဟူ၍လည်းကောင်း သုံးစွဲသည်။
အကြမ်းအားဖြင့် ပြောရသော် မြန်မာနိုင်ငံတွင် စက်နာရီပေါ်သော ခေတ်မှစ၍ ဤနာရီအသုံးအနှုန်းကိုလိုက်ပြီးလျှင် လုပ်ငန်းဆောင်တာကိစ္စ၊ ရုံးပင် ကန္နားကိစ္စဟူသော လောကီကိစ္စရေးရာတို့၌ ကမ္ဘာအသိအမှတ်ပြုသော သန်းခေါင်ယံတစ်ခုမှ သန်းခေါင်ယံတစ်ခုသို့ ကူးပြောင်းသော ရက်ကိုပင်လျှင် အသုံးပြုလျှက် ရှိသည်။ ရှေးမြန်မာမင်းတို့သည် ရေနာရီကို သုံးသည်။ ရေနာရီပြုလုပ်ပုံမှာ ဤသို့ဖြစ်သည်။ ရတနာအတိ စီခြယ်ထားသော အင်တုံထဲတွင် ရေအပြည့်ထည့်၍ ရေမျက်နှာပြင်ပေါ်တွင် ကြေးဖလားကို အပေါက်ဖော်က၍ တင်ရသည်။ ယင်းကြေးဖလား ရေစိမ်၍ နှစ်မြုပ်သောအခါ ယင်းနစ်မြုပ်ချိန်ကို တစ်နာရီဟု သတ်မှတ်သည်။
ကြေးဖလားသည် ကြေးနီအချိန် တစ်ဆယ့်ခြောက်ကျပ်သား လေး၍ အစောက် ခုနှစ်လက်သစ်၊ မျက်နှာဝ ထောင့်ဖြတ်ကိုးလက်သစ် ရှိသည်။ ဖလားအောက်ခြေ၌ မိန်းမပျိုတစ်ဦး၏ ဆံခြည်မျှင် တစ်ဆယ့်ခြောက်မျှင် ဝင်ရုံမျှ အပေါက်ဖောက်ထားသည်။ဖလားတစ်ခါနစ်လျှင် ငွေမောင်းတီးရသည်။ဤသည်ကို ရည်၍ တစ်နာရီကို တစ်မောင်းဟု မှတ်ရသည်။ စက်နာရီနှင့် နှိုင်းသော် တစ်မောင်းခေါ် မြန်မာနာရီသည် ၂၄ မိနစ်အဓွန့်ရှည်သည်။ ၄ ပါဒ်လျှင် တစ်မောင်းဟူ၍ လည်း အနုစိတ်ထားသည်။ မြန်မာမင်းများ လက်ထက်၌ နေထွက်(စက်နာရီ ၆ နာရီ)မှ အစပြု၍ ဗဟိုရ်နာရီဖြင့် နေ့ဗဟိုရ်နာရီ လေးချက်၊ ညဗဟိုရ်နာရီ လေးချက်၊ ပေါင်း ဗဟိုရ်နာရီ ရှစ်ချက်ဖြင့် တစ်ရက်ဟု သသတ်မှတ်သည်။ ဤ ဗဟိုရ်နာရီစနစ်ကို စက်နာရီဖြင့် ယှဉ်သော် အောက်ပါအတိုင်း ဖြစ်သည်။

Ref: ပညာအလင်းပြ ရုံးသုံး ၊ ကျောင်းသုံး အင်္ဂလိပ်မြန်မာ နှစ်တစ်ရာပြက္ခဒိန်စာအုပ်
ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မြန်မာ့ဗဟုသုတ ၁ဝဝ – နန္ဒာမိုးကြယ်
မြန်မာ့စွယ်စုံကျမ်း
#Credit_To_Thutazone
#CrdPhoto
crd..ori..upldr

No comments