New Artical

ကုသိုလ်​ ရ​နေဖို ့ပါပဲ..

 


ကုသိုလ်​ ရ​နေဖို ့ပါပဲ..


တရား​တွေထိုင်​ ပုတီးတွေ စိပ် ဘုရားစာတွေ ရွတ်ဖတ်နေပြီး  စိတ်က တခြားရောက်နေတော့ ဘာကုသိုလ် မှ မရဘူးလို့တော့ မပြောကြပါနဲ့။ ပုတီးပဲ စိပ် နိုင်လား စိပ်ပါ ပရိတ်တွေ ပဋ္ဌာန်းတွေရော  ရွတ်နိုင်သေးလား ရွတ်ပါ တရားပါ ထိုင်နိုင်သေးလား  ထိုင်လိုက်ပါဦး..  အရမ်းကို ​ကောင်းပါတယ် တရားလေးလည်း နာပါဦး သီးသန့် မနာနိုင်ဘူးလား မျက်နှာသစ် သွားတိုက်ချိန် အစားစားချိန် အိမ်အလုပ်လုပ်နေတဲ့ အချိန်  ဖုန်းလေးနဲ့ ဖွင့်ထားပြီး နာကြည့်ပါ နောက်ဆို တရားသံလေးမှ မကြားရရင်  မနေနိုင် ဖြစ်လာပါလိမ့်မယ်။ ဘာမှ မလုပ်ဘဲနဲ့ နေတာထက် စာရင် ပါးစပ်က  ဘုရားတရား သံထွက်နေတာ မကောင်းဘူးလား သူများကို ဆဲနေတာ မဟုတ်တဲ့အတွက်  အလိုလို ကုသိုလ် ရနေတာပါ။ 

စိတ်ကတော့ လွင့်နေမှာပဲ မလွင့်အောင် တဖြေးဖြေးကျင့်ယူပါ .. ဘုရားစာတွေ အမြဲ ရွတ်ဖတ်နေလို့ ထီပေါက်လား ဆိုတော့ မပေါက်ပါဘူး မြတ်စွာဘုရားဟာလည်း ဖန်ဆင်းရှင် မဟုတ်ပါဘူး။ ဒါပေမဲ့... ဘာရလဲဆိုတော့  စိတ်စွမ်းအင် မြင့်တက်လာတာပါ .. ကောင်းမှုကို ပြုလုပ်နေတယ်ဆိုတဲ့ စိတ်ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပြီး ဘဝမှာ ​နေပျော်လာပါတယ်။ မကောင်းတာလုပ်ဖို့ တွန့်ဆုတ်လာလို့ ကုသိုလ် အလိုလို ရလာတယ် .. ဘာလေးလုပ်လုပ် အောင်မြင်လာတဲ့ အခါ .. ငါ့ရဲ့ ​ကောင်းမှုကြောင့် ဆိုတဲ့ ပီတိရလာသလို မအောင်မြင်သေးရင်လည်း စိတ်မှာ ဖြေသိမ့်လာနိုင်ပြီး  ​ရောင့်ရဲလာတဲ့ စိတ်ကြောင့် ဘဝဟာ နေပျော်လာမှာပါ။


အတိတ်ရဲ့ကံကြွေးကို နားလည်နိုင်ပြီး  ဘဝရဲ့အေးချမ်းမှုကို ရပါတယ် ဘဝရဲ့အေးချမ်းမှုဟာ ဥစ္စာ ပစ္စည်းထက် တန်ဖိုးရှိပါတယ်။ ဘဝရဲ့အေးချမ်းမှုကိုရဖို့  ကောင်းမှုမှန်သမျှ လုပ်တဲ့နေရာမှာ .. လူတန်းစား အမျိုးမျိုး  ဖြတ်သန်းရတဲ့ ဘဝ အဖုံဖုံကြောင့်  ပြုလုပ်ပုံ ပြုလုပ်နည်း ပူဇော်ပုံ ပူဇော်နည်းတွေ ကွာတဲ့အခါ ကွာနေမယ်။ အသိတွေ ကွာတန်သလောက် ကွာ​နေမယ်.. 

ဒါပေမဲ့... ဦးတည်ချက်က  အကုသိုလ် မလုပ်ဖြစ်တော့ဘဲ  ကုသိုလ်ရနေဖို့ပါပဲ .....

Credit

No comments