New Artical

ပုဂံရှိ လူအရောက် အပေါက်နည်းပြီး ထူးခြားသော နေရာတစ်ခု

ပုဂံရှိ လူအရောက် အပေါက်နည်းပြီး ထူးခြားသော နေရာတစ်ခု


လူအရောက် အပေါက်နည်းတဲ့ ပုဂံမှာ ရှိတဲ့ နေရာ တစ်ခု  ရေကန်လိုလို ဘာလိုလို ကျောက်တုံးကြီး တစ်ခုကို ထွင်းထားတာ တစ်ဖက်မှာ တော့ ပုဂံခေတ်က အုတ်တွေလို ပဲ ရှေ့ဟောင်း အုတ် တွေ တွေ့ရတယ် ။


ထူးဆန်းနေတာက ဒီကျောက်တုံး ပေါ်မှာ ဘယ်သူ ထွင်းထု ခဲ့တာလဲ မသိတဲ့ QR Code ပုံစံလိုလို  အလယ်မှာကတော့ နာဇီ logo နဲ့ လည်းတူသလိုလို  ဘယ်သူတွေက ဒါကို ဘာအတွက် လုပ်ထားလဲ ဆိုတာတော့  မသိဘူးဗျာ လုပ်ထားတာ ကတော့ သေသေသပ်သပ်ပဲ တချို့နေရာလေးတွေကတော့ ပျက်စီးနေပြီ ဝင်္ကဘာ ပတ်လမ်းလား ဘာလား ? ဒီဘက် ခေတ်မှ ဒါကို ထွင်းထားတာ မဟုတ်တာတော့ သေချာလောက်တယ် အားအားယားယား ဘယ်သူကမှာ ဒီတောင်ပေါ်ကို တက်ပြီး လုပ်မှာတော့ မဟုတ်ဘူးး Alien လုပ်ခဲ့တာလား 🙄 အရင် ဒီနေရာက ဘာကြီးလဲ ?

 


ဓမ္မရံကြီး ဘုရားတောင် Egypt က ပိရစ်မစ်တွေ နဲ့ ပုံစံတူလို့ အလောင်စည်သူမင်း စီးခဲ့တဲ့ ဖောင်စကြာယာဉ် က UFO လို့ ပြောတာတွေ ရှိခဲ့ဖူးတယ်ဆိုတော့ 🤔 နာဆာအဖွဲ့အစည်းထံမှ လျိုဝှက်စွာ ​ပေါက်ကြားလာတဲ့ ဓါတ်ပုံ များထဲ မှာ ဓမ္မံရံကြီးဘုရား ဓါတ်ပုံပါဝင်တယ်ဆိုတာတော့ ဟုတ်တယ် .. ပုဂံ ဘုရားတွေ ပေါ်မှာ UFO ပျံဝဲတယ် ဘာတယ် ဆိုတာကတော့ ယုံတမ်းစကားလား ဘာလား သေချာမသိဘူး.... Egypt မှာ တွေ့ခဲ့တဲ့ရှေ့ဟောင်း ရုပ်ထု လေးလဲ အောက်ဆုံးမှာပြထားတယ် ကျွန်တော်တို့တွေ အခုသုံးနေတဲ့  QR Code ဆိုတာ အဲ့ ရုပ်ထုကနေ ပုံစံကို copy ယူထားတာလို့ ဖတ်ဖူးပါတယ်...


အခုဒါက ဘာမှန်တော့ မသိဘူး စိတ်ဝင်စားစရာတော့ကောင်းတယ် ဒီနေရာကို ကျွန်တော်သိတာကတော့ ကြာနေပြီ တချို့လူတွေလဲ ဒီနေရာကို သွားတယ် ဓာတ်ပုံရိုက်ကျတယ် လူသိတော့ နည်းတယ် ဒီနေရာက တုရင်တောင် ဘုရားကြီး ရဲ့ တောင်ဘက်မှာ ရှိပါတယ် Google ကနေလဲ နေရာကိုပြထားပါတယ်နော် ....


ပုဂံရောက်လို့ စိတ်ဝင်စားရင်တော့ သွားကြည့်ပါ ဆိုင်ကယ်နဲ့ ဆိုပို အဆင်ပြေပါတယ် ......


Credit

No comments