New Artical

စိတ်ဓာတ်ကျခြင်းနှင့် မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်း


 စိတ်ဓာတ်ကျခြင်းနှင့် မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်း

မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်း (Masturbation) သည် ကျန်းမာရေး နှင့် ညီညွတ်သော အပြုအမူဖြစ်ပြီး ပျော်ရွှင် နှစ်သက်ခံစားဖွယ် ဆောင်ရွက်မှုတစ်ခု ဖြစ်ကာ ကျန်းမာရေးအကျိုး ကျေးဇူးတွေ လည်း ပေးနိုင်ပါတယ်။ လိင်စိတ်ဖြေ ဖျောက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း (Depression) တို့အကြား ဆက်နွှယ်နေသည်ဟု ပညာရှင်များက သုံးသပ်ထားပါ တယ်။
အချို့သောပုဂ္ဂိုလ်တွေကျတော့လည်း မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်းသည် စိတ်ကျန်းမာ ရေးပြဿနာများ ဖြစ်စေနိုင်သော အကြောင်းရင်းတစ်ခုလို့ ယုံကြည် ထားကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီယူဆချက်ကတော့ ခေတ်မမီ တော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သုတေသီများက အဲဒီလို မဟုတ်ဘူး ဆိုတဲ့အကြောင်း အချိန်ကြာမြင့်စွာကတည်းက တွေ့ရှိခဲ့ကြပြီးဖြစ်လို့ ဖြစ်ပါတယ်။ သက်သေလည်း မပြနိုင်ဘူးလို့ ဆိုထားပါတယ်။ အခြား တစ်ဖက်မှာတော့ စိတ်ဓာတ်ကျခြင်းကြောင့် လူတစ်ယောက်အနေဖြင့် မိမိ ဘာသာ လိင်စိတ်ဖြေဖျောက်ခြင်းနှင့် ကာမရာဂကိစ္စအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေဖြစ်သလဲဆိုတာ လေ့လာကြည့်ခဲ့ကြပါတယ်။
စိတ်ဓာတ်ကျခြင်းကြောင့် လိင်ဆန္ဒမောင်းနှင်အားအပေါ်တွင် အကျိုး သက်ရောက်မှုရှိသော်လည်း မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်း မဖြစ်နိုင်ပါ။
တကယ်တော့ မိမိဘာသာ တစ်ကိုယ်တော်လိင်ဆန္ဒဖြေဖျောက်တဲ့ အပြုအမူသည် သဘာဝအတိုင်း ဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။ မိမိ ကိုယ်ကို တန်ဖိုးထားမှု မြှင့်တင်ပေးနိုင်သော ပျော်ရွှင်ဖွယ်ရာ လှုပ်ရှားမှု တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် လူတစ်ယောက်အား လိင်ကိစ္စ စွမ်းဆောင်ရည်များနှင့် ပတ်သက်ပြီး စူးစမ်းဖော်ထုတ်ရန် ကူညီမှုလည်း ဖြစ်စေပါတယ်။


မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်ခြင်းသည် အပြစ်ရှိသော လုပ်ရပ်တစ်ခု ဖြစ်သည်ဟု ခံစားမိပြီး စိုးရိမ်သောကဖြစ်သူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်မှာ Masturbation ဟုဆိုလျှင် လူမှုရေးဆိုင်ရာ ညစ်ညမ်းမှုတစ်ခုလို့ အစဉ်အဆက် ခံယူခဲ့ကြတာ ဖြစ်တယ်။
၁၉၀ဝ ပြည့်လွန်နှစ်များလောက်ကစပြီး ဆေးဘက်ဆိုင်ရာ ပညာရှင် များက အဲဒီအယူအဆကို စွန့်လွှတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ စိတ်ပညာနှင့် လိင်ကိစ္စတို့အပေါ်မှာ သုတေသနများ ပြုလုပ်လာခဲ့ပြီးတဲ့နောက် မိမိ ဘာသာ လိင်စိတ်ဖြေဖျောက်ခြင်း အလေ့အကျင့်သည် တလောကလုံး ဆောင်ရွက်နေကြသော (ဆိုလိုသည်မှာ ကျန်းမာနေသူတိုင်း) လူတိုင်း ပုံမှန်ပြုလုပ်လေ့ရှိသည့် အလေ့အထဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလာကြလို့ ဖြစ်တယ်။
မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်ခြင်းသည် ဘေးကင်းစိတ်ချရသော လှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရှိကြောင်း သိလာကြရပြီးဖြစ်သော်လည်း အချို့သော ဘာသာရေးနှင့် ယဉ်ကျေးမှု စနစ်များက ယခုထက်တိုင်အောင် တားဆီးပိတ်ပင်နေကြဆဲဖြစ်ပါတယ်။
မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်း မဖြစ်စေနိုင်သော်လည်း အဲဒီလူရဲ့ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေး ခံယူချက်များက သူတို့ကို မကောင်းတဲ့ခံစားမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။ အပြစ်ရှိတယ်လို့ ခံစားစေနိုင်ပါတယ်။
၂၀၁၈ ခုနှစ် လေ့လာမှုတစ်ခုအရ အမျိုးသားများ၏ ၆၂.၅ ရာခိုင်နှုန်းသည် စိတ်ဓာတ်ကျခြင်းနှင့် လိင်စွမ်းဆောင်ရည်မရှိခြင်း (Sexual Dysfunction) ဆက်နွှယ်နေကြောင်း တွေ့ရှိရပါတယ်။ အယူ အဆမှားတွေ၊ စွဲလမ်းနေသော အမှားတွေဟာ စိတ်ဓာတ်ကျခြင်းနှင့် အတူတွဲပြီး ခံစားနေရတာကိုလည်း တွေ့ခဲ့ရပါတယ်။
တကယ်တော့ မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်းက လူတစ် ယောက် စိတ်ဓာတ်ကျရောဂါ ဖြစ်ပွားခြင်းအပေါ်မှာ ဘယ်လိုမှ သက်ဆိုင် မှု မရှိပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကျနေရင်တော့ အဲဒီလူရဲ့ လိင်ဆန္ဒ မောင်းနှင်အားတွေဟာ ကျဆင်းနေမှာ အမှန်ဖြစ်ပါတယ်။ ပန်းသေသလို ခံစားနေရမှာဖြစ်ပါတယ်။ အဲဒီလူတွေအတွက် လိင်ဆန္ဒဖြေဖျောက် ခြင်းကိစ္စကို စိတ်ဝင်စားမှုမပြုနိုင်တော့ပါဘူး။
ဒီလိုဖြစ်နေတဲ့ ပြဿနာကို အဖော်စုံတွဲနှစ်ဦးစလုံး ခံစားနေရတယ် ဆိုရင် သို့မဟုတ် တစ်ဦးဦးက ခံစားနေရတယ်ဆိုရင် သူတို့အနေနဲ့ သူတို့အချင်းချင်း ရင်းနှီးဆက်ဆံ မှုကို ထိန်းသိမ်းနိုင်သော နည်းလမ်းများ ရှာဖွေဖို့လိုအပ်ပါတယ်။ နမူနာအား ဖြင့် တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ခြင်း၊ ပွတ်သပ်ခြင်း၊ နှိပ်နယ်ခြင်း အပြု အမူများ ဆောင်ရွက်ပေးသင့်ပါ တယ်။ ဒါ့အပြင် တစ်ဦးနှင့် တစ် ဦး အပြန်အလှန် လက်ဖြင့်ဖြစ် စေ၊ အခြားနည်းလမ်း တစ်ခုခု နှင့်ဖြစ်စေ လိင်ဆန္ဒဖြေဖျောက် ပေးမှု အပြန်အလှန် ပြုလုပ်ပေး သင့်ပါတယ်။
စိတ်ဓာတ်ကျနေတဲ့လူတစ် ယောက်ကို Masturbation လုပ်ပေး လိုက်ခြင်းအားဖြင့် လိင်ဆန္ဒတွေ ပြန်လည်ခံစားရရှိစေ လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကအလွန်ကို ပုဂ္ဂိုလ်ရေးဆန်တယ်။ သီးသန့်ဆန်ပါတယ်။ ဆိုလိုချင်သည်မှာ မိမိစိတ်ထဲက မပါသော (စိတ်မလာသော) အဖော်ကို လုပ်ခိုင်းရင် ဘယ်လိုမှ အထောက်အကူမဖြစ်ပါဘူး။ သူ သို့မဟုတ် သူမ စိတ်လာသော အဖော်က ပြုလုပ်ပေးမှသာလျှင် လိင်စိတ်ဆန္ဒတွေ ြွက တက်လာလိမ့်မှာဖြစ်တယ်။

လူအများစုက မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်းအပြုအမူကို အကြိမ်ရေ အနည်းငယ်ဆောင်ရွက်ပေးရုံနှင့်သော်လည်းကောင်း၊ အချို့ကျ တော့လည်း အကြိမ်ရေများများ လုပ်ပေးမှသော်လည်းကောင်း လိင် ဆန္ဒများ ပေါ်ပေါက်လာတာဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ထပ်တူမကျနိုင်ပါ။
စိတ်ဓာတ်ကျခြင်း ပြဿနာအတွက် အချို့သောဆေးဝါးတွေ ဆရာဝန်က ပေးထားတာရှိတယ်။ အဲဒီဆေးတွေကြောင့်လည်း လိင် ဆန္ဒက ကျဆင်းသွားတတ်တယ်၊ ပန်းသေသလို ဖြစ်သွားတတ် တယ်။ ဒါပေမဲ့ ကုထုံးအားလုံးက အဲဒီလို မဖြစ်စေပါ။ တကယ်လို့ မိမိအားသောက်ရန်ညွှန်ကြားထားသောဆေးက ပန်းသေပန်းညှိုး ဖြစ်စေတယ်ဆိုရင် ဆရာဝန်အား ပွင့်ပွင့်လင်းလင်းပြောပြပြီး ဆေး ပြောင်းပေးဖို့ တောင်းဆိုသင့်ပါတယ်။
စုံတွဲတစ်ခုအတွင်း အဖော်တစ်ဦးဦးက စိတ်ဓာတ်ကျရောဂါ ဖြစ် နေတယ်ဆိုရင် ကျန်တဲ့တစ်ဦးက Masturbation ပြုလုပ်ပေးခြင်းအားဖြင့် သူ့အတွက်လိုအပ်နေသော လိင်ဆန္ဒတွေ ပြန်လည်နိုးကြားလာပြီး နှစ်ဦးသားဆက်ဆံရေးလည်း အဆင်ပြေချောမွေ့သွားစေနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ စိတ်ဓာတ်ကျရောဂါပြဿနာ ခံစားနေရတယ်ဆိုရင် လုပ်ဆောင်သင့်တဲ့ လိုက်နာစရာလေးတွေ ရှိပါတယ်။
ပထမအချက်ကတော့ ပုံမှန် ကာယလေ့ကျင့်ခန်းတွေလုပ်ပေးခြင်း ဖြစ်တယ်။
လူတစ်ယောက်ဟာ လိင်ဆန္ဒမောင်းနှင်အားနည်းပါးနေခြင်း ဖြစ်ပေါ် နေပါက အဲဒီသူဟာ ဝမ်းနည်းခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်း၊ မျှော် လင့်ချက်ကင်းမဲ့နေခြင်း၊ တန်ဖိုးကင်းမဲ့နေခြင်း၊ မောပန်းနွမ်းနယ်နေခြင်း စတဲ့ ခံစားမှုတွေ ရှိနေနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာဝေဒနာများအဖြစ် အကြောင်းရင်းမသိရသော နာကျင်ကိုက်ခဲမှုတွေလည်း ခံစားရတတ်ပါတယ်။
စိတ်ဓာတ်ကျတဲ့သူကို ကုထုံးပေးရာမှာ နှစ်သိမ့်ဆွေးနွေးအကြံပေးပြီး စကားပြောတဲ့ ကုထုံးအပြင် လူနေမှုစရိုက် ပြောင်းလဲကျင့်သုံးစေသည့် ကုထုံး၊ စိတ်ဖိစီးမှု လျော့ပါးစေသည့် လှုပ်ရှားမှုများစသည်တို့ကို ပေါင်းစပ် ကုသပေးနိုင်ပါတယ်။ ရှေ့ပိုင်းတွင်ဆိုခဲ့သလို ကာယလေ့ကျင့်ခန်း ပုံမှန်ပြု လုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတသော အစားအသောက်များစားခြင်း၊ အရက်သောက်သုံးမှုလျှော့ခြင်း၊ ယောဂ လေ့ကျင့်ခန်း၊ တရားမှတ်ခြင်း၊ နေ့စဉ်မှတ်တမ်းရေးခြင်း၊ မိတ်ဆွေသူငယ် ချင်းများနှင့်အတူတကွ အချိန်ဖြုန်းခြင်း စသည်တို့ကိုလည်း လုပ်ပေး သင့်ပါတယ်။


Masturbation ပြုလုပ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဖော်ပြရလျှင်-
(၁) အိပ်ကောင်းစေခြင်း
Masturbation ပြုလုပ်ပြီးနောက် လိင်ဆန္ဒပြီးမြောက်ခြင်း (Orgasm) ဖြစ်သွားပါက အဲဒီလူဟာ ကောင်းစွာအိပ်ပျော်သွားနိုင်ပါတယ်။ အဲဒီအချိန် ကာလအတွင်းမှာ စိတ်ခံစားမှုကောင်းစေသော ဟော်မုန်းတွေဖြစ်တဲ့ အောက်ဆီတိုစင်၊ ဒိုပါမင်း၊ အင်ဒိုဖင်း၊ ပရိုလက် တင် စသည်တို့ ထွက်လာစေနိုင်ပါတယ်။ ဒီဟော်မုန်းတွေရဲ့ အကျိုးကျေးဇူးကြောင့် ထိုသူအား ပြေလျော့သွားစေပြီး အိပ်ပျော်စေခြင်းဖြစ်ပါတယ်။

(၂) လိင်ဆန္ဒပြီးမြောက်ကျေနပ်ခြင်း
အချို့သူတွေဟာ လိင် ဆက်ဆံတဲ့အခါ Orgasm ခေါ် လိင်ဆန္ဒပြီးမြောက်မှု (အမျိုးသားများဆိုလျှင် သုက်ရည်လွှတ်မှု) မရရှိဘဲဖြစ်တတ်ပါတယ်။ အဲဒီလို လူတွေအတွက် Masturbation ပြုလုပ်ပေးခြင်း၊ အဖော်နှင့် လိင်ဆက်ဆံနေချိန်မှာ Orgasm အလွယ်တကူ ရရှိစေနိုင်ပါတယ်။
၂၀၁၅ ခုနှစ် လေ့လာမှုတစ်ခုတွင် အမျိုးသမီးများရဲ့ တစ်ကိုယ်ရေ လိင်ဆန္ဒဖြေဖျောက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျေနပ်နှစ်သိမ့်မှုရှိခြင်းတို့ အကြားဆက်နွှယ်နေမှုကို လေ့လာခဲ့ပါတယ်။ သုတေသီများက အိမ် ထောင်ကျပြီးသား အမျိုးသမီးအုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့တာဖြစ်တယ်။ အုပ်စုတစ်ခုတွင် မိမိဘာသာလက်ဖြင့် လိင်ဆန္ဒဖြေဖျောက်ပြီး Orgasm ရစေသော အမျိုးသမီးများအုပ်စုဖြစ်ပြီး၊ ဒုတိယအုပ်စုကတော့ Masturbation မလုပ်တဲ့အုပ်စု ဖြစ်တယ်။
အုပ်စုနှစ်ခုရဲ့အဖြေတွေကို နှိုင်းယှဉ်လိုက်တဲ့အခါ မိမိဘာသာ လက် ဖြင့် ဖြေဖျောက်လေ့ရှိသော အမျိုးသမီးများက သူ၏အဖော်နှင့် လိင်ဆက် ဆံတဲ့အခါ လိင်ဆန္ဒပြီးမြောက်မှု Orgasm အကြိမ်ပို၍ များများရရှိနိုင် တဲ့အပြင် လိင်ကိစ္စနဲ့ပတ်သက်တဲ့ အားရကျေနပ်မှုကလည်း ပို၍ ကောင်းကြောင်း တွေ့ရှိခဲ့ရပါတယ်။

(၃) လိင်ဆန္ဒမောင်းနှင်အား ပိုကောင်းလာခြင်း
သုတေသနပြုလုပ်ချက်များအရ အိမ်ထောင်ပြုထားတဲ့ အမျိုးသမီး များတွင် မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်မှုပြုလုပ်သူများက မလုပ်သူ များထက်ပိုပြီး လိင်ဆန္ဒမောင်းနှင်အား တစ်နည်းအားဖြင့် လိင်ဆက်ဆံ ချင်စိတ် ပို၍ရှိကြောင်း၊ ပို၍ကောင်းကြောင်း တွေ့ရှိထားခြင်းဖြစ်ပါတယ်။
၂၀ဝ၉ ခုနှစ်မှာ ပြုလုပ်တဲ့ သုတေသနမှာတော့ အမျိုးသမီး ၃၈၀ဝ ကို လေ့လာခဲ့ရာ ၎င်းတို့ရဲ့ ၅၂.၅ ရာခိုင်နှုန်းက အမျိုးသမီးများအတွက် လိင်ဆန္ဒဖြေဖျောက်ပေးသောကိရိယာ (Vibrators) အသုံးပြုပြီး မိမိ ဘာသာ လိင်ဆန္ဒဖြေဖျောက်ခဲ့ကြကြောင်း တွေ့ရှိခဲ့ရပါတယ်။ Vibrators အသုံးပြုခြင်းသည် လိင်ကိစ္စစွမ်းဆောင်ရည်တွေ သိသိသာသာ ကောင်းမွန် တိုးတက်စေခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ [လိင်ကိစ္စ စွမ်းဆောင်ရည် Sexual Function ဆိုတာ ဘာလဲဆိုရင် လိင်အင်္ဂါများ နိုးကြွလာခြင်း (Arousal) နမူနာအားဖြင့် အမျိုးသားများ လိင်တံထောင်မတ်လာခြင်း (Desire) လိင်ဆက်ဆံချင်စိတ် ပိုများလာခြင်း၊ ချောဆီ၊ ချောရည်ထွက်မှု (Lubrication) ပိုကောင်းလာခြင်းနှင့် လိင်ဆန္ဒပြီးမြောက်မှု (Orgasm) ဖြစ်ခြင်း စသည်တို့ ဖြစ်တယ်။ ]

(၄) မိမိကိုယ်ကို တန်ဖိုးထားမှုကို အားပေးမြှင့်တင်ခြင်း
ဒါကတော့ အမျိုးသားဆိုရင် “ငါကွ” ဟူသော သဘောမျိုးဖြင့် မိမိ၏ စွမ်းဆောင်ရည်တွေ၊ ယောကျာ်းပီသမှုတွေ ပိုမိုယုံကြည်လာခြင်းဖြစ်တယ်။ မိမိရဲ့ ခန္ဓာကိုယ်အား တန်ဖိုးထားမှု ပိုမိုအားပေးမြှင့်တင်ခြင်းဖြစ်တယ်။ ၂၀၁၅ ခုနှစ် လေ့လာမှုမှာ မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်လေ့ရှိတဲ့ အမျိုးသမီးများ သည် ထိုကဲ့သို့မပြုလုပ်သော အမျိုးသမီးများထက်ပိုပြီး မိမိကိုယ်ကို ပိုပြီး တန်ဖိုးထားမှု၊ ယုံကြည်မှု ပိုကောင်းကြောင်း တွေ့ထားပါတယ်။

(၅) အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာအ္တရာယ် နည်းပါးခြင်း
နောက်ထပ် လေ့လာမှုတွေလုပ်ဖို့ လိုနေသေးပေမဲ့ ကနဦး သုတေ သနပြုချက်များအရ သုက်ရည်မကြာခဏ လွှတ်ပေးသော အမျိုးသား များတွင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ အခွင့်အလမ်းနည်းပါးကြောင်း တွေ့ရှိထားရပြီး ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် လေ့လာမှုမှာလည်း မကြာခဏ သုက်လွှတ်တတ်သော ယောကျာ်းသည် သူတို့အသက်ကြီးလာတဲ့အခါ ဆီးကျိတ်ကင်ဆာ ဟူ၍ ရောဂါအမည်တပ်ခံရမှု ပို၍နည်းပါးကြောင်း တွေ့ရှိပြီး ဖြစ်တယ်။

(၆) ဘယ်အချိန်မှာ အကူအညီ လိုအပ်သလဲ
အကယ်၍ သင်ဟာ မိမိဘာသာ လိင်ဆန္ဒဖြေ ဖျောက်ခြင်းနှင့် ပတ်သက်ပြီး အပြစ်ရှိတယ်လို့ ခံစားနေရမှုမျိုး၊ စိုးရိမ်သောကဖြစ်မှုမျိုး ကြုံ တွေ့နေရရင် ဆရာဝန်နှင့် တွေ့ဖို့လိုပါလိမ့်မယ်။ ဆရာဝန်က လိင်ကျန်းမာရေးနှင့် ပတ်သက်သည့် အထူးလေ့လာထားသော ကျွမ်းကျင်ပါရဂူနှင့်ပြသရန် ညွှန်ကြားပါလိမ့်မယ်။ ဒါ့အပြင် မိမိနှင့် ရင်းနှီးဆက်ဆံဖော်နှင့် Masturbation ဆောင်ရွက်မှု တိုးတက် ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။
စိတ်ဓာတ်ကျရောဂါ၏ ဝေဒနာလက္ခဏာများ ခံစားနေရသူများ ဆိုလျှင် ကျန်းမာရေးစောင့်ရှောက်သူများနှင့်တွေ့ဆုံကာ လိုအပ်သည့် ဆေးဝါးများ၊ ကုထုံးများခံယူဖို့ လိုအပ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

ဒေါက်တာဇီဝတင်

 

No comments