New Artical

ကြွက်ချေးမှတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်လာမဲ့ပြဿနာများ


ကြွက်ချေးမှတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်လာမဲ့ပြဿနာများ


ကြွက်ရှိတဲ့အိမ်တွေမှာ မီးဖိုချောင်မှာသော်လည်းကောင်း၊ ဘီရိုထဲမှာသော်လည်းကောင်း၊ အခန်းထောင့်တွေမှာသော်လည်းကောင်း ကြွက်ချေးများကို တွေ့ရတတ်ပါတယ်။
 
အဲဒီ ကြွက်ချေးများကို သန့်ရှင်းရေးပြုလုပ်စဉ်မှာ ကြွက်ချေးများမှ ရောဂါပိုးတွေ အထူးသဖြင့် ဗိုင်းရပ်(စ်)ပိုး ကူးစက်နိုင်မှု အန္တရာယ်ရှိနိုင်ပါသလားဆိုရင် ရှိပါတယ်။ သို့သော်လည်း ကူးစက်ခံရဖို့အလားအလာ အလွန်ဖြစ်ခဲပါတယ်။
 
အဆိုပါ ဗိုင်းရပ်(စ်)ပိုးများပါတဲ့ ကြွက်ချေးတွေကို တိုက်ရိုက်ကိုင်တွယ်ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်ခံရနိုင်မှုအန္တရာယ် ရှိပါတယ်။
 
သို့သော် သတိထားကိုင်တွယ် သန့်ရှင်းရေးလုပ်မယ်၊ လုံလောက်တဲ့ အကာအကွယ် (ဥပမာ - လက်အိတ်၊ နှာခေါင်းဖုံးစသည်) တို့ဖြင့် ကိုင်တွယ်လုပ်ဆောင်မယ်ဆိုရင် အန္တရာယ်မရှိနိုင်ပါ။
 
ကြွက်ချေးမှတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်လာမဲ့ပြဿနာတွေကတော့
  1. အဖျားရှိလာမယ်။
  2. ကြွက်သားတွေနာကျင်ကိုက်ခဲမယ်။
  3. ညောင်းညာမယ်။
  4. ပျို့အန်မယ်။
  5. ဝမ်းလျှောမယ်။
  6. တစ်ခါတစ်ရံ နှလုံးခုန်နှုန်းတွေ မမှန်မကန်ဖြစ်လာပြီး 
     
    အလွန်ပြင်းထန်ပါက အသက်အန္တရာယ်ပင်ရှိတတ်ပါတယ်။


ကြွက်ချေးတွေကိုသန့်ရှင်းရေးလုပ်ရာမှာ လိုက်နာရမဲ့အချက်များ


ကြွက်ချေးနဲ့ ဖုန်မှုန့်တွေ အလွယ်တကူလေထဲလွင့်ပျံစေနိုင်တဲ့ တံမြက်စည်း၊ ဖုန်စုပ်စက်တွေကိုအသုံးမပြုသင့်ပါ။
 
သန့်ရှင်းရေး မပြုလုပ်မှီ အခန်းတံခါး၊ ပြတင်းပေါက်တွေကို မိနစ်(၃၀)မျှ ကြိုတင်ဖွင့်ထားပါ။
 
ဖုန်သိပ်သွားစေရန် သန့်ရှင်းရေးပိုးသတ်ဆေးရည် (ဒက်တော၊ ကာဘော်လစ် အစရှိတဲ့ကြမ်းတိုက်ဆေးရည်) ကို (၅)မိနစ်ခန့်ကြိုတင် ပက်ဖျန်းထားပါ။
 
ပြီးမှ လက်အိတ် (သို့) စက္ကူကိုအသုံးပြုပြီး ကြွက်ချေးတွေကို ကျုံးပစ်ပါ။
 
ပြီးလျှင် ကြမ်းတိုက်တိုက်ဆေးရည်တွေနဲ့ ထပ်မံပက်ဖြန်းပြီး အသုံးပြုထားသော လက်အိတ်နှင့် စက္ကူတွေကို လွှင့်လိုက်ပါ။
 
 ထိုသို့စနစ်တကျ သန့်ရှင်းရေးပြုလုပ်လျှင် ကြွက်ချေးများမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်(စ်)ပိုး အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
 

Credit: Health Digest 


No comments