New Artical

ခြင်းလုံးခတ်ပွဲ

 ခြင်းလုံးခတ်ပွဲ


ဗမာ့ရိုးရာ ခြင်းလုံးအားကစားကို ပျူခေတ်ကတည်းက ရှိတယ်လို့ သမိုင်းပညာရှင်တွေ ရေးပါတယ်။
အထောက်အထား အနေနဲ့ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနဌာန က ကျောက်စာဝန် ပြင်သစ်လူမျိုး ချားစ်ဒရွိုင်ဇယ်ရဲ့ ၁၉၂၆-၂၇ ခုနှစ်အတွင်း နှစ်ပတ်လည် အစီရင်ခံစာမှာ ပါရှိတာပါ။
"ပြည်မြို့အပိုင်၊ မှော်စာရွာအနီး၊ ကုလားကန်ကုန်းရွာ မလှမ်းမကမ်း ၌ ဦးခင်ဘ ဆိုသူ ၏ယာမြေရှိ၏။ထိုယာ ကုန်းမြေအောက် အုတ်တိုက်ကို တူးဖော်ရာ ဗုဒ္ဓ ရုပ်ပွားတော်များ၊ လက် ဝတ်ရတနာ များ၊ ရုပ်တုများ တူးဖော်ရရှိ ခဲ့ပါသည်။ ထို အုတ်တိုက်ထဲမှ တူးဖော် ရရှိသော ပစ္စည်းများမှ ထူးခြားသော ပစ္စည်းတစ်ခု ပါရှိခဲ့လေ သည်။ ထို အရာ ဝတ္ထုမှာ နှစ်လက်မ မတ်တင်းအချင်းရှိသော သေးငယ် သည့် ငွေခြင်းလုံးလေး တစ်လုံးဖြစ်ပါသည်။ထိုသို့ တူးဖော်ရသော ပစ္စည်း များ ခေတ်အခါနှင့် သက်တမ်းကို သုတေသနပြုရာ၌ ခရစ်နှစ် ၇ ရာစုခန့် ဟု သိရှိရပေသည်။ တစ်နည်းမှန်းဆရသော် လွန်ခဲ့သော နှစ်ပေါင်း ၁,၅၀၀ ကျော်မှ ဟု ဆိုပါသည်။"


ပုံက ၁၈၇၀ - ၁၈၉၀ ခုနှစ်ဝန်းကျင်က ခြင်းလုံးခတ်ပွဲ ကြည့်နေတဲ့ ဘုရင်နဲ့ မိဘုရား ပုံ ဆေးရေးပါ။ ခြင်းခတ်တဲ့လူ ၄ ယောက်က ခြင်းလုံး မကျအောင် ခတ်နေတာ တွေ့ရပြီး ဘုရင်၊ မိဘုရား၊ မှုးမတ်များ၊ အပျိုတော်များ ကြည့်ရှုနေပါတယ်။ တူရိယာတီးခတ်တဲ့ အဖွဲ့လည်းပါပါတယ်။

 

Source : wikipedia

No comments