New Artical

ဘုရားစင်စစ် ဧကန်ဖြစ်မည့် "လက္ခဏာတော်ငယ်" ၈၀ ( အပိုင်း၁)


ဘုရားစင်စစ် ဧကန်ဖြစ်မည့် "လက္ခဏာတော်ငယ်" (၈၀)

လက္ခဏာတော်ကြီးငယ်ဟူသည် (၃၂) ပါးသော လက္ခဏာတော်ကြီး၊ (၈၀) သောလက္ခဏာတော်ငယ်၊ (၁၀၈) ကွက် စက်လက္ခဏာများဖြစ်သည်။ ယင်းလက္ခဏာတို့ကား စကြာဝတေးမင်း၊ ဗုဒ္ဓဘုရားတို့နှင့်သာ သက်ဆိုင်သော မဟာပုရိသလက္ခဏာတို့ ဖြစ်သည်။ ထိုလက္ခဏာတို့ကို မဟာပုရိသလက္ခဏာကျမ်းတို့၌ ကျွမ်းကျင် လိမ္မာသော ပညာရှိတို့သည် ဗုဒ္ဓဘုရားမပွင့်မီကပင် သိရှိနားလည်ကြသည်။ ထိုကြောင့် သုဒ္ဓေါဒနမင်းကြီးနှင့်မယ်တော်မာယာတို့မှ ဖွားမြင်သော သိဒ္ဓတ္ထ မင်းသားကို ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု ပုဏ္ဏားတို့က ဟောပြောနိုင်ခြင်း ဖြစ်သည်။ လက္ခဏာခေါ်ဆိုရာ၌လည်း ခန္ဓာကိုယ်တစ်ခုလုံးရှိ အမှတ်အသား တို့ကိုလည်းကောင်း၊ အကြောင်းနိမိတ်တို့ကိုလည်းကောင်း၊ အစိတ်အပိုင်း အင်္ဂါတို့ကိုလည်းကောင်း ခေါ်ဆိုခြင်းဖြစ်သည်။ အကြောင်းကား ထိုအမှတ် အသား၊ အကြောင်းနိမိတ်၊ အစိတ်အပိုင်း အင်္ဂါတို့ကို မြင်သဖြင့် ဤသူကား စကြာဝတေးမင်းဖြစ်လိမ့်မည်၊ ဗုဒ္ဓဘုရားဖြစ်လိမ့်မည်၊ မင်းဖြစ်လိမ့်မည်၊ အမတ်ဖြစ်လိမ့်မည်၊ သူဌေးဖြစ်လိမ့်မည်၊ သူကြွယ်ဖြစ်လိမ့်မည်၊ သူဆင်းရဲဖြစ်လိမ့်မည်၊ အသက်ရှည်လိမ့်မည်၊ တိုလိမ့်မည်၊ ဘယ်အခါ သေဆုံးလိမ့်မည် စသည်ဖြင့် ကောင်းကျိုး၊ မကောင်းကျိုးတို့ကို သိရှိနားလည်သောကြောင့်တည်း။
🙏🙏🙏 ဘုရားစင်စစ် ဧကန်ဖြစ်မည့် "လက္ခဏာတော်ငယ်" (၈၀)
(၁) စိတင်္ဂလိတာ_စေ့စပ်သော လက်ချောင်း၊ ခြေချောင်းရှိခြင်း။
(၂) အနုပုဗ္ဗဂုလိတာ_အဖျားငယ်၍ အစဉ်အတိုင်းဆွယ်သော လက်ချောင်း ခြေချောင်းရှိခြင်း။
(၃) ဝဓင်္ဂုလိတာ_လုံးသော လက်ချောင်း ခြေချောင်းရှိခြင်း၊
(၄) တမ္ဗနခတာ_နီသောလက်သည်း၊ ခြေသည်းရှိခြင်း။
(၅) တင်္ဂု နခတာ_မြင့်ချွန်သော လက်သည်း၊ ခြေသည်းရှိခြင်း။
(၆) သိနိဒ္ဓနခတာ_သိမ်မွေ့ပြေပြစ်သော လက်သည်း၊ ခြေသည်းရှိခြင်း။
(၇) နိဂုဠ| ဂေါပ္ဖကတာ_မထင်ရှားသော ဖမျက်ရှိခြင်း။
(၈) သမ ပါဒတာ_ဆယ်ချောင်းလုံး ညီညွတ်သော ခြေ ချောင်းရှိခြင်း။
(၉) ရာဇ သမာနက္ကမတာ_မင်းနှင့်တူသော အသွားရှိခြင်း။
(၁ဝ) သီဟ သမာနက္ကမတာ_ခြင်္သေ့မင်းနှင့်တူသော အသွား ရှိခြင်း။
(၁၁) ဟံသ သမာနက္ကမတာ_ဟင်္သာမင်းနှင့်တူသော အသွားရှိ ခြင်း။
(၁၂) ဥသဘ သမာနက္ကမတာ_နွားမင်း ဥသဘနှင့်တူသော အသွားရှိခြင်း။
(၁၃) ဒက္ခိဏဝဓ ဂတိကာ_လက်ယာရစ်လည်သော အသွားရှိခြင်း။
(၁၄) သမန္တတော စာရုဇဏ္ဏုမဏ္ဍလတာ_ထက်ဝန်းကျင် တင့်တယ်သော ပုဆစ်ဒူးဝန်းရှိခြင်း။
(၁၅) ပရိပုဏ္ဏ ပုရိသ ဗျဉ္ဇနတာ_ပြည့်စုံသော ယောကျာ်းမြတ်၏ အင်္ဂါဇာတ်ရှိခြင်း။
(၁၆) အစ္ဆိဒ္ဒ နာဘိတာ_အရေးအကြောင်း မပေါက်ပြတ်သော ချက်ရှိခြင်း။
(၁၇) ဂမ္ဘီရ နာဘိတာ_တွင်းနက်သော ချက်ရှိခြင်း။
(၁၈) ဒက္ခိဏာဝဓ နာဘိတာ_အရေးအကြောင်း လက်ယာရစ် လည်သော ချက်ရှိခြင်း။
(၁၉) ဒွိရာဇကရ သဒိသ ဦရုဘုဇတာ_ပိုးနသန်ခွေနှင့်တူသော ပေါင်နှစ်ဖက် ထက်ဝယ်ဖွဲ့ခွေခြင်း။
(၂ဝ) သုဝိဘတ္တ ဂတ္တတာ_ကောင်းစွာ ဝေဖန်အပ်သော ကိုယ်ရှိခြင်း။
(၂၁) အနုပုဗ္ဗ ဂတ္တတာ_အစဉ်အတိုင်းတက်သော ကိုယ်ရှိခြင်း။
(၂၂) မဋ္ဌဂတ္တတာ_ပြေပြစ်သော ကိုယ်ရှိခြင်း။
(၂၃) အနူနာနုဏ္ဏတ သမ ဂတ္တတာ_မရှိုက် မဖြိုးညီညွတ်သော ကိုယ်ရှိခြင်း။
(၂၄) အလီန ဂတ္တတာ_မတွန့်မလိပ်သော ကိုယ်ရှိခြင်း။
(၂၅) တိလကာဒိ ဝိရဟိတ ဂတ္တတာ_မှဲ့မည်းစသည်မှကင်းသော ကိုယ်ရှိခြင်း။
(၂၆) အနုပုဗ္ဗ ရုစိရ ဂတ္တတာ_အစဉ်အတိုင်း ပြိုးပြိုးပြက်သော ကိုယ်ရှိခြင်း။
(၂၇) သုဝိသုဒ္ဒ ဂတ္တာ_အထူးသဖြင့် စင်ကြယ်သော ကိုယ်ရှိခြင်း။
(၂၈) ကောဋိသဟဿ ဟတ္ထိဗလ ဓာရဏတာ_ကုဋေတစ်ထောင်သော ကာဠာဝကဆင်မျိုး၏အားကို ဆောင်နိုင်သော အားရှိခြင်း။
(၂၉) သုဝဏ္ဏ တင်္ဂု နာသတာ_ရွှေချွန်းကဲ့သို့ မြင့်ချွန်းသော နှာခေါင်းရှိခြင်း။
(၃ဝ) ရတ္တဒွိဇ မုခတာ_နီမြန်းသော နှုတ်ခမ်းရှိခြင်း။
(၃၁) သုဒ္ဓ ဒန္တတာ_စင်ကြယ်သော သွားရှိခြင်း။
(၃၂) သိနိဒ္ဒ ဒန္တတာ_ပြေပြစ်သော သွားရှိခြင်း။
(၃၃) ဝိသုဒ္ဓိန္ဒြိယတာ_အထူးသဖြင့် စင်ကြယ်သော စက္ခု စသော ဣန္ဒြေရှိခြင်း။
(၃၄) ဝဓဒါဌတာ_လုံးသော စွယ်တော် ရှိခြင်း။
(၃၅) ဝဓောဋ္ဌတာ_လုံးသော နှုတ်ခမ်းရှိခြင်း။
(၃၆) အာယတ ဝဒနိတာ_ကျယ်ပြန့်သော နှုတ်ခမ်းရှိခြင်း။
(၃၇) ဂမ္ဘီရ ပါဏိ လေခတာ_နက်သော ထင်ရှားသော လက် ကြားအရေးရှိခြင်း။
(၃၈) အာယတ လေခတာ_ရှည်သော လက်ကြားအရေးရှိ ခြင်း။
(၃၉) ဥဇုက လေခတာ_ဖြောင့်သော လက်ကြားအရေးရှိခြင်း။
(၄ဝ) သုရုစိ သဏ္ဌာနလေခတာ_ချင်သဏ္ဌာန်လက်ကြား အရေးရှိခြင်း။

No comments