New Artical

အပြင်မှာတကယ်ရှိတဲ့ ငရဲတံခါးဝ (သို့) ငရဲပြည် ဝင်ပေါက်လား


အပြင်မှာတကယ်ရှိတဲ့ ငရဲတံခါးဝ (သို့) ငရဲပြည် ဝင်ပေါက်လားအပြင်မှာတကယ်ရှိတဲ့ ငရဲတံခါးဝDarvaza Gas Craterလို့ခေါ်တဲ့ အဆိုပါတွင်းကြီးဟာ ကမ္ဘာ့အံဖွယ်နေရာတွေထဲကတစ်ခုဖြစ်ပြီး ဆယ်စုနှစ်လေးခုကြာ တည်ရှိနေခဲ့တာဖြစ်ပါတယ်။Turkmenistan, Derweze မှာရှိတဲ့ အဆိုပါတွင်းဟာ ပုံမှာပြထားတဲ့အတိုင်း နေ့ရောညပါ ဆက်တိုက်လောင်ကျွမ်းနေတာဖြစ်ပြီး နှစ်ပေါင်း ၄၅နှစ်ကြာရှိပြီဖြစ်ပါတယ်။ 

https://darktourists.com/wp-content/uploads/2019/10/Turkmenistan_Darvaza-Gas-Crater.jpg

၁၉၇၁ခုနှစ်ကနေစပြီး လောင်ကျွမ်းနေတဲ့အဆိုပါတွင်းကြီးကို ကမ္ဘာပေါ်မှ ငရဲသို့သွားရာဝင်ပေါက်ဆိုပြီး အားလုံးကခေါ်ကြပါတယ်။၁၉၇၁ခုနှစ်မှာ ဆိုဗီယက်အင်ဂျင်နီယာတွေဟာ အဆိုပါနေရာကို ရေနံတူးဖို့အတွက်ရောက်ရှိလာပါတယ်။ ရေနံထွက်နိုင်တယ်လို့ အကောင်းဆုံးလို့ထင်ရတဲ့နေရာကို စပြီးတူးတဲ့အခါမှာတော့ မြေကြီးဟာ ကျွံဝင်ပြီး ၂၂၆ပေကျယ်ပြီး ၉၆ပေနက်တဲ့ တွင်းကြီးတစ်ခုဖြစ်ပေါ်လာပါတော့တယ်။

 

အဆိုပါတွင်းကနေ အန္တရာယ်များပြီး အလွယ်တကူလောင်ကျွမ်းနိုင်တဲ့ သဘာဝဓာတ်ငွေ့ဖြစ်တဲ့ မီသိန်းဓာတ်ငွေ့တွေထွက်လာကာ တွင်းကြီးထဲမှာ စတင်လောင်ကျွမ်းပါတော့တယ်။ အင်ဂျင်နီယာတွေဟာ အဆိုပါတွင်းကို နှစ်ပတ်အကြာလောက်မှာ မီးငြိမ်းသွားမယ်လို့ ခန့်မှန်းထားပေမယ့် နှစ်ပေါင်းလေးဆယ်ကျော်လောင်ကျွမ်းနေခဲ့ပြီး ယခုချိန်ထိ မငြိမ်းသေးဘူးလို့ဆိုပါတယ်။

Credit

No comments