New Artical

စစ်မှန်တဲ့တန်ဖိုးဆိုတာ

 

စစ်မှန်တဲ့တန်ဖိုးဆိုတာ


🌐 လောကကြီးမှာ…
ကိုယ့်အပေါ်မကောင်းပြောနေလည်း
ကိုယ်ကပြန်မပြောမိပါစေနဲ့။

🌐 ကိုယ့်အပေါ်
မဆီမဆိုင် မုန်းနေလည်း
ကိုယ်ကပြန်မမုန်းမိပါစေနဲ့။

🌐 ကိုယ့်အပေါ်
အမြင်စောင်းပြီးတစ်မျိုးမြင်နေလည်း
ကိုယ်ကအမြင်မစောင်းတစ်မျိုး
မထင်မိပါစေနဲ့။

🌐 ကိုယ့်အပေါ်
တကယ်မချစ်တဲ့သူနဲ့တွေ့ခဲ့ရင်လည်း
ကိုယ်က သူ့အပေါ်မေတ္တာ
မပျက်မိပါစေနဲ့။

🌐 သူက ဘာပေးပေး
ကိုယ့်ဆီက သူ့ကို မေတ္တာပဲပြန်ပေး
လိုက်ပါ။

🌐 မေတ္တာဆိုတာ ဝဋ်ကြွေးတွေကို
ဆပ်ဖို့အတွက်
အကောင်းဆုံး
ပေးဆပ်ခြင်းပဲ ဖြစ်ပါတယ်။

🌐 ဒီဘဝမှာ…
အမုန်းတွေရှိရင်လည်း ကျေပါစေ။

🌐 အငြိုးတွေရှိရင်လည်း ကျေပါစေ။

🌐 ဒီဘဝမှာ အကြွေးဆပ်ဖို့
အကြောင်းပါလာရင်
ဒီဘဝမှာပဲ အကျေဆပ်ခဲ့လိုက်ပါ။

🌐 နောက်ဘဝတွေ အထိယူမသွားပါနဲ့။

�မိတ်ဆွေ "သိထားရမည့်အရာက---

💠 ကိုယ့်မှာ အားနည်းချက်ရှိရင် ...
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။

💠ကိုယ့်မှာခံနိုင်ရည် မရှိရင် ...
သူတစ်ပါး နစ်နာစရာစကားကို
ဆင်ခြင်ပြောဆိုတတ်ရမယ်။

💠ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်...
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်။

💠ကိုယ့်မှာ အရှက်ရှိရင်...
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။

💠ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်...
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။

💠ကိုယ့်မှာ အပြစ်နဲ့မကင်းရင် ...
သူတစ်ပါးအမှားကို လက်ညှိုး
မထိုးမိအောင် နေတတ်ရမယ်။

💠ကိုယ့်မှာဝေဒနာရှိရင် ...
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။

💠ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင် ...
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်။

💠ကိုယ့်မှာ အမာရွတ်ရှိရင်...
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်...

🍒ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ကိုယ်ချင်းစာတတ်ပါစေ. . .

No comments