New Artical

အိပ်ရေးဝအောင် အိပ်ခြင်း

 အိပ်ရေးဝအောင် အိပ်ခြင်း



လန်းဆန်းကြည်လင်ရွှင်ပျစွာ အလုပ်လုပ်လိုလျှင် အိပ်ရေးဝအောင် အိပ်သင့်သည်။ လူ၏ကိုယ်ခန္ဓာ စက်ယန္တာရားကြီးကို အလုပ်ပြီးသည့်အခါ ရပ်နားအိပ်စက်ခွင့် ပေးရလေသည်။ ရပ်နားခွင့် ကောင်းစွာမရှိခဲ့လျှင် ချွတ်ယွင်း ချက်များ ရှိလာကာ လူ၏ကျန်းမာရေးကို ထိခိုက်စေသည်။ အရွယ်ရောက်ပြီးသောလူတိုင်း တစ်နေ့လျှင် ၈ နာရီခန့် အိပ်စက်သင့်၍ ကလေးသူငယ်နှင့် လူအိုများမှာ အချိန်ပိုမို၍ အိပ်စက်သင့်ပေသည်။ အိပ်စက်မည့်ဆဲဆဲတွင် စိတ်ပူပန်စရာ အကြောင်းကိစ္စဟူသမျှကို ဖျောက်ဖျက်ပစ်လိုက်၍ အိပ်ရာဝင် သင့်လေသည်။ အိပ်ရေးဝလျှင် ဦးနှောက်ရှင်း၍ ဉာဏ်ပွင့်လင်း ကာ ကြံတိုင်းအောင်တတ်ပေသည်။ နေ့လယ်နေ့ခင်းဖက်များ၌ တစ်ရေးမျှ အိပ်စက်ခွင့်ရနိုင်လျှင် ကောင်းသည်။ အိပ်စက်ခွင့် မရလျှင် ၁၅ မိနစ်ခန့် ပက်လက်လှန်ကာ တစ်ကိုယ်လုံးရှိ ကြွက်သားတို့ကို လျော့ပြီး ငြိမ်သက်စွာ မျက်စိမှိတ်နေပါလေ။ ထိုကဲ့သို့ ခေတ္တမျှ အနားယူလိုက်ရခြင်းသည် မည်မျှလောက် လူကို အားအင်ပြည့်တင်း ဖျတ် လတ်သွက်လက်လာစေသည်ကို လက်တွေ့ စမ်းသပ်ကြည့်က ကောင်းစွာသိနိုင်ပေသည်။


ကိုးကား - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

ကိုဖြိုး (ဧရာမြေ)

No comments