New Artical

ကံ ကံ၏အကျိုး

 ကံ ကံ၏အကျိုး




ပြုလုပ်ကျင့်ကြံ အားထုတ်ထားသော ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ(The theory of karma is the theory of cause and effect, of action and reaction; it is a natural law, which has nothing to do with the idea of justice or reward and punishment.") တွေကို ဆိုလိုခြင်းဖြစ်သည်။ ကုသိုလ်ကံကြောင့် ကောင်းရာ သုဂတိ ရောက်မည်။ အကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘဝရောက်မည်။ မည်သည့်ဘဝသို့ ရောက်စေကာမူ သေရ ဦးမည်ဖြစ်သောကြောင့် ကုသိုလ်ကံ ၊ အကုသိုလ်ကံ တို့မှာလည်း တဖန်သေမည့်ဘဝကိုရအောင် ပြုလုပ်ရာ ရောက်နေသော သတ်တတ်သော ၊ သေစေတတ်သော မာရ်ပင် ဖြစ်သည်။


သင်္ခါရ တရားကို (၃) မျိုး ခွဲနိုင်သည်။


(၁) ပုညာဘိ သင်္ခါရ = မဟာကုသိုလ် ၊ ရူပကုသိုလ် စေတနာစု ၊ လူ့ဘုံ ၊ နတ်ဘုံ ၊ ရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။ (၂) အပုညာဘိ သင်္ခါရ = အကုသိုလ်စိတ် (၁၂)ခု နှင့်ယှဉ်သော စေတနာစု ၊ အပါယ် (၄)ဘုံ အတွက် ပြုပြင်သော သင်္ခါရ။ (၃) အာနဉ္ဇာဘိ သင်္ခါရ = အရူပ ကုသိုလ် (၄)ခု နှင့် ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။ ကုသိုလ်ကံ ၊ အကုသိုလ်ကံ ဆိုသည်မှာ လူသား (ဝါ) သတ္တဝါ၏ ကာယ၊ ဝါစာ၊ ဉာဏ လုပ်အားတို့ပင်ဖြစ်ပေသည်။ အဘိဓမ္မာ သဘောအရဆိုပါကလည်း ကံသည်စေတနာ ပဲဖြစ်သည်။


ပဋ္ဌာန်းမှာ ကမ္မပစ္စယော တိ - ကုသလာ ၊ကုသလံ - ကုသိုလ်အကုသိုလ်ဖြစ်သော ၊ ကမ္မံ - ကံသည် ၊ဝိပါကာနံ - အကျိုးဖြစ်ကုန်သော ၊ ခန္ဓာစ - နာမ်ခန္ဓာ တို.အား၎င်း ၊ ကဋတ္ထာစ ရူပါနံ - ကမ္မဇ ရုပ်တို.အား၎င်း ၊ ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ ။ …..


စေတနာ - စေတနာသည် ၊ သမ္ပယုတ္တကာနံ - ယှဉ်ဖက်ဖြစ်ကုန်သော ၊ ဓမ္မာနံစ - တရားတို.အား၎င်း ၊ တံသမုဋ္ဌာနာနံ - ထိုစေတနာကြောင့်ဖြစ်ကုန်သော ရူပါနံစ - စိတ္တဇရုပ်တို့အား၎င်း ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ …ဟုဆိုသည်။


ထို့ကြောင့် ကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာဖြစ်ကာ၊ မကောင်းခြင်းကိုပြုသောကြောင့် မကောင်းတာဖြစ်တတ်သကဲ့သို့ ၊ ကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာမဖြစ် ၊ မကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာဖြစ် တတ်သည့် ဖြစ်စဉ်များလည်းရှိပေသည်။


ကံ- ကံ၏အကျိုး

ပါဠိဘာသာ ကမ္မမှ လာသည်။ ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း ကံ၊ အမှုကိစ္စကိုဆိုလိုသည်။ မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် ကံအဓိပ္ပာယ်ကို လွဲမှားစွာ ကောက်ယူနားလည်ကြသည်လည်း ရှိသည်။ ကံ ကိုအင်္ဂလိပ်စကားလုံး Action ဟု အနက်ပေးလျှင် ပိုရှင်းလင်း နားလည်နိုင်ပါသည်။ ကံ၏အကျိုး ကိုRe-action ဟု အနက်ပေးလျှင် ပိုရှင်းလင်း နားလည်နိုင်ပါသည်။


ထို ကံ (Action) သည် -


၁။ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကုသိုလ်ကံ(Good action) နှင့်


၂။ အကျိုးစီးပွားကို ဖြစ်စေသော အကုသိုလ်ကံ(Bad action) ဟူ၍ နှစ်မျိုးရှိသည်။


ထိုအကုသိုလ်ကံ၊ ကုသိုလ်ကံသည်လည်း -


၁။ ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊


၂။ နှုတ်ဖြင့် ပြောဆိုမှု ဝစီကံ၊


၃။ စိတ်ဖြင့် ကြံစည်မှု မနောကံ ဟူ၍ သုံးမျိုးရှိသည်။ ကံ ကံ၏အကျိုး ဖြစ်၏ ။ 


အောက်ပါ ကံ (Karma) (သို့မဟုတ်) Kamma( ၄ ) ချက် ပေါ်မူတည်ပါသည်။


ကံ ၊ ကံ ၏အကျိုး action and re-action (or) law of cause and effect ဖြစ်ထွန်းမှု ကို အတိုချုပ်ရရင်-


၁- ချက်ချင်းလက်ငင်း အကျိုး ပေးသော ( ဒိဋ္ဌဓမ္မ ဝေဒနိယ ကံ ) ၂- နောင်ဘဝမှ အကျိုး ပေးသော ( ဥပ ပဇ္ဇဝေဒနိယ ကံ ) ၃- ချက်ချင်းလက်ငင်း ယခုဘဝရော ၊ နောင်ဘဝမှာပါ အကျိုးမ ပေးသေးဘဲ ၊ တတိယ ဘဝမှသည် ကံပိုင်ရှင် ထိုလူသား နိဗ္ဗာန် မရသေးမီ ကြားကာလ တချိန်ချိန် တွင် အကျိုး ပေးမည်။ ( အပရာပရိယ ဝေဒနိယ ကံ ) ၄- ချက်ချင်းလက်ငင်း လည်း အကျိုးပေးခွင့် မရ ဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံ တခုခုရဲ့ ဖျက်ဆီးခြင်း ခံလိုက်ရသော ( အဟောသိကံ ) …တို့ဖြစ်သည်။


အဘိဓမ္မာနည်းအရ ဝီထိ တစ်ခုတွင် ပါဝင်သောဇော (၇) ကြိမ် အနက် ပထမဇောစိတ်ဖြင့် ယှဉ်သော စေတနာကံ သည် ဒိဋ္ဌဓမ္မအကျိုး ပေးမည်။ သတ္တမ (၇) ဇောစိတ်နဲ့ ယှဉ်သော စေတနာကံ သည် ဥပ ပဇ္ဇ ဝေဒနိယ (ဒုတိယဘဝ) အကျိုး ပေးမည်။ အလယ်ဇော (၅) ခုသည် အပရာပရိယ ဝေဒနိယအကျိုး ပေးမည် ။ ထိုကံတို့ မရင့်ကျက်နိုင်လျှင် အဟောသိကံ ဖြစ်သွားမည်။


(က) မကောင်းသောကံများ ရှိသော်လည်း ကောင်းသောကံ အားကြီးစေရန် ကိုယ်တိုင် ပြန်လည်စီရင်နိုင်သည်။( ဥပမာ-အရှင် အင်္ဂုလိမာလ …. လူသတ်မှု အကုသိုလ်ကံများမှာ ရဟန္တာဘဝကို အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားသည်။ )


(ခ) ကောင်းသောကံများရှိ သော်လည်း မကောင်းသောကံ အားကြီးလွန်းသောအခါ အကျိုးပေးခွင့်မရ နိုင်ရန် တားဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ ( ဥပမာ - ပထမသံဃာယနာ ၏ ဒါယိကာ ဘုရင် အဇာတသတ်….. အဖကို သတ်သည့် အကုသိုလ်ကြောင့် ဘုရားအား ကြည်ညိုသည့် ပုထုဇဉ်တွေထဲတွင် အသာဆုံးဖြစ်သော်လည်း လောကကုမ္ဘီ ငရဲတွင် လူနှစ် ( ၆၀၀၀၀ ) ခံရရှာဦးမည် ။သို့သော် ငရဲကလွတ်သောအခါ ဝိစိတာဝီ မည်သော ပစ္စေကဗုဒ္ဓ ဖြစ်မည်။)


အရေးကြီးသည်မှာ အကုသိုလ် လုပ်မိလျှင် မတိုးပွားအောင် တိုတိုဖြတ် ၊ သို့မှသာ အကျိုးပေးခွင့်မရ ဘဲ အဟောသိကံ ဖြစ်သွားကြမည်။ ကုသိုလ် လုပ်လျှင် တိုးပွားအောင် အားဆင့်ပေး ၊ သို့မှသာ ကောင်းကျိုးပေးခွင့်ရမည်။ ဒါပေမယ့် ပြုလုပ်တဲ့ ဒါန ၊သီလ ၊ ကံတွေ အပေါ်မှာ လိုချင်တပ်မက်သည့် တဏှာ မကပ်ငြိရပါ။ (မိုးကုတ်ဆရာတော် ဘုရားကြီး အကြိမ်ကြိမ်ဟောလေ့ရှိပါသည်။။ နတ်သမီး ၅၀၀ နှင့် သုဗြဟမ နတ်သားဇာတ်၊မည်သည့် ဘဝရောက်ရောက် သေရဦးမည် ဆိုသည်ကို ထင်ရှားသော ဇာတ်တော်များကို နာယူကြည့်ခြင်းဖြင့် သိနိုင်ပါသည်။)နောက် ဒါန ၊သီလ ၊ဘာဝနာ ပြုနေချိန်မှာ ဘယ်လို စိတ်ထားရမယ်ဆိုတာ ဓမ္မစေတီ ဦးကောသလ၏ ဒသနသမ္ဗဒါ နည်းဖြင့် ရှင်းလင်းပြသသည့် ဒါန ၊ အမြတ်ဆုံးဒါန ၊ သဒ္ဒါမှသည် နိဗ္ဗာန်ဆီသို့ စသောတရားများကို မှတ်သားကြပါ ။ သို့မှာသာ အဘိသင်္ခါရ မာရ်အား အသိဖြင့် တားနိုင်မည်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အဘိသင်္ခါရ မာရ် ကို အမြစ်ပျက် အောင်နိုင်မည်။ 


Source: wikipedia

ကိုဖြိုး (ဧရာမြေ)

No comments