New Artical

လေးဘက်နာရောဂါအကြောင်းသိကောင်းစရာ

 လေးဘက်နာရောဂါအကြောင်းသိကောင်းစရာ




လေးဘက်နာရောဂါသည်

ခန္ဓာကိုယ်ခုခံအားစနစ်မှားယွင်း

တိုက်ခိုက်တဲ့ရောဂါ

(Autoimmune ) အမျိုးအစားဖြစ်ပြီး

မနက်အိပ်ယာထခါစ ( သို့မဟုတ် )

ထိုင်ရာမှထခါစတွင် အဆစ်များတောင့်

တင်းနာကျင်ပြီး လုပ်ရှားရခက်သော

ရောဂါဖြစ်သည်။ လေးဘက်နာရောဂါကို

သေချာစွာမကုသပါက အဆစ်များတွင်

သာမက အခြားခန္ဓာကိုယ်အစိတ်အပိုင်း

များတွင်ပါ ဆိုးကျိုးများ တခုမဟုတ်တခု

ဖြစ်နိုင်ပါသည်။


မှတ်ဥာဏ် နည်းသွားနိုင်ခြင်း……

လေးဘက်နာရောဂါရှိသူများသည်

စိတ်ဖိစီးမှု စိတ်အားငယ်မှုတို့ကို

ခံစားရရုံသာမက မှတ်ဥာဏ်နည်းသွား

ခြင်း  အာရုံစူးစိုက်ရန်ခက်ခြင်း

အစရှိသည်တို့ပါ ဖြစ်ပေါ်တတ်သည်။


သွေးကြောနံရံထူခြင်း  ……

လေးဘက်နာရောဂါရှိသူများသည်

နာတာရှည်ရောင်ယမ်းမှု ဖြစ်သော

ကြောင့်  ရိုးတွင်းခြင်ဆီမှ သွေးနီဥ

ထုတ်လုပ်ခြင်းကို လျော့နည်းစေသော

ကြောင့် သွေးအားနည်းခြင်းဖြစ်စေ

သည်။  လေးဘက်နာရောဂါ မကုဘဲထား

ပါက  သွေးကြောများကို ထူလာစေပြီး

သွေးကြောကျဉ်းလာကာ

နှလုံးတိုက်ခိုက်ခံခြင်း  လေဖြတ်ခြင်း

အထိပါဖြစ်တတ်သည် ။


ဝမ်းချုပ်တတ်ခြင်း  ……

လေးဘက်နာရောဂါရှိသူများသည်

ဝမ်းဗိုက်ပြဿနာအနေဖြင့်  ဝမ်းချုပ်ခြင်း

ဖြစ်ပေါ်တတ်သည် ။ အဆစ်ကိုက်ခဲ

သောကြောင့် သက်သာစေရန်

သောက်သုံးသော အကိုက်အခဲပျောက်

ဆေး  ဆိုးကျိုးများအနေဖြင့် အစာအိမ်

အူအနာနှင့်  အစာလမ်းကြောင်း

သွေးယိုစီးခြင်းကိုပါ ဖြစ်ပေါ်စေနိုင်သည်

အရိုးအဆစ် နာကျင်ခြင်း  ……

လေးဘက်နာ၏ ကနဦးလက္ခဏာအဖြစ်

လက်ဆစ်များ နာကျင်တောင့်တင်းခြင်းကို  ခံစားရရုံသာမက သေချာစွာ

မကုသဘဲထားပါက အရိုးများပျက်စီး

လာပြီး  အရိုးသန်မာမှု အားနည်းခြင်း

အရိုးပွခြင်း အရိုးကျိုးလွယ်ခြင်းကိုပါ

ဖြစ်ပေါ်စေနိုင်သည် ။


မျက်စိရောဂါများ  ………

လေးဘက်နာရှိသူများသည် မျက်စိနီခြင်း

နာခြင်း မျက်လုံးခြောက်ခြင်း

အမြင်ဝေဝါးခြင်း အစရှိသည့်အမြင်ဆိုင်

ရာ  ပြဿနာများကြုံတွေ့ရရုံသာမက

မျက်စိတိမ် ရေတိမ်များလည်း

ဖြစ်နိုင်သည်။


ခံတွင်းဆိုင်ရာ  ပြဿနာများ  ………

တချို့ သော လေးဘက်နာရောဂါရှိသူများ

သည်  တံတွေးထုတ်လုပ်မှုကျဆင်းသော

ကြောင့်  အာခေါင်ခြောက်ခြင်းနှင့် 

ခံတွင်းသို့ရောဂါပိုးဝင်လွယ်ခြင်းများ

ဖြစ်စေနိုင်သည် ။


အဆုတ်တွင် ဖြစ်ပေါ်သော ရောဂါများ 

လေးဘက်နာရောဂါရှိသူများတွင်

အသက်ရှုလျှင်မောခြင်း နာတာရှည်

ချောင်းခြောက်ဆိုးခြင်း မောပန်းလွယ်ခြင်း  အစားအသောက်ပျက်ခြင်း

အစရှိသော လက္ခဏာများသာမက

အဆုတ်တွင်အလုံးများပါ

ဖြစ်ပေါ်နေတတ်သည် ။


အရေပြားဆိုင်ရာ  ပြဿနာများ  ……

လေးဘက်နာရောဂါရှင်များသည်

အရေပြားတွင် အကွက်နှင့် အလုံးများ

ဖြစ်နေတတ်ပြီး  အနာဖြစ်ပေါ်ပါက

အနာကျက်နှုန်းနှေးပြီး ရောဂါပိုး

ဝင်လွယ်တတ်သည် ။


လက်ချောင်း ခြေချောင်း ပြဿနာများ …

လေးဘက်နာ  မကုသဘဲထားပါက

ကြာလာသောအခါ လက်ဆစ်များ

ပုံမှန်မဟုတ်ရုံသာမက လက်နှင့် ခြေထောက်တွင်  ထုံခြင်း  ပူခြင်း  နာကျင်ခြင်း

အစရှိသည်တို့ကိုပါ ခံစားရနိုင်သည် ။


အချုပ်ဆ်ိုရလျှင်  ……

လေးဘက်နာရောဂါသည် ခန္ဓာကိုယ်

တခုလုံးကို  ဆိုးကျိုးဖြစ်စေနိုင်သော

ရောဂါဖြစ်သောကြောင့် ရောဂါလက္ခဏာ

စတင်ခံစားရပါက  သက်ဆိုင်ရာဆရာဝန်

၏  ကုသမှုကို  ခံယူရုံသာမက

လေ့ကျင့်ခန်းများလုပ်ခြင်း

တရားထိုင်ခြင်း မိသားစုဝင်နှင့်

မိတ်ဆွေများ၏  ဖေးမကူညီမှုကိုပါ

ရယူခြင်းတို့အပြင်  အာဟာရဓါတ်များ  

ပြည့်ဝအောင်  စားပေးရန်နှင့်

စိတ်ဓါတ်ကြံ့ခိုင်ဖို့ အရေးကြီးကြောင်း

အကြံပြုပါရစေ....

#Crd photo

#Crd #ဒေါက်တာဟေမာမွှေး

ကိုဖြိုး(ဧရာမြေ)

No comments