New Artical

သမိုင်းကြောင်းနက်နဲခဲ့တဲ့ လက်ထပ်လက်စွပ်များ

 

ဟိုတုနိးက လက်စွပ်လေးတွေကို ဘယ်လို စိတ်ကူးလေးတွေနဲ့ပြုလုပ်ထားကြတယ်ဆိုတာ ပြောပြပေးမယ်နော်။

ပျိုမေတို့ရေ လက်ထပ် လက်စွပ်လေးတွေကို ဘယ်လို ရွေးချယ်ကြပါသလဲ ။ ဒီဇိုင်းဆန်းဆန်းလေးတွေ ကို ရွေးချယ်ထားတာလား ၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ပြောပြီး လုပ်ခိုင်းကြတာလား။ ဟိုတုနိးက လက်စွပ်လေးတွေကို ဘယ်လို စိတ်ကူးလေးတွေနဲ့ ပြုလုပ်ထားကြတယ်ဆိုတာ ပြောပြပေးမယ်နော်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ လောက်က အီဂျစ်နိုင်ငံမှာ လက်ထပ်လက်စွပ်တွေကို ကျူပင်တွေ သားရေတွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ ရှေးအီဂျစ်တွေက လက်စွပ်ကို စက်ဝိုင်းပုံ ပြုလုပ်ခဲ့ကြပါတယ်။ စက်ဝိုင်းပုံဆိုတာ စွမ်းအားပြည့်တယ်ဆိုတဲ့ သင်္ကေတပါဘဲနော်။ အဆုံးအစ မရှိတဲ့ လက်စွပ်ဝိုင်းဝိုင်းလေးက ဘဝရဲ့ ရှင်သန်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းပါတယ်။ လက်စွပ်တွေကို မိမိစိတ်ကြိုက် ဒီဇိုင်းထွင်ပြီး ကိုယ်ပိုင်အမှတ်အသားလေးတွေ အဖြစ်ဝတ်ဆင်ကြပါတယ်။ ချစ်သူကိုတော့ မိမိနဲ့ဆင်တူ လက်စွပ်လေးတွေကို ဖန်တီးပေးကြပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးတွေရဲ့ လက်စွပ်တွေကတော့ ရွှေ ၊ စက်ဝိုင်းပုံစံရှိတဲ့ ကျောက်များ ၊ မဟူရာ အနီ အစိမ်း အပြာ ကျောက်များ၊ ဂေါ်မုတ်တွေနဲ့ ရောင်စုံကျောက်တွေကို သုံးပြီး ပြုလုပ်ထားကြပါတယ်။ ရှေးခေတ် ရောမလူမျိုးတွေကတော့ လက်ထပ်လက်စွပ်တွေကို ပန်းပုဆရာဆီ အပ်ပြီး စုံတွဲပုံစံထုပြီး ဆင်မြန်းကြပါတယ်။

လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်ကမှ ဒီဇိုင်းအမျိုးမျိုးနဲ့ လက်စွပ်တွေ ခေတ်စားစ ပြုလာပါတယ်၊၊ ဒီဇိုင်းအမျိုးမျိုးထဲကမှ သရဖူဆောင်းထားတဲ့ အသားပုံကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားတဲ့ ဒီဇိုင်းက ဒီနေ့အထိ ကျန်ရှိနေပါသေးတယ်။ ဒီဒီဇိုင်းကို ယူပြီး နောက်ထပ်ဒီဇိုင်းတွေ ဖန်တီးခဲ့ကြပါတယ်။

အတွင်းဖက်မှာ နာမည်ထိုးတဲ့ လက်စွပ်တွေကိုတော့ Pasy ring လို့ ခေါ်ကြပါတယ်။ Pasy ring တွေကိုလည်း ဒီနေ့အထိ လက်ထပ်လက်စွပ် အဖြစ် မြင်တွေ့နိုင်ပါသေးတယ်။ Pasy ဆိုတာ Poem ( ကဗျာ ) ဆိုတဲ့ စကားလုံးကနေ ယူထားတာပါ၊ Pasy ring ကတော့ ကဗျာဆန်တဲ့ လက်စွပ်လေးပေါ့နော်။

Gimmel ring ဆိုတဲ့ လက်စွပ်လေးတွေကိုလည်း လက်ထပ်လက်စွပ်အဖြစ် ယနေ့အထိ အသုံးပြုနေကြပါတယ်။ Gimmel ဆိုတာ လက်တင်ဘာသာ စကားဖြစ်ပြီး အဓိပ္ပါယ်ကတော့ အမွှာကို ဆိုလိုတာပါ။ Gimmel ring တွေကတော့ ၁၅ ရာစုကနေ ၁၇ ရာစုအထိ ရေပန်းစားခဲ့ပါတယ်။

Marry

No comments