New Artical

ဆင်ခြေဖုံး

 

ဆင်ခြေဖုံး


ရှေးခေတ်က ဘုရင်တွေဟာ စစ်တိုက်ထွက်ရင် ဆင်ကိုသုံးတယ် အကယ်၍ အဲဒီဆင်က ခြေထောက်နာသွားပြီဆိုရင် သုံးမရတော့ဘူး။

ဒီတော့ .. ဆင် ရဲ့ခြေကို ကာကွယ်စောင့်ရှောက်ဖို့ စစ်သည်တော်တွေ ထားတယ် ဆင်ခြေဖုံး စစ်သည်တော် လို့ခေါ်ကြတယ်။

သူတို့တွေက  အဲ့ဒီ ဆင်အတွက် တော့ အလွန်အရေးပါတယ် .. နောက်တော့ မြို့တွေ တည်လာတဲ့အခါ မြို့ ရဲ့ ဘေးနားက ဝန်းရံတဲ့ ရပ်ကွက်တွေကို  မြို့ဆင်ခြေဖုံး ရပ်ကွက်တွေလို့ခေါ်တယ် .. လက်လုပ်လက်စား လူတန်းစားတွေ အလုပ်ကြမ်းလုပ်တဲ့ သူတွေ နေကြတာများတယ် သူတို့လည်းသူ့နေရာနဲ့သူ အရေးပါတယ် .။

လောကကြီးမှာ အလုပ်ကြမ်းလုပ်တဲ့သူက မရှိမဖြစ် အရေးကြီးတယ် ..

အဲဒီလို လူတွေ  ဘဝ တွေ ပျက်ပြီး အလုပ် လက်မဲ့ ဖြစ်ကုန်ရင် စာရိတ္တတွေ ပျက်ပြီး ခိုးဆိုးလုယက် ဘဝရောက်သွားရင် မြို့ပူပြီ .. မြို့ပူရင် နိုင်ငံဆူပြီ ...

ဆင်ခြေ မလုံရင် စစ်ရှုံးနိုင် သလို ဆင်ခြေဖုံး ရပ်ကွက်က အခြေခံ လူတန်းစားကို ဂရုမစိုက်မိရင် တိုင်းပြည် အထိနာမယ် ..

တိုင်းပြည်တခု ထူထောင်ဖို့က အခြေခံ လူတန်းစားက အဓိက ကျတယ် .. မယုံမရှိနဲ့ အခုဆို ဆင်ခြေဖုံးတွေကတော့ တော်တော်လေး ပျက်စီးနေပြီ ...

No comments