New Artical

အငယ်ဆုံးလေးတွေဆိုတာ…


အငယ်ဆုံးလေးတွေဆိုတာ…

အငယ်ဆုံးလေးတွေဆိုတာ . . . .အများအမြင်မှာ အလိုလိုက် ခံရတယ်လို့ ထင်တတ် ကြတယ် ။ တကယ်တမ်း ကြတော့ အလိုလိုက် ခံရတာ ထက် အနစ်နာခံ ရတတ်တာ များပါတယ် ။ အငယ်က အငယ်နေရာနေ ဆိုတဲ့ စကားတွေနဲ့ ပြောစရာ စကားတွေကို မြိုသိပ် ပစ်ရ တာလဲ များပါတယ် ။

အစစအရာရာ အရင်ဦးဆုံး ရလိမ့်မယ် လို့ ထင်တတ် ကြတာ ကိုယ်ပူဆာခွင့် မရခဲ့တဲ့ အရာတွေမှ အများကြီးပဲ အရာအားလုံး မဟုတ်ပေမယ့် တော်တော် များများ ပါ ။ ပြီးတော့ . . . မိသားစု အပေါ် ပိုပြီး တွယ်တာ တတ်တဲ့ စိတ်လေး ပါလာ တတ်ကြ တယ် ။

ကိုယ်ဖြစ် ချင်နေတာတွေ ထက် မိသားစု ကို ပိုပြီးငဲ့ ကွက်တတ် ကြ တယ် ။ အငယ်ဆုံး ဆိုတော့ အငယ်ဆုံးတွေရဲ့သဘာဝ အတိုင်း အနည်း အကျဉ်းတော့ဆိုးချင် ကြ တာ ပေါ့ ။ အဲ့တာ မတွယ်တာလို့မဟုတ်ဘူး ဂရုစိုက် မှုလေးတွေ လိုချင်လို့ ရမလာတဲ့ အခါ ဂရုစိုက်လေ မလားလို့တွေးပြီး ဆိုး ကြတာ အိမ်တစ်အိမ်မှာ ရှိလေ့ ရှိတဲ့ စုန်းပြူးလေးတွေ က အငယ်ဆုံးလေးတွေက များတယ် ။ 

ဥပမာ – အစ်ကိုက ဆရာဝန် အမလဲ ဆရာဝန် အငယ်ဆုံးလေး တွေမှ အဝေးသင်တက်နေသ လို မျိုးတွေ တစ်မိပေါက် ထွန်းတာ မျိုးတွေပေါ့ ။ သာမန်အထင်တွေ အမြင်တွေ နဲ့ဆုံးဖြတ်ကြတဲ့ အခါ အငယ်ဆုံးတွေက ပိုပြီးဆိုး တယ်လို့ တွေးတတ်ကြတယ်

နောက်ဆုံး မိသားစု အနားမှာ ကျန်ခဲ့တာ ကလဲ အငယ်ဆုံးလေးတွေ ပါပဲ ကြိုက်သလောက် ဆိုးချင်ဆိုးမယ် အိမ်ကို ဒုက္ခမပေးဘူး အများအားဖြင့်ပေါ့ ။ 

အငယ်ဆုံးလေးတွေ ဖြစ်တိုင်း မိသားစု အပေါ် ကောင်းတယ် ချည်းဆိုလိုတာ မျိုး မဟုတ်ဘူးယျေဘုယအားဖြင့် အငယ်ဆုံးလေးတွေကို ကြည့်တဲ့ အခါ မိသားစု အပေါ် ပိုပြီး တွယ်တာတတ်တာ မျိုးပါ အငယ်ဆုံးဆိုတိုင်း အများထင်သလို ဦးစားပေးခံ အလိုလိုက် ခံရတဲ့ လူတွေချည်းမဟုတ်ပါဘူး ။ 

အမြဲ အနောက်ဆုံးမှာ ကျန်ခဲ့တဲ့လူ ဒါမှမဟုတ် အနစ်နာခံရတဲ့ သူတွေချည်း ဖြစ်နေတတ် ပါတယ်

Credit

No comments