New Artical

သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

 


ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် ဝက်ခြံပေါက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုဆိုပေမယ့်။ ဆယ်ကျော်သက်ကို ကျော်လာပြီး သက်လတ်ပိုင်းကို ရောက်လာတဲ့အခါ ဝက်ခြံတွေက တဖြည်းဖြည်း သက်သာသွားမှာပါ။

ဒါပေမယ့် သက်လတ်ပိုင်းရောက်လာတဲ့အထိ ဝက်ခြံက မသက်သာဘူးဆိုရင်တော့ အသားအရေလေးကို ဝက်ခြံတွေရန်ကနေ ကာကွယ်ဖို့ စားပေးသင့်တာလေးတွေရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

Time to eat fruit

သက်လတ်ပိုင်းမှာဖြစ်တဲ့ ဝက်ခြံတွေသက်သာစေဖို့

ဆယ်ကျော်သက်အရွယ်ကို ကျော်ပြီး သက်လတ်ပိုင်းအထိရှိနေတဲ့ ဝက်ခြံတွေကိုသက်သာစေဖို့ဆိုရင်တော့ ဒါလေးတွေ ပိုစားပေးပါ။

ခရမ်းချဉ်သီး 

အနီရောင် ရဲရဲ ခရမ်းချဉ်သီးလေးမှာ ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် E နဲ့ ဗီတာမင် B3 တို့ပါဝင်နေတာ​ကြောင့် အသားအရေကို ဝက်ခြံကင်းစေပြီး အသားအရေကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

ကန်စွန်းဥ

ချိုစိမ့်စိမ့်နဲ့ စားလိုက်ရင် အရသာရှိတဲ့ ကန်စွန်းဥက အရေပြားကျန်းမာရေးကို အားဖြည့်ပေးနိုင်တဲ့ အာဟာရတွေ များစွာ ပါဝင်နေပါတယ်။ ကန်စွန်းဥမှာ သက်လတ်ပိုင်းမှာ ဖြစ်တတ်တဲ့ ဝက်ခြံတွေကို သက်သာစေမယ့် ဗီတာမင် A၊ ဗီတာမင် B5 နဲ့ ဗီတာမင် C တို့ ပါဝင်နေပါတယ်။

အစေ့အဆန်တွေ

နေကြာစေ့၊ ဖရုံစေ့၊ နှမ်းကြတ်စေ့ နဲ့ ပင်ပွားစေ့တွေမှာ ဗီတာမင် E၊ ဇင့်၊ omega-3 fats တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို ရောင်ရမ်းမှု သက်သာစေနိုင်သလို ဝက်ခြံတွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက သက်လတ်ပိုင်းမှာဖြစ်တတ်တဲ့ ဝက်ခြံတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အစိမ်းရောင်ရင့်ရင့် ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ ကညွတ်၊ ဆလတ်ရွက်စတဲ့ အရွက်တွေက ဝက်ခြံသက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အကြောင်းကတော့ ဒီအစိမ်းရောင် အသီးအရွက်တွေမှာ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E၊ သံဓာတ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပြီး ဝက်ခြံကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

သင်္ဘောသီး

ချိုပြီး အရည်ရွှမ်းတဲ့ သင်္ဘောသီးလေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝသလို ဗီတာမင် C၊ ဗီတာမင် A နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်တာ​ကြောင့် ကိုယ်ခံအားကောင်းစေသလို အရိုးတွေကို သန်မာစေပါတယ်။ ဆံသားကို သန်စွမ်းစေပြီး အသားအရေကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

နာနတ်သီး

နာနတ်သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေသလို မဂ္ဂနိ့လည်း ပါဝင်တာ​ကြောင့် အသားအရေကို ကျန်းမာစေပြီး ဝက်ခြံကင်းလို့ လှပစေမှာပါ။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် A၊ ဗီတာမင် B5၊ ဗီတာမင် C နဲ့ ဗီတာမင် Eတို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေသလို အသားအရေကိုလည်း ကျန်းမာစေမှာပါ။

 hellosayarwon

No comments