New Artical

အိမ်ထောင်ရှင်များOrgasmမရရသည့် အဓိကအကြောင်းအရင်း


လေ့လာမှုတွေအရ အချို့အိမ်ထောင်ရေးတွေမှာ အိမ်ထောင်ရှင်၂ဦးမှာ အမျိုးသမီးတွေက Orgasm တစ်ခါမှာ မရရှိဖူးတာကို တွေ့ရှိခဲ့ပါတယ်။ အချို့အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ ခင်ပွန်းသည်ကျေနပ်စေဖို့ ဟန်ဆောင်ပြီးOrgasm ရချင်ယောင်ဆောင်လေ့ရှိကြောင်းကိုလည်း အံ့သြဖွယ်ရာ တွေ့ရှိခဲ့ပါတယ်။

Mayoဆေးခန်းနဲ့ Indiana ဆေးတက္ကသိုလ်တို့ ပူးပေါင်းပြီးလုပ်ဆေင်ခဲ့တဲ့ သုတေသနမှာတော့ ဒီလိုမျိုးOrgasmမရ ခြင်းက စိတ်ပိုင်းဆိုင်ရာ တစ်ခုထဲကြောင့် မဟုတ်ပါဘူး။ အောက်ပါအချက်(၂)ချက်နဲ့ သက်ဆိုင်နေတယ်လို့ဆိုပါတယ်။

ယောက်ျားလေးတွေ Orgasmမရခြင်းက အာရုံကြောစနစ်ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ သုတေသနပြုလုပ်သူ DR Siegelက “ယောက်ျားလေးတစ်ယောက်ရဲ့ Orgasm ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်နဲ့ သက်ဆိုင်နေတယ်။ အာရုံကြောစနစ်ကလုပ်ဆောင်ချက်တွေမှန်ကန်မှ ကျောရိုးကတစ်ဆင့် လိင်တံဆီသို့ ခံစားမှုဟာ စီးမျောသွားတတ် တာဖြစ်ပါတယ်။”လို့ဆိုပါတယ်။

ယောက်ျားလေးတွေအတွက် Orgasmရဖို့ မခက်တတ်ပေမယ့် အမျိုးသမီးတွေအတွက်တော့ Orgasmရဖို့ခက်ခဲ
လေ့ရှိကြပါတယ်။ အဓိက အမျိုးသမီးတွေ  Orgasmမရခြင်းကတော့ မိမိရဲ့လင်ယောက်ျားနဲ့ ပွင့်လင်းမှုမရှိတာပဲ
ဖြစ်တယ်လို့ဆိုပါတယ်။ မိမိက ဘယ်လိုအနေအထားမျိုးမှာ ပိုပြီးအာရုံကြောတွေကိုထိလဲ၊ ဘယ်လို အနေအထားကို ပိုသဘောကျလဲ စသဖြင့် အိမ်ထောင်ရှင်တွေမှာ ရှိသင့်ပါတယ်။ အမြဲတမ်းဟန်ဆောင်နေခြင်းက သာယာတဲ့အိ်မ ထောင်ရေးကို မဖြစ်ပေါ်စေပဲ။ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကို ဦးတည်စေပါတယ်။

ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ မိမိရဲ့လင်ယောက်ျားနဲ့ ပွင့်လင်းစွာပြောဆို ဆက်ဆံဖို့သိပ္ပံပညာကတော့ အကြံပြုထားပါတယ်။

ShweMom

No comments