New Artical

လေ့ကျင့်ခန်းလုပ်နေတဲ့အချိန် mask တပ်ထားသင့်သလား?

 


လေ့ကျင့်ခန်းလုပ်နေစဉ် mask တပ်ဖို့လိုမလား

ကျွန်တော်တို့တစ်တွေ လေ့ကျင့်ခန်းတွေလုပ်၊ ပြေးကြ တဲ့အခါ mask တပ်ထားရင် အသက်ရှုမဝ ဖြစ်ပြီး အသက်ရှု အဆင်မပြေ ဖြစ်မှာ၊ လေ့ကျင့်ခန်း လုပ်ရင်း ပိုမောလာမှာ၊ လေ့ကျင့်ခန်းရင် စွမ်းဆောင်ရေ ကျမှာကို စိုးရိမ်ကြပါတယ်။ ဖြည်းဖြည်းချင်း အေးအေးဆေးဆေး လုပ်တာက ကိစ္စ မရှိပေမယ့် အရမ်း ပြင်းပြင်းထန်ထန် လုပ်တဲ့ အခါမှာ အသက်ရှုရ ပိုခက်လာမလား စိုးရိမ်ရပါတယ်။

ကျွန်တော်တို့ကတော့ အသက်ရှုရတာ အဆင်ပြေပါ့မလား စိုးရိမ်နေကြပေမယ့် (CDC) အမေရိကန်ကတော့ ကိုဗစ်ရောဂါ ကာကွယ်ဖို့အတွက် face mask ဝတ်ဖို့အကြံပြုပါတယ်။

လေ့လာချက် များအရ အဝတ် mask နဲ့ surgical mask များကတော့ ဝတ်ဆင်လျှင် အထက်ပါ ကိစ္စများ မရှိနိုင်ဟုပြောပါတယ်။ ဒါပေမယ့် အများစုက မဖြစ်နိုင်ပေမယ့် တချို့သူတွေရဲ့ လူတစ်ဦးစီ အတွေ့အကြုံ များအရတော့ ကွာခြားနိုင်ပါတယ်။ ပထမ အစ မှာတော့ mask ဝတ်ပြီး လေ့ကျင့်ခန်း လုပ်ပါက အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စ လုပ်တဲ့ အချိန်မှာ ပြင်းပြင်းထန်ထန် စမလုပ်မိဖို့ လိုပါတယ်။

CDC ကတော့ ဒီ ကိုဗစ်ရောဂါဟာ အဓိက အားဖြင့် အသက်ရှုလမ်းကြောင်း အမှုန်အမွှား များက ကူးစက်တာမို့ mask ဝတ်ပြီး လေ့ကျင့်ခန်း လုပ်ဖို့ အကြံပြုထားပါတယ်။

International Journal of Environmental Research and Public Health အဖွဲ့ရဲ့ လေ့လာ တွေ့ရှိချက်က တော့ mask ဝတ်ပြီး လေ့ကျင်ခန်းလုပ်တာက ထိခိုက်စေသော ဆိုးကျိုးတွေ မရှိဘူးလို့ ဆိုထားပါတယ်။

ဒီလေ့လာချက်မှာတော့ အဝတ် mask နဲ့ surgical mask တို့ ဝတ်ဆင်တဲ့ သူတွေနဲ့ mask မဝတ်တဲ့သူတွေကို စမ်းသပ်ခဲ့တာပါ။ ကျန်းမာသန်စွမ်းတဲ့ သူတွေနဲ့ စမ်းသပ်ခဲ့ကြတာပါ။

စမ်းသပ်တဲ့နေရာမှာ စက်ဘီးစီးလေ့ကျင့်ခန်း နဲ့ မောပန်းသည်အထိ တချို့ကို mask ဝတ်စေ ပြီး တချို့ကို တော့ mask မဝတ်ဘဲ လုပ်ခိုင်း ခဲ့ပါတယ်။

လေ့ကျင့်ခန်း လုပ်နေစဉ် တောက်လျောက် အောက်ဆီဂျင် ကို သွေးထဲ အောက်ဆီဂျင် ကို pulse oximeter ကို အသုံးပြုပြီး တစ်သျုး အောက် ဆီဂျင်ကိုတော့

near-infrared spectroscopy ဆိုတဲ့ စက်တွေနဲ့ တိုင်းကြပါတယ်။ ထို့နောက် လေ့ကျင့်ခန်း စွမ်းဆောင်နိုင်မှု၊ နှလုံးခုန်နှုန်း ၊ သွေးတွင်း အောက်ဆီဂျင် နဲ့ တစ်သျုး အောက်ဆီဂျင် များ တိုင်းတာကြပါတယ် ။

နောက်ဆုံးအဖြေရတော့ mask ဝတ်ထားသူနဲ့ မဝတ်ထားသူတို့ ကြား ထူးထူး ခြားခြား ပြောင်းလဲမှုတွေ မတွေ့ကြရပါဘူး။

ဒါပေမယ့် သူတို့စမ်းသပ်တဲ့ အထဲ မှာတော့ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ ဥပမာ- Asthma ( အက်စမာ )သမားတွေ မပါပါဘူး။ ကျန်းမာသန်စွမ်းတဲ့ သူတွေပဲ ပါပါတယ်။
ဒါကြောင့် ရောဂါအခံ ရှိသူတွေ

ဥပမာ- နှလုံးရောဂါ၊ အဆုတ်ရောဂါ ရှိသူတွေ က တော့ မိမိဘာသာ အိမ်မှာ လမ်းလျောက်တာတို့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတို့ လုပ်ကြဖို့လိုပါတယ် ။ အထက်မှာ ဖော်ပြထားတာတွေက ကျန်းမာသန်စွမ်းတဲ့ သူတွေ အတွက် ဖြစ်ပါတယ်။

ဒီ covid ကာလမှာတော့ ဖြစ်နိုင်ရင် အိမ်ထဲမှာပဲ နေပါ။ အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာတို့ ၊ ပြေးတာတို့ လုပ်ချင်ရင်တော့ အဝတ် mask ပဲ ဖြစ်ဖြစ်၊ surgical mask ပဲ ဖြစ်ဖြစ် ဝတ်ဆင်ဖို့ အကြံပြုပါတယ်။

Credit

No comments