New Artical

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (သို့) မြန်မာနိုင်ငံကလေးများနေ့


“ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ တို့မမေ့”
 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သော (၁၀၆)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အား ဧရာမြေ အင်တာနက်မဂ္ဂဇင်းမှ လှိုက်လှဲစွာဖြင့် ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။

 ယနေ့ဟာဆိုရင် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ရောက်ရှိ လာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်၊အမျိုးသားအာဇာနည်ခေါင်းဆောင်၊တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ စစ်သေနာပတိတစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာသက္ကရာဇ် ၁၂၇၆-ခု၊ တပေါင်းလဆန်း (၁)ရက် (ခရစ်သက္ကရာဇ် ၁၉၁၅-ခု၊ ဖေဖေါ်ဝါရီလ ၁၃ ရက်) စနေနေ့ နံနက်လင်းအားကြီးချိန်တွင် နတ်မောက်မြို့၌ အဖဦးဖာနှင့် ဒေါ်စုတို့မှ ဖွားမြင်သည်။ 

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့သမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ် ကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ ရဲဘော်သုံးကျိတ်ကို ဦးဆောင်ပြီး ဂျပန်နိုင်ငံမှာ စစ်ပညာတွေကို သွားရောက်သင် ယူခဲ့သူ၊ နယ်ချဲ့တွေရဲ့လက်အောက်မှ မြန်မာနိုင်ငံကြီးကို ပြန်လည်ကယ်တင်ပေးခဲ့သူ၊ မြန်မာတို့ရဲ့ ဘယ် တော့မှမမေ့မလျော့ လေးစားချစ်ခင်နေရတဲ့ ခေါင်းဆောင်ကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ 


ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ခုနှစ်၊ဖေဖေါ်ဝါရီ၊၁၃ရက်တွင် မကွေးတိုင်း၊နတ်မောက်မြို့တွင် မွေးဖွားခဲ့ ပြီး မွေးချင်း ၉ဦးအနက် အငယ်ဆုံးသား ဖြစ်ပါတယ်။ ဖခင်အမည်မှာ ဦးဖာဖြစ်ပြီး ရှေ့နေတစ်ဦးဖြစ်ကာ မိခင် ကတော့ ဒေါ်စုဖြစ်ပါတယ်။ ငယ်နာမည်မှာ မောင်ထိန်လင်း ဖြစ်ပြီး မိဘများက အကိုဖြစ်သူ အောင်သန်းနှင့် အ မည်ဆင်တူရန် အောင်ဆန်းဟု ခေါ်ခဲ့ကြခြင်းဖြစ်ပါကြောင်း သိရပါတယ်။ 

ဗိုလ်အောင်ဆန်းဟာ ငယ်စဉ်ထဲက ပညာထူးချွန်ခဲ့ပြီး ထက်မြက်သောကလေးတစ်ဦး ဖြစ်ခဲ့ပါတယ်။ ၁၉၃၂ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာ ဂုဏ်ထူးများဖြင့် အေအဆင့် မှအောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ် ရောက်ချိန်တွင် နယ်ချဲ့ဗြိတိသျှများကို မြန်မာမျိုးချစ်ပုဂ္ဂိုလ်များက ရွံ့ရွံ့ချွံချွံ တွန်းလှန်နေချိန်ဖြစ်ပါတယ်။ စိတ်ဓတ်မာကျော ပြင်းထန်ပြီး အမျိုးချစ်သော ကျောင်းသားမောင်အောင်ဆန်းမှာ လည်းနယ်ချဲ့များကိုတော်လှန်ပုန်ကန်ရာတွင် ရဲရဲတောက် သတ္တိများဖြင့် ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ 


ကျောင်းသားဘဝမှစကာ ကျန်ဘဝတလျှောက်လုံး မြန်မာနိုင်ငံအရေးကို ကိုယ်ရောစိတ်ပါ ထမ်း ဆောင်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့တို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် နှစ် ပေါင်းများ စွာ သူ့ကျွန်ဘဝကျရောက်နေခဲ့သော မြန်မာနိုင်ငံကြီးသည် ၁၉၄၈ခုနှစ်၊ဇန်နဝါရီလ၊၄ရက်တွင် လွတ်လပ်ရေးရရှိ ခဲ့ပါတယ်။ သို့သော် လွတ်လပ်ရေးရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများကတော့ မသမာသူ များရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရရှာပါတယ်။ လုပ်ကြံခံရချိန်မှာ ဗိုလ်ချုပ်ရဲ့အသက်မှာ ၃၃နှစ်သာ ရှိသေးပါ တယ်။ 


ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် ပါလီမန်ခေတ် ၁၉၅၆ခုနှစ်ကပင် စတင် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ လမ်းစဉ်ပါတီခေတ်နှင့် စစ်အစိုးရလက်ထက်တစ်လျှောက်လုံးတွင် ဗိုလ်ချုပ်မွေး နေ့ကို ကလေးများနေ့အဖြစ် အသိအမှတ်ပြုကျင်းပခြင်းမျိုး သိပ်မရှိခဲ့ပါ။ ယခင်က ကမ္ဘာ့ကလေးများကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအသီးသီးတွင် မိမိတို့အစီအစဉ်ဖြင့် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ ၁ရက် ၂လ ၁၉၅၆ခုနှစ် ရက်စွဲပါ ဟံသာဝတီသတင်းစာတွင် ကမ္ဘာ့ကလေးများနေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့သို့ ပြောင်းလဲလိုက် ကြောင်း ပြည်သူလူထုအား အသိပေးကြေညာခဲ့ပါတယ်။ ပထမဆုံး အခမ်းအနားအဖြစ် ၁၉၅၆၊ဖေဖေါ်ဝါရီ၊ ၁၃ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ကျင်းပခဲ့ပါတယ်။ 


ကမ္ဘာ့ကလေးများနေ့ကို စာပေပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အတီးအမှုတ်များဖြင့် စည်းကားသိုက်မြိုက် စွာ ကျင်းပကြတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကလေးများနေ့ဟာ ၁၉၆၂ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် တဖြည်း ဖြည်း မှေးမှိန်လာခဲ့ရပါတယ်။ ယခုအချိန်မှာတော့ ပြည်နယ်နဲ့တိုင်းများမှာ ကမ္ဘာ့ကလေးများနေ့ကို စည်ကားစွာ ပြန်လည် ကျင်းပနေကြပြီ ဖြစ်ပါတယ်။ 


Source : Wikipedia

No comments